top of page
Search

ဘာေၾကာင့္ကြီးၿဖိဳးကိုလိုသလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 11, 2019
  • 1 min read


သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္က YP ကိုေျမဘယ္ေစ်းနဲ႔ေရာင္းလဲလို႔ေမးပါတယ္။ ဘာကိုဦးတည္လဲဆိုတာ စာဖတ္သူမ်ားသိမွာပါ။

ဒါကိုကြီးၿဖိဳးက ေျမေစ်းကိုခ်ၿပီး ယခင္စစ္အစိုးရလက္ထက္ကလဲ ေရာင္းေပးခဲ့ေၾကာင္း ဒါေပမယ့္ သတင္းသမားမ်ားဟာ ေျမေစ်းေပါေပါနဲ႔ယူထားၿပီး ေစ်းမခ်သူကိုေမးခြန္းမထုတ္ဘဲ ေစ်းခ်ေပးေနသူကိုဘာေၾကာင့္ရန္ရွာေနတာလဲဆိုတာေထာက္ျပသြားခဲ့ပါတယ္။

ဒီေနရာမွာ DASSK က တိုင္းျပည္ရဲ႕မိခင္ေနရာ(mother figure)ပါ။ ေနရာတကာဝင္ပါလို႔မရပါ။ ႏိုင္ငံေရးရဲ႕အထက္မွာေနရပါတယ္ (above the politics ေပါ့)။ ကြီးၿဖိဳးကေတာ့ ျမန္မာ့အထာသိပါတယ္။ ကြီးၿဖိဳးက ရန္ကုန္ကဘုရားေတြ ဘုန္းႀကီးေက်ာင္းေတြနဲ႔ ေျပလည္ေအာင္ေနပါတယ္။ ဘာသာတိုင္းကိုလဲ အဆင္ေျပေအာင္ေပါင္းပါတယ္။ ဒါ့ေၾကာင့္ယခုရန္ကုန္မွာ ေရႊဝါေရာင္ဆိုၿပီး ၿမိဳ႕ထဲပတ္အထာေပးေနတာေတာင္ ဘုန္းႀကီးအမ်ားစုက ပါမလာတာပါ။ သူက အဘတို႔ယူေလ့ရွိတယ့္ ဘာသာေရးဂြင္ကို ပိတ္ထားႏိုင္ခဲ့လို႔ပါ။ သူ႔ရဲ႕ႏိုင္ငံေရးပါးဝမႈပါ။ စာေရးသူတို႔နယ္မွာတာဝန္က် စခန္းခ်ရင္ရြာဦးေက်ာင္းဆရာေတာ္ကိုစည္း႐ံုးေလ့ရွိပါတယ္။ ယခုကြီးကရန္ကုန္မွာ ပိတ္လုပ္ထားလို႔ အဘအကြက္မက်န္ပါ။ ျမန္မာျပည္မွာက ဒါေတြလိုပါတယ္။ သူက လူမ်ိဳးအထာကၽြမ္းပါတယ္။

ဒါတင္မကဘဲ ကြီးၿဖိဳးဟာ စက္သံုးဆီကို ခ႐ိုနီေတြက ေစ်းကစားၿပီး တိုင္းျပည္မတည္ၿငိမ္ေအာင္လုပ္မရေအာင္ ကိုင္ထားလိုက္ပါတယ္။ ဒါေၾကာင့္ ခ႐ိုနီေတြ ေစ်းကစားရခက္သြားပါတယ္။ တိုင္းျပည္မတည္ၿငိမ္ေအာင္လုပ္ၿပီး ဒီမိုအစိုးရကို ျဖဳတ္ခ်လိုသူမ်ားရဲ႕အကြက္ကို ႐ိုက္ခ်ိဳးခဲ့ပါတယ္။

ေနာက္သူကဘဲ ရန္ကုန္မွာဆူေအာင္လုပ္သူေတြကို ဝရမ္းေျပးျဖစ္ေအာင္လုပ္ႏိုင္ခဲ့ပါတယ္။

အခ်ိဳ႕ကိစၥေတြမွာ သူ႔ကို ေဝဖန္သူေတြရွိမွာပါ။ ၾကံဖန္ေဝဖန္ရင္ရႏိုင္ပါတယ္။ စာေရးသူအေနနဲ႔ကေတာ့ တိုင္းျပည္ရဲ႕ အဓိကရန္သူေတြ၊ ခ႐ိုနီေတြကို ကိုင္ထားႏိုင္လို႔ အျခားကစားသူေတြရဲ႕ လူမ်ိဳးေရး၊ ဘာသာေရးကစားကြက္ကို ပိတ္ကစားႏိုင္လို႔ သူလိုလူမ်ိဳးဟာ NLD နဲ႔ ဒီမိုထဲမွာလိုပါတယ္။ ဒါဟာ ရင္ၾကားေစ့ေရးေခါင္းစဥ္ေအာက္ကလုပ္ရလို႔ ထင္သေလာက္ လုပ္ရတာမလြယ္ပါ။ ဒီလို ဘယ္သူမွမထိရဲသူေတြကို ဖမ္းႏိုင္တာ၊ ကိုင္ႏိုင္တာ၊ ဝရမ္းေျပးျဖစ္ေအာင္လုပ္ႏိုင္တာနဲ႔တင္ တန္ေနပါၿပီ။ အဘတို႔အဖြဲ႕ကလဲ ဒီလိုလူမ်ိဳးကိုေၾကာက္ပါတယ္။ သူသတင္းသမားေတြနဲ႔ေျဖတာကို နားေထာင္ၾကည့္ပါ။ ဘယ္အဘမ်ားေျဖႏိုင္လဲ။ ရွိရင္နာမည္ေလးေျပာျပပါ။ သူကမယ္ေခြလိုကိစၥေတြ ေပါေတာေတာ မေျပာပါဘူး။ အဘနဲ႔ေပါင္းၿပီး ယခုဂြင္ေပ်ာက္သူမ်ားကေတာ့ မေက်နပ္ႏိုင္ပါ။ ဒါကေတာ့ ျဖစ္တတ္ပါတယ္။ ကြီးၿဖိဳးရွိရင္ အဘတို႔အိမ္မက္ကို ႐ိုက္ခ်ိဳးႏိုင္ပါမယ္။ လိုေနတာ ကြီးၿဖိဳးလိုလူေတြပါ။

Unicode version

ဘာကြောင့်ကွီးဖြိုးကိုလိုသလဲ

သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်က YP ကိုမြေဘယ်စျေးနဲ့ရောင်းလဲလို့မေးပါတယ်။ ဘာကိုဦးတည်လဲဆိုတာ စာဖတ်သူများသိမှာပါ။

ဒါကိုကွီးဖြိုးက မြေစျေးကိုချပြီး ယခင်စစ်အစိုးရလက်ထက်ကလဲ ရောင်းပေးခဲ့ကြောင်း ဒါပေမယ့် သတင်းသမားများဟာ မြေစျေးပေါပေါနဲ့ယူထားပြီး စျေးမချသူကိုမေးခွန်းမထုတ်ဘဲ စျေးချပေးနေသူကိုဘာကြောင့်ရန်ရှာနေတာလဲဆိုတာထောက်ပြသွားခဲ့ပါတယ်။

ဒီနေရာမှာ DASSK က တိုင်းပြည်ရဲ့မိခင်နေရာ(mother figure)ပါ။ နေရာတကာဝင်ပါလို့မရပါ။ နိုင်ငံရေးရဲ့အထက်မှာနေရပါတယ် (above the politics ပေါ့)။ ကွီးဖြိုးကတော့ မြန်မာ့အထာသိပါတယ်။ ကွီးဖြိုးက ရန်ကုန်ကဘုရားတွေ ဘုန်းကြီးကျောင်းတွေနဲ့ ပြေလည်အောင်နေပါတယ်။ ဘာသာတိုင်းကိုလဲ အဆင်ပြေအောင်ပေါင်းပါတယ်။ ဒါ့ကြောင့်ယခုရန်ကုန်မှာ ရွှေဝါရောင်ဆိုပြီး မြို့ထဲပတ်အထာပေးနေတာတောင် ဘုန်းကြီးအများစုက ပါမလာတာပါ။ သူက အဘတို့ယူလေ့ရှိတယ့် ဘာသာရေးဂွင်ကို ပိတ်ထားနိုင်ခဲ့လို့ပါ။ သူ့ရဲ့နိုင်ငံရေးပါးဝမှုပါ။ စာရေးသူတို့နယ်မှာတာဝန်ကျ စခန်းချရင်ရွာဦးကျောင်းဆရာတော်ကိုစည်းရုံးလေ့ရှိပါတယ်။ ယခုကွီးကရန်ကုန်မှာ ပိတ်လုပ်ထားလို့ အဘအကွက်မကျန်ပါ။ မြန်မာပြည်မှာက ဒါတွေလိုပါတယ်။ သူက လူမျိုးအထာကျွမ်းပါတယ်။

ဒါတင်မကဘဲ ကွီးဖြိုးဟာ စက်သုံးဆီကို ခရိုနီတွေက စျေးကစားပြီး တိုင်းပြည်မတည်ငြိမ်အောင်လုပ်မရအောင် ကိုင်ထားလိုက်ပါတယ်။ ဒါကြောင့် ခရိုနီတွေ စျေးကစားရခက်သွားပါတယ်။ တိုင်းပြည်မတည်ငြိမ်အောင်လုပ်ပြီး ဒီမိုအစိုးရကို ဖြုတ်ချလိုသူများရဲ့အကွက်ကို ရိုက်ချိုးခဲ့ပါတယ်။

နောက်သူကဘဲ ရန်ကုန်မှာဆူအောင်လုပ်သူတွေကို ဝရမ်းပြေးဖြစ်အောင်လုပ်နိုင်ခဲ့ပါတယ်။

အချို့ကိစ္စတွေမှာ သူ့ကို ဝေဖန်သူတွေရှိမှာပါ။ ကြံဖန်ဝေဖန်ရင်ရနိုင်ပါတယ်။ စာရေးသူအနေနဲ့ကတော့ တိုင်းပြည်ရဲ့ အဓိကရန်သူတွေ၊ ခရိုနီတွေကို ကိုင်ထားနိုင်လို့ အခြားကစားသူတွေရဲ့ လူမျိုးရေး၊ ဘာသာရေးကစားကွက်ကို ပိတ်ကစားနိုင်လို့ သူလိုလူမျိုးဟာ NLD နဲ့ ဒီမိုထဲမှာလိုပါတယ်။ ဒါဟာ ရင်ကြားစေ့ရေးခေါင်းစဉ်အောက်ကလုပ်ရလို့ ထင်သလောက် လုပ်ရတာမလွယ်ပါ။ ဒီလို ဘယ်သူမှမထိရဲသူတွေကို ဖမ်းနိုင်တာ၊ ကိုင်နိုင်တာ၊ ဝရမ်းပြေးဖြစ်အောင်လုပ်နိုင်တာနဲ့တင် တန်နေပါပြီ။ အဘတို့အဖွဲ့ကလဲ ဒီလိုလူမျိုးကိုကြောက်ပါတယ်။ သူသတင်းသမားတွေနဲ့ဖြေတာကို နားထောင်ကြည့်ပါ။ ဘယ်အဘများဖြေနိုင်လဲ။ ရှိရင်နာမည်လေးပြောပြပါ။ သူကမယ်ခွေလိုကိစ္စတွေ ပေါတောတော မပြောပါဘူး။ အဘနဲ့ပေါင်းပြီး ယခုဂွင်ပျောက်သူများကတော့ မကျေနပ်နိုင်ပါ။ ဒါကတော့ ဖြစ်တတ်ပါတယ်။ ကွီးဖြိုးရှိရင် အဘတို့အိမ်မက်ကို ရိုက်ချိုးနိုင်ပါမယ်။ လိုနေတာ ကွီးဖြိုးလိုလူတွေပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Commentaires


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page