top of page
Search

မင်းမသိ ဗြဟ္မဒတ် လုပ်သူမသိ CRPH နှင့် NUG

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 8, 2021
  • 1 min read

မနေ့က သတင်းစာရှင်းလင်းပွဲမတိုင်ခင် ယခင်သတင်းစာရှင်းလင်းပွဲတွေမှာ ဇော်မဲလုံးက CRPH ဆိုတာဘာလဲ? NUG ဆိုတာ လိုင်းပေါ်ကအစိုးရဆိုပြီး ပြောလေ့ရှိပါတယ်။ ဒါမတိုင်ခင် RFA နဲ့အင်တာဗျူးမှာတောင် တပ်ကထောင်ထားတဲ့ သနင်္ဂဗျူဟာကကောင်က CRPH နဲ့ NUG ကို တပ်ကတရားမဝင်အသင်း ကြေညာထားလို့ NCGUB လောက်တောင် ထိထိရောက်ရောက် လုပ်နိုင်မှာမဟုတ်ဘူးဆိုပြီး သရော်သလို ပြောခဲ့ပါသေးတယ်။ ယခု ၂၄ နာရီအတွင်းမှာဘဲ CRPH နဲ့ NUG ဟာ CDM ကိုအောင်မြင်စွာလုပ်နိုင်တာ ဗုံးဖောက်တာ ဘဏ်စနစ်ပျက်ဆီးနေတာ သူတို့စီးပွါးရေးကျဆင်းနေတာရထားမဆွဲနိုင်တာကအစ ဆေးရုံပြန်မဖွင့်နိုင်တာအဆုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည်အထိ လုပ်နိုင်တာအားလုံးရဲ့တရားခံ ဖြစ်သွားရပြန်ပါတယ်။


ဒါဆိုရင် အမှန်တရားကဘာလဲ? စာရေးသူအမြင်မှာ ယခင်ကရေးခဲ့ ပြောခဲ့သလိုဘဲ CRPH နဲ့ NUG ဟာ CDM ကို အောင်မြင်စွာ လုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် မီးဘေးနဲ့ စစ်ပြေးရှောင်ကိစ္စမှာတောင်ဆရာဝင်းမြတ်အေးက ဒေါက်ခိုင်မကူခင် ဝင်ကူနိုင်ခဲ့တာကို အံ့ဩစွာတွေ့ရပါတယ်။

ဘဏ်တွေမှာ ငွေထုတ်တာက နိုင်ငံရေးနဲ့ ဆိုင်ပါတယ်။ နိုင်ငံရေးက ဘာလဲဆိုတော့ မအလသူခိုးဂျပုကိုပြည်သူတွေက မဲမပေးဘဲ တက်လာလို့ မကြိုက်လို့ မယုံလို့ ငွေပြန်ထုတ်တာပါ။ သူ့ဖာသာ လူတွေမဆူအောင် မိုဘိုင်းပိတ်တော့ တစ်ပူပေါ် နှစ်ပူဆင့်သွားတာပါ။ သူ့ဒုက္ခသူရှာတာပေါ့။ သူက CDM မအောင်မြင်အောင် ဘဏ်တွေကို အတင်းပြန်ဖွင့်ခိုင်းတော့လဲ လူတွေက ဘဏ်ဖွင့်လေ ငွေထုတ်လေပါ။အဓိကက မအလကို မယုံတာပါ။ သူကလူလိမ်လေ။


နောက်စီးပွါးရေးက အဝီစိလို ထိုးကျနေတာကလဲ သူ့လို နိုင်ငံတကာရာဇဝတ် လူသတ်ကောင်ကလူသတ်ပြီးအုပ်ချုပ်နေချိန်မှာ ဘယ်နိုင်ငံကမှ လာပြီးစီးပွါးရေးမလုပ်ပါ။ အကူအညီလဲ သူခိုးဓားမြကို လာမပေးပါ။ ဒါကနိုင်ငံရေးပါ။ နောက်ပိုင်း ဒလတံတားကအစ အကုန်ရပ်မှာပါ။ အထည်ချုပ်စက်ရုံတွေလဲ ပိတ်နေပါပြီ။ ဒါက NUG က ဘာမှမပြောခင် စီးပွါးရေးသမားတွေက သူတို့ဖာသာတွက်ပြီးလုပ်တာပါ။ ထိုင်း၊ ဗီယက်နမ်နဲ့ ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံရေးငြိမ်နေချိန်မှာ ဘယ်သူမှ ဦးနှောက်စားမခံပါဘူး။ ထိုနိုင်ငံတွေကို စီးပွါးရေးသမားက သွားမှာပါ။


ဗုံဖောက်တဲ့ကိစ္စနဲ့ လက်နက်ကိုင် နိုင်ငံရေးကိစ္စကတော့ Gen Lee တွေအတွက် နောက်မှ သတ်သတ်ရေးပါ့မယ်။


အရေးတော်ပုံက အောင်နေပါပြီ။ မအလဟာ ဆူဒန်ကလိုထွက်မလား ကဒါဖီနဲ့ ဆဒန်ဟူစိန်လို ထွက်ရမလားသာ စာရေးသူမသိသေးတာပါ။ ထွတ်တာကတော့ ထွက်ရမှာပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page