top of page
Search

ဘာသာရေးမီးမွှေးနေသော အမုန်းစကားရေးသော ဧရာဝတီသတင်းစာ

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 9, 2020
  • 1 min read

ကိုဗစ်မှာ လူစုလူဝေးမလုပ်ရလို့ ပြည်နယ်အစိုးရတွေက တားထားပါတယ်။ ဒါဟာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ မသက်ဆိုင်ဘဲ ကိုဗစ်ရန်ကို ကာကွယ်ဖို့ပါ။ ကမ္ဘာပေါ်က ဒီမိုနိုင်ငံတွေမှာလဲ အလားတူတားထားပါတယ်။ စည်းကမ်းချိုးဖောက်ရင် ဖမ်းပါတယ်။ အများစုက ပူးပေါင်းဆောင်ရွက်ပါတယ်။ပုပ်ရဟန်းမင်းကြီးနဲ့ အင်္ဂလန်က ခရစ်ယန်ဂိုဏ်းချုပ်တွေတောင် အင်တာနက်ကသာ တရားဟောခဲ့ပါတယ်။

စာရေးသူတို့ တိုင်းပြည်မှာလဲ မဘသများဖောက်မလားလို့ တွေးခဲ့ပေမယ့် ယခုအချိန်အထိ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ကဆုန်ညောင်ရေသွန်းပွဲမှာ သူတို့မီးမမွှေးခဲ့ပါ။

ကိုဗစ်ကာလမှာ ဆရာတော်ကြီးများကလဲ အစိုးရကို ကူညီဆောင်ရွက်နေပါတယ်။ သူတို့ကျောင်းကိုပေးသုံးတာ၊ စာသင်သားတွေကို ပြန်လွှတ်တာ၊ ဘုရားပိတ်တာကို လက်ခံပေးတာတို့ပါ။

ခရစ်ယန်ဘာသာဂိုဏ်းများကလဲ တနင်္ဂနွေ ဝတ်ပြုဆုတောင်းပွဲကို လူစုလူဝေးနဲ့ မလုပ်ဘဲ ပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ ဒေးဗစ်လားလို အစွန်းရောက်လဲရှိမှာပါ။ သူက ဝီဝီလိုမိုလို့ အရေးယူရမှာပါ။သူနဲ့ ဝီဝီနဲ့ကွာတာက DASSK ကို တိုက်ခိုက်တာ မတိုက်ခိုက်တာသာပါ။ အခြားဘာသာတွေကို အမုန်းစကားပြောတာမှာ အတူတူပါ။ နောက်မှ ရေးပါ့မယ်။

ထို့အတူပါဘဲ အစ္စလမ်ဘာသာဝင်များကလဲ သူတို့ဝါတွင်းမှာ လူမစုဖို့ သူတို့ကောင်စီက စာထုတ်အများစုက လိုက်နာပြီး ပူးပေါင်းဆောင်ရွက်နေတာ တွေ့ရပါတယ်။ ဒီမြင်ကွင်းက အင်မတန် ကြည်နူးဖွယ်ရာ မြင်ကွင်းပါ။ သူတို့မှာလဲ စည်းကမ်းဖောက်သူအနည်းငယ်ရှိတာကို မန္တလေးတိုင်းအစိုးရကဖမ်းတာပါ။ ဒါဟာ ဘာသာရေးလွတ်လပ်ခွင့်နဲ့မဆိုင်တာ ဘာသာရေးနဲ့မဆိုင်တာ လူတိုင်းသိပါတယ်။ဒီသတင်းကို ဖော်ပြရာမှာ Myanmar Now က ဘာသာရေးသွေးထိုးမှုမပါ ဖော်ပြခဲ့ပေမယ့် ဧရာဝတီသတင်းဌာနကတော့ ခြေထိုးလေနဲ့ မူစလင်တွေကို ဖမ်းတယ်ဆိုပြီး အစိုးရကို လူအမြင်မကောင်းအောင် ကမ္ဘာပါ်မှာ သိက္ခာကျအောင် လုပ်သွားပါတယ်။

ဒါကိုသူတို့ဘိုးအေ ဒီမိုနိုင်ငံတွေမှာ ဘယ်လိုသတင်းတင်ဆက်လဲ? ဒီမိုနိုင်ငံတွေမှာ အကြမ်းဖက်မှုတွေဖြစ်တိုင်း ကျူးလွန်သူဟာ အဆိုပါဘာသာဝင်များဖြစ်ရင်တောင် မဖော်ပြဘဲ အကြမ်းဖက်သမားတစ်ယောက်က တိုက်ခိုက်တယ်လို့သာဖော်ပြပြီး မူစလင်ဘာသာဝင်က တိုက်ခိုက်တယ်လို့ မရေးပါ။ ဘာလို့လဲဆိုတော့ လူမျိုးရေး ဘာသာရေး ပဋိပက္ခကို မဖြစ်အောင် သတင်းသမားကျင့်ဝတ်ကို သူတို့နိုင်ငံမှာဘီဘီစီကအစ CNN အဆုံးသိကြပါတယ်။ အရူးပါးတွေပါ။သူတို့ ၉/၁၁ ဖြစ်ခါစမှာ ရေးပေမယ့်နောက်ပိုင်းရှောင်ကြပါတယ်။

သတင်းသမားတွေကိုပြောချင်တာက အမှန်ကိုရေးတာတောင် ဘာသာရေးမီး မထိုးပါနဲ့။ အမုန်းစကားဆိုတာ ဝီဝီကပြောမှ မဟုတ်ပါဘူး။ သင်တို့ကသတင်းစာပေါ်မှာ ဘာသာရေးရန်တိုက်ပေးလဲ အမုန်းစကားပါလို့ ပြောပါရစေ။

သင့်ကြောင့်ဘာသာရေးမီးမလောင်ပါစေနှင့်။

News Source: Myanmar Now, Irrawaddy, BBC, Financial Times, CNN

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page