မညီညွတ်ရင်
- Myat Tun Oo
- Jun 20
- 1 min read
မညီညွတ်ရင် အာဏာရှင်ကိုတိုက်ရာမှာ NUG မပြောနဲ့ အမေရိကန်နိုင်ငံကြီးကတောင် ခက်ပါတယ်။
နဂါး၊ BPLA နဲ့ အခြားကျောင်းသားတပ်သာလှူပြီး NUG ကို အားမရဘူးအော်သူရှိသလို၊ ရိုအရေးသာစိတ်ဝင်စားပြီး NUG ကို အားမရဘူးအော်သူ သတင်းသမားတွေ၊ NGO တွေလဲရှိပါတယ်။ အချို့ကလဲ ဘာမှမလှူဘဲ ဖောင်းထုတဲ့အလုပ်သာလုပ်ပြီး NUG အားမရဘူးအော်သူလဲရှိပါတယ်။ အချို့က NUG ပွဲဆယ်ပွဲလုပ်ရင် တစ်ပွဲသာတက်ပြီး အားမရဘူး အော်နေသူများလဲရှိပါတယ်။
ပေးလိုတဲ့သတင်းစကားက မညီညွတ်ရင် အင်အားကြီး အမေရိကန်တောင် စစ်နိုင်ဖို့ခက်တယ်ဆိုတာပါ။ ညီညွတ်ဖို့က NUG/NLD တာဝန်သာမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တိုင်းရဲ့ တာဝန်သာဖြစ်ပါတယ်။



Comments