top of page
Search

မညီညွတ်ရင် တရုတ်ဖိအားကို တုန့်ပြန်နိုင်မလား?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 4, 2024
  • 1 min read

မြန်မာပြည်မှာသတင်းသမားများ ဝေဖန်သူများက ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လဲ သူမကတိုင်းရင်းသားတွေကို မစည်းရုံးနိုင်ဘူး NUG ဆိုရင်လဲ အားလုံးကိုပါအောင် မစည်းရုံးနိုင်ဘူး ဘာညာဆိုပြီးဝေဖန်ချင်ကြပါတယ်။ အဆိုပါဝေဖန်သူများကိုယ်တိုင်ကလည်း အဖွဲ့တွေထပ်ခါထပ်ခါကွဲကြပါတယ်။ တစ်ယောက်ထဲမိုက်ကိုင်ဝေဖန်နေသူကလွဲလို့ပေါ့။ သူကအဖွဲ့ခွဲစရာမရှိတော့ဘူးလေ။ သူတို့ မထောက်ပြတာက ဘာကြောင့်အဖွဲ့တွေကွဲတဲ့ ယာဉ်ကျေးမှုဖြစ်နေတာလဲ မစည်းလုံးတာက မကောင်းဘူး အစုအဖွဲ့နဲ့ အလုပ်လုပ်ရတယ်ဆိုတော့ ယဉ်ကျေးမှုကို အားမပေးတာတွေ့ရပါတယ်။

ယခုတရုတ်ဖိအားဘယ်လောက်များကြောင်းကို MNDAA ကိစ္စမှာ အားလုံးသိပြီးဖြစ်မှာပါ။ သူ့ကိုအားလုံးပထမဆုံးနားလည်ပေးရပါမယ်။ ဒါပေမယ့်လည်း MNDAA ကအစ စာရေးသူတို့ပြည်သူတွေအားလုံး တရုတ်ဖိအားကို ကြောက်တယ်ဆိုရင် တစ်သက်လုံး ကြောက်သွားရပါမယ်။ ဒါကြောင့်လည်း ဝအဖွဲ့ဟာ မြန်မာနိုင်ငံနယ်နိမိတ်ထဲမှာသာနေတာလို့ စာရေးသူယုံကြည်ခံစားရပါတယ်။ စာရေးသူတို့ဟာ တရုတ်ကိုအလကားနေရင်း ဆန့်ကျင်နေတာမဟုတ်ပေမယ့် တရုတ်ကရန်စလာရင်တော့သေသေချာချာ တုံ့ပြန်ရပါမယ်။

တရုတ်ကိုဘယ်လိုတုံ့ပြန်မလဲ? တစ်ဖွဲ့ချင်းဆီတုန့်ပြန်ခဲ့ရင်တော့ ထင်းအစည်းပြေသလို တရုတ်က ချိုးရိုက်လွယ်ပါတယ်။ တရုတ်က အားအင်မတန်ကောင်းပါတယ်။ ဒါပေမယ့် ထင်းစည်းကဲ့သို့အားလုံးစုပေါင်းပြီး တုံ့ပြန်ခဲ့ရင်တော့ အားကောင်းပေမယ့်လည်းရိုက်ချိုးရခက်မှာပါ။ တရုတ်ကြီးက လုပ်နိုင်တာက ကိုးကန့်ကိုဖြတ်လေးဖြတ် ဝကို ဖြတ်လေးဖြတ်ပါ။ မြန်မာနိုင်ငံထဲ ကျူးကျော်လို့တော့မရပါဘူး။ တရုတ်ကျူးကျော်ခဲ့ရင် အမေရိကန်ဗီယက်နမ်ကျူးကျော်စဉ်သေတာထက် ပိုဆိုးပြီး ကျူးကျော်သူတရုတ်တပ် အသေများမှာပါ။ တရုတ်က မြန်မာတွေရဲ့ တိုက်ထုတ်တာခံရမှာဖြစ်သလိုအရှေ့ထောင်အာရှမှာအခြားနိုင်ငံတွေနဲ့ဆက်ဆံရေးပျက်ပြားသွားမှာပါ။ တရုတ်က မြန်မာကိုကျူးကျာ်ရင် အရှေ့တောင်အာရှနိုင်ငံတွေက သူတို့နယ်တွေမှာအမေရိကန်စစ်စခန်းကိုချက်ချင်းခေါ်ကြမှာပါ။ တရုတ်ဒီလောက်မိုက်မဲလိမ့်မယ်လို့တော့မထင်ပါ။

ဒါဆိုတရုတ်ဖိအားကိုဘယ်လိုတုံ့ပြန်မလဲ။ ရှမ်းမြောက်ကနေပြီးတော့ထိုင်းဘက်ကိုထွက်နိုင်လို့ရှိရင် တရုတ်ဖိအားကိုလွန်ဆန်နိုင်သလို အနောက်ဘက်ကိုသွားရင်လည်းအိန္ဒိယရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ကတရုတ်သြဇာခံနိုင်ပေမယ့်အိန္ဒိယကတော့ တရုတ်သဩဇာခံမှာ မဟုတ်ပါ။ ဒါကြောင့် ဒီကိစ္စကစာရေးသူတို့အတွက် မျှော်လင့်ချက်ပါ။ MNDAA အနေနဲ့ NUG နဲ့ဘာမှပေါ်တင်လုပ်စရာမလိုပါဘူး။ဒါပေမယ့် NUG လိုအပ်တဲ့လက်နက်အင်အားနဲ့ အိန္ဒိယအထိစာရေးသူတို့ နယ်မြေစိုးမိုးလိုက်ရင် ရခိုင်နဲ့ဆက်စပ်လိုက်လို့ရှိရင် ဖိအားအားလုံးကိုအရာအားလုံးကိုကျော်လွှားသွားနိုင်မှာပါ။

ဒီနေရာမှာအရေးကြီးဆုံးက အဖွဲ့အားလုံးစည်းလုံးညီညွတ်ဖို့ပါ။ အားလုံးလျို့ဝှက်စွာစုပေါင်းတိုင်ပင်ပြီး စုပေါင်းညီညာ အောင်ကြောင်းဖြာနိုင်ကြပါတယ်။

တရုတ်ဖိအားက တိုင်းရင်းသားအားလုံး အတွေးအခေါ်ပြောင်းပြီး NUG နဲ့ပေါင်းစည်းပြီး ဖိအားကို တွန်းလှန်နိုင်ကြပါစေ။ ကျူးကျော်သူများဟာ နေရာတိုင်းမှာကျဆုံးမှာပါ။ ထင်းစည်းမဟုတ်ခဲ့ရင် ဖိအားပေးဖျက်ရတာ လွယ်မှာပါ။ စည်းလုံးခြင်းက ခွန်အားဆိုတာ မမေ့ပါနဲ့။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page