Myat Tun Oo
မင်းအောင်လှိုင် ဘာကိုရည်ရွယ်နေလဲ?

အချို့ မအလရဲ့ ဘောမတွေက တစ်နှစ်နေရင် ရွေးကောက်ပွဲ လုပ်မလို ဘာညာနဲ့ပြောကြပါတယ်။အားလုံးအမြင်ရှင်းအောင်ရေးပါ့မယ်။
တစ်နှစ်အတွင်း၊ နောက်ငါးနှစ်အတွင်း DASSK ကို ကြိုက်နေရာကနေ သူ့ကိုကြိုက်ဖို့ မဖြစ်နိုင်ပါ။ သူဟာ ယခုအချိန်မှာ တစ်တိုင်းပြည်လုံးရဲ့ အမုန်းဆုံးလူဖြစ်သွားခဲ့ပါပြီ။ ယခုအချိန်မှာ မင်းအောင်လှိုင်ဟာ လူမပြောနဲ့ မျောက်နဲ့ယှဉ်ရွေးရင်တောင် ရှုံးပါမယ်။ ဒါဆို သူ့ရည်ရွယ်ချက်က ဘာလဲ?
သူက NLD ပါတီကို ဖျက်သိမ်းရအောင် အကြောင်းရှာနေပါတယ်။ ပြည်ပဩဇာခံဆိုပြီး အမှုဆင်နေပါတယ်။ နောက် NLD ဝန်ကြီးချုပ်တွေကိုလဲ အခြားအမှုတွေဆင်ပြီး ဖမ်းဆီးထောင်ချဖို့ လုပ်နေပါတယ်။ ပြီးမှ NLD မရှိရင် ရွေးကောက်ပွဲကို ၂၀၁၀ လို ဟန်ပြလုပ်မလို့ပါ။ ယခုဟာက ဆူပူမှုတွေကြောင့် ထင်သလောက် ခရီးမရောက်သေးတာပါ။
သူမထင်မှတ်ထားခဲ့တာက CDM နဲ့ ပြည်သူပါ။ ယခုဟာက အင်တာနက်ကို စနစ်တစ်ခုနဲ့ဖြတ်ပြီးမှအင်အားသုံးနှိမ်နင်းဖို့ပါ။ ဒီနေရာမှာ ရဲက ဘယ်လောက်အထိ သူ့ဖက်ပါမလဲ? သူ့အောက်ခြေတပ်ကဘယ်လောက်အထိ အမိန့်နာခံမလဲ? သူပစ်ခဲ့ရင် အနောက်အုပ်စုက မတော်တဆ ဝင်လာမလားဆိုတာတွေကို ပြန်ချိန်နေရတာပါ။
လောလောဆယ်မှာက ပြည်သူတွေကို ၈၈ လိုမျိုး အထိန့်တလန့်ဖြစ်အောင် လုပ်နေပုံပါ။ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈ ကတော့ လမ်းအလိုက် ရပ်ကွက်အလိုက် ပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့ဖို့ တိုက်တွန်းထားပါတယ်။ ဒါဟာ အင်မတန်ကောင်းပြီး အဆိုပါအဖွဲ့တွေကတဆင့် ၈၈ လိုမျိုးကို ရှောင်နိုင်မှာဖြစ်သလိုပြည်သူ့တပ်မတော်စစ်စစ်ကိုလဲ ထူထောင်လာနိုင်မယ်လို့ ယုံကြည်ပါတယ်။ ယခုကတော့ မိမိလမ်း၊ရပ်ကွက်ကို ကာကွယ်ရာက စရမှာပါ။ နောက်ပိုင်းမှာတော့ ရန်သူအခြေစိုက်ရာ ရဲစခန်းတွေ အခြားနေရာတွေကို တန်ပြန်ထိုးစစ် ဆင်လာနိုင်မှာပါ။
အဆိုးထဲကအကောင်းအနေနဲ့ သေချာတာကတော့ ၂၀၂၁ မှာ မြန်မာပြည်ဟာ လမ်းဟောင်းပြန်သွားမလား လမ်းသစ်သွားမလား ပေါ်လွင်လာမှာပါ။ ဇတ်မျှော်တော့ မဟုတ်တော့ပါ။
အမတ်တွေ၊ CDM ခေါင်းဆောင်တွေ အဖမ်းမခံကြပါနဲ့။ အဖမ်းမခံရမှ အလုပ်တွေ ဆက်လုပ်နိုင်မှာပါ။မိမိအိမ်မှာမနေရင် သူ့ထောက်လှမ်းရေးက ဘာမှ လုပ်မရပါ။ ပြည်သူညီရင် ရပါတယ်။ ဥပမာတပ်ရင်း ၃၉၃ ကို ဆန္ဒပြသူတွေကို နှိမ်နင်းဖို့လွတ်ရင် သူ့မိခင်တပ်ရင်းကို ဝင်စီးလို့ ရလာမှာပါ။ အချို့ကလဲ ပူးပေါင်းမှာပါ။ ဒါတွေဟာ ယခုအချိန်မှာ မလိုသေးပေမယ့် သူကအင်အားသုံးလာရင် မိမိဘက်ကလဲ ဘာပြန်လုပ်မယ်ဆိုတာ စဉ်းစားထားရမှာပါ။ ပုံမှန်ဆန္ဒပြရင် ပြည်တွင်းရေးပြောပေမယ့် သူ့ပိုက်လိုင်းထိရင် တရုတ်နိုင်ငံဟာ လေသံပြောင်းသွားမှာပါ။ နောက်လက်ရှိစစ်တပ်ဟာ ပိုက်လိုင်းကိုလုံခြုံရေးပေးနိုင်တဲ့ အနေအထားမရှိပါဘူး။ ဒါကလဲ ပြည်သူတွေတင်မှ လုံခြုံရေးအားနည်းချက်ကိုသိသွားတာပါ။ ဒါကတော့ ပြည်သူတွေရဲ့ အားသာချက်ပါ။ အကြမ်းမဖက်တာဟာ အကောင်းဆုံးပါ။ဒါပေမယ့် သူကအကြမ်းဖက်လာခဲ့ရင်လဲ မိမိက ဘယ်လိုတုန့်ပြန်မလဲဆိုတာ စဉ်းစားထားရပါမယ်။ပြည်သူသာ အဓိကပါ။