top of page
Search

ဘာသာပေါင်းစုံသို့ အနူးအညွတ် တောင်းပန်ခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Mar 27, 2020
  • 1 min read

လူတိုင်းမှာ မိမိကိုးကွယ်ရာ ဘာသာပေါင်းစုံရှိပါတယ်။ မိမိဘုရားကို မိမိအိမ်မှာ အဝရှိခိုးပါ။ ဒါပေမယ့်ဗုဒ္ဓဘာသာလဲ ဘုရားမတက်ပါနဲ့ လူစုလူဝေးကိုရှောင်ပါ။ အစ္စလမ်လဲ ဗလီမတက်ပါနဲ့။ ကမ္ဘာပေါ်ကဗလီဆရာကြီးတွေကတောင် Coronavirus ဖြစ်ချိန်မှာ ဗလီမတက်တာဟာ အပြစ်မဟုတ်ပါလို့ပြောထားပါတယ်။ ခရစ်ယန်လဲ ပုပ်ရဟန်းမင်းကြီးက ဝတ်ပြုဆုတောင်းတာ ဖျက်ထားပါတယ်။ လူစုလူဝေးကို ရှောင်ရအောင်ပါ။ နောက် ဂိုဏ်းတစ်ခုဖြစ်တဲ့ အင်္ဂလန်က ခရစ်ယန်ဘုန်းကြီးချုပ်ကလဲရေဒီယိုကနေသာ တရားဟောပြီး တနင်္ဂနွေကို ဘုရားကျောင်း မတက်ခိုင်းထားပါ။ ဟိန္ဒူ၊ ဂျူးလဲထို့အတူပါဘဲ။ အီရန်မှာ ဘုရားမှာ လူလာစုရင် ဗလီလာတက်ရင် ရဲက လူစုခွဲပါတယ်။

သင့်ရဲ့ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို လေးစားပါတယ်။ ဘုရားက Coronavirus ဖြစ်ချိန် ဘုရားသွားကျောင်းတက်မလုပ်တာကို ခွင့်လွှတ်မှာပါ။

ဘာသာပေါင်းစုံအနေနဲ့ အိမ်မှာနေပြီး စိတ်ကြိုက်ဘုရားကန်တော့်ပါ။ လူစုလူဝေးကိုတော့ ရှောင်ပေးပါလို့ အနူးအညွတ် တောင်းပန်ပါရစေ။

News Source: CNN, NPR

 
 
 

Recent Posts

See All
ဗလောင်ဆူတဲ့တောင်ငူ

လေတပ်တွေကို ယခင်က ပစ်ခဲ့တာတွေရှိပေမယ့် ဒီအခေါက်မှာ တောင်ငူကို ဗလောင်ဆူစေခဲ့ပါတယ်။ ပစ်ပါများလို့ ထိသွားပါပြီ။

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page