top of page
Search

ဘာလို့ NUG ကို PDF အတွက် လှူသင့်လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 26, 2022
  • 1 min read

စာရေးသူတို့ တော်လှန်ရေးရဲ့ ပထမပိုင်းမှာ မအလတပ်ကို ဘယ်သူတိုက်တိုက် တိုက်ရင်ကို ကျေနပ်ပါတယ်။ ဥပမာ ဘင်လာဒင်က ISIS က လာပြီး မအလကိုတိုက်ရင်တောင် ပျော်မှာပါ။ ဒါပေမယ့် ဒီအဖွဲ့တွေဟာ စာရေးသူတို့တော်လှန်ရေးရဲ့ အစိတ်အပိုင်းဖြစ်လာခဲ့ရင် စာရေးသူတို့တော်လှန်ရေးဟာ ဆီးရီးယားမှာလို ဖြစ်သွားနိုင်ပါတယ်။

ဆီးရီးယားနဲ့ စာရေးသူတို့တော်လှန်ရေးကွာတာက စာရေးသူတို့မှာ တရားဝင်ရွေးကောက်ခံအစိုးရရှိနေတာပါ။ ဒီနေရာမှာ DASSK NLD အစိုးရလက်ထက်က ဝေဖန်သူများစွာရှိခဲ့ပါတယ်။ မျိုးစုံပါ။ ရိုဟင်ဂျာမှသည် တိုင်းရင်းသားအရေးပါ။ အဆိုပါ ဝေဖန်သူများရဲ့ ၂% လောက်သာ ယခု NUG နဲ့ ပြည်သူကိုတိုက်ရိုက်ကူနေတာပါ။ နိုင်ငံရေးသမား ဝေဖန်သူနဲ့ စတွက်ကြည့်ပါ။

ယခုတော်လှန်ရေးဘာကြောင့်ဖြစ်လာသလဲဆိုရင် ရွေးကောက်ခံအစိုးရရဲ့ အမိန့်ကို မနာခံဘဲလက်နက်ကိုင်အဖွဲ့က မင်းတို့အစိုးရ ဘာမှမသိပါဘူးဆိုပြီး ဟိုဟာစွပ်စွဲ ဒီဟာစွပ်ဆွဲနဲ့ အာဏာသိမ်းလို့ပါ။

စာရေးသူတို့အနေနဲ့ အဆိုပါ အရပ်သားအမိန့် မနာခံတဲ့ မအလလိုစစ်တပ်ကို ဘာအတွက်နဲ့မှနောက်ထပ်မမွေးဖွားလိုတော့ပါ။ NUG ဟာ ရွေးကောက်ပွဲကနေ မွေးဖွားလာတဲ့ တရားဝင်အစိုးရပါ။ထိုအစိုးရက NLD ဖြစ်နေတာက ပြည်သူက NLD ကို မဲပေးလိုက်လို့ပါ။ ဒါက ပကတိအရှိတရားပါ။

စာရေးသူကိုလေးစားသူတစ်ယောက်က PRF အဖွဲ့ဝင်ပြီး လစဉ်လှူပေးနေတာဆိုရင် NUG ကိုသာလှူခိုင်းပါတယ်။ NUG က တဆင့် စစ်စည်းကမ်းနဲ့ညီတဲ့ ပြည်သူ့အမိန့်ကိုလိုက်နာတဲ့ စစ်တပ် PDF ကို မွေးဖွားပေးပါလိမ့်မယ်။ စစ်တပ်တစ်ခုထူထောင်ရာမှာ အဆိုပါစစ်သားဖြစ်မယ့် လူတွေရဲ့ စိတ်ဓာတ်ကအရေးကြီးပါတယ်။ ယခုလိုအချိန်မှာ လက်နက်လေးနဲ့ NUG ကို Live လွှင့်ပြီးဖောင်းထုရင် သူ့တပ်အင်အားကြီးလာရင် မအလလိုဖြစ်မှာ သေချာပါတယ်။ အချို့ကလဲ NUG ကို အင်အားနည်းအောင် အဘနဲ့ အဘသားတရုတ်လက်အောက်ခံတွေပေါင်းပြီး မွေးထားတဲ့ လက်နက်ကိုင်တွေလဲ ရှိပါတယ်။ သူတို့က NUG အောက်မှာမရှိပါ။ အဆိုပါ ဗမာတပ်ဘာညာတွေဟာ ရန်ကုန် မန္တလေးမြို့ပေါ်မှာ ဘာမှမလုပ်တာ အားလုံးရိပ်မိမှာပါ။

အကျဉ်းချုပ်ရရင် ပြည်သူတွေအနေနဲ့ NUG ကိုလှူပါ။ NUG က အသိအမှတ်ပြုတဲ့အဖွဲ့ကို NUG ထံမေးပြီး တိုက်ရိုက်လှူပါ။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လိုမြို့ပေါ်မှာဆိုရင် လက်တွေ့မုန့်ဟင်းခါးကျွေးနိုင်တဲ့အဖွဲ့တွေကို NUG အောက်ကမဟုတ်လဲ လှူချင်ရင်လှူပါ။ အခြားနယ်မှာဆိုရင်တော့ NUG ကို မေးပြီးလှူပါ။ နိုင်ငံခြားက မိတ်ဆွေများအနေနဲ့ မိမိပိုက်ဆံဟာ အလကားမရတာ နားလည်ပါတယ်။ ဒါကြောင့် မအလလို ပြည်သူ့အမိန့်မနာခံဘဲ လက်နက်ကိုင်လူပါးဝတဲ့တပ် ထပ်မပေါ်လာအောင်ပြည်သူ့အစိုးရ NUG ကိုသာလှူပါ။ NUG ကလဲ မိမိအောက်ကတပ် တိုက်တာလေးတွေကို တင်ပေးပါ။တင်နေတာတွေ့ပါတယ်။ မိမိတပ်လို့ ပြောပါ။ နောက်ပိုင်း NUG အောက်က PDF တွေက သူတို့ထောက်ပံ့မှုရတဲ့ ဗီဒီယိုလေးတွေတင်တာက အင်မတန် ထိရောက်ပါတယ်။ အတိအကျပြောစရာမလိုပါ။ ဖြစ်လေ့ရှိတာက ဘာတပ်ညာတပ်ဆိုပြီး ဟိုလူနဲ့ ပွဲဖျက်ရုံတိုက်၊ ပြီးရင်ပုံတင်ရင် မသိသူက သူတို့တကယ်လုပ်တယ်ထင်ပြီး သူတို့ကိုလှူသွားတတ်ပါတယ်။ ယခုအချိန်က သတင်းစစ်ပွဲကလဲ PR ကလဲအရေးကြီးလို့ပါ။

သင်မလှူခင်မှာတွေးပါ။ ငါ မအလတပ်ကို နောက်မအလတပ်နဲ့ အစားထိုးမှာလား? ဒါမှမဟုတ် မအလတပ်ကို အမေရိကန်၊ အင်္ဂလိပ်လို အရပ်သားအမိန့်နာခံတဲ့ စစ်တပ်နဲ့ အစားထိုးမှာလားဆိုတာပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page