top of page
Search
  • Writer's pictureMyat Tun Oo

ဘာသာပေါင်းစုံပွဲမှ ငြိမ်းချမ်းရေး မျှော်လင့်ချက်



ဘာသာပေါင်းစုံပွဲမှ ငြိမ်းချမ်းရေး မျှော်လင့်ချက်

မြန်မာပြည်မှာ ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေကို ၂၀၁၇ အောက်နိုဘာလမှာ ကာဒီနယ်ချား(စ်)ဘိုနဲ့အခြားဘာသာရေးခေါင်းဆောင်တွေက ရန်ကုန်မှာ စလုပ်ခဲ့ပါတယ်။ ကွီးဖြိုးက ရန်ကုန်တိုင်းအစိုးရအနေနဲ့ အဲ့ဒီအချိန် အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ ခေါင်းခံတာဝန်ယူပြီး လုပ်ခွင့်ပေးခဲ့သလို သူကိုယ်တိုင်လဲ တက်ခဲ့ပါတယ်။

နောက်ပိုင်းမှာ အောက်စဖို့ဒ်ဆရာတော်နဲ့ ကာဒီနယ်တို့က ဘာသာပေါင်းစုံငြိမ်းချမ်းရေးမြန်မာဆိုပြီးအဖွဲ့စဖွဲ့ကာ နှစ်စဉ်စာတမ်းဖတ်ပွဲ လုပ်လေ့ရှိပါတယ်။ ၂၀၁၈ နိုဝင်ဘာမှာ လုပ်ခဲ့ချိန်က တပ်ကဘယ်သူမှ မတက်ခဲ့ပါ။ ဒီနှစ်မှာတော့ အဘပုကိုယ်တိုင် သွားတက်ပါတယ်။ ခုံတော့ထိုးပေးရတာပေါ့။

ဒီနေရာမှာ ဘပုက အတိုင်ပင်ခံကို အလေးမပြုပေမယ့် ဒုသမ္မတတွေရဲ့ အထက်မှာထားပြီး နှုတ်ဆက်သွားတာကတော့ မင်္ဂလာရှိပါတယ်။ အနည်းငယ်တော့ တိုးတက်လာတယ်ပြောလို့ရပါတယ်။

ဒါပေမယ့် ဝီဝီ့ကိုတော့ သနားမိပါတယ်။ သူအဖမ်းခံခဲ့ရင်တောင် ထောင်က ကျ မကျ မသေချာပါ။ယခုလိုအဘက ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးပွဲတွေ တက်နေပုံနဲ့ဆိုရင်တော့ ဝီဝီဟာ ပေါ်မလာဖို့ များသွားပါပြီ။

အဘရော အမပါ အတူတက်နိုင်မယ့်ပွဲတွေ များများစီစဉ်ကြပါ။ ဒီလိုမျိုး ထိတွေ့စကားပြောပွဲတွေမြန်မာပြည်မှာ လိုနေပါတယ်။

52 views0 comments

Recent Posts

See All

အောက်ကလူတွေစစ်တုန်းက နှစ်ဖွဲ့ ဘဘမိုးကျမှ တစ်ဖွဲ့ထဲဖြစ်သွားတာက သတင်းပေါက်ကြားမှာစိုးလို့လား? အားလုံးသိပြီးသားကိစ္စမိုလို့ ထပ်ထူးစရာမရှိသလို ထပ်ကျစရာသိက္ခာ အဘမှာကျန်သေးလို့လား? အဘက အဘဖာသာတပ်ချုပ်ခန့်ထား

bottom of page