top of page
Search

ဘာလို့ Non CDM ဝန်ထမ်းနဲ့ မိသားစုတွေ စစ်ပညာသင်ရတော့မှာလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 15, 2022
  • 1 min read

ယခုနိုင်ငံရေးအခြေအနေက မအလကလဲ နောက်ဆုတ်လို့မရတော့သလို ပြည်သူတွေကလဲသိကြားမင်းဆင်းတားတောင် တော်လှန်ရေးကို ရပ်မယ့်သဘောမရှိပါ။ မအလအတွက်ကနောက်ဆုတ်တာနံ့ သူ့တပ်က သူ့ကိုသတ်မှာပါ။ သူ့တပ်ထဲမှာက အချောင်သမားအများစုနဲ့ ဖွဲ့စည်းထားလို့ သူက နောက်ဆုတ်ဖို့ ခြေတစ်လှမ်းပြင်တာနဲ့ သူ့တပည့်တွေက ပြေးပြီးသားပါ။ ဒါကြောင့်အားလုံးအတွက် ပြန်လမ်းကမရှိတော့ပါ။

မအလအကြမ်းဖက်တပ်ဟာ ရွာတွေကို မီးရှို့ပြီး PDF ကို ထောက်ခံတဲ့ရွာနည်းလာအောင်ကြိုးစားတာတွေ့ရပါတယ်။ အကျိုးဆက်က အဆိုပါမီးလောင်သွားတဲ့အိမ်က ယခင် PDF မဟုတ်တဲ့ မိန်းကလေးတွေတောင် ယခုသူတို့အိမ်အတွက် လက်စားချေမယ်ဆိုပြီး PDF သင်တန်းသွားတက်ကြောင်း ရွာကသတင်းပို့လာတာပါ။ ဒါတွေဟာ ပုံပြင်မဟုတ်တဲ့ ဖြစ်ရပ်မှန်တွေပါ။နယ်တွေ ရွာတွေဟာ ဆန္ဒပြတာကအစ ကြာတတ်ပေမယ့် သူတို့က လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် ပြီးအောင်အသေခံလုပ်တတ်ပါတယ်။ စစ်ကိုင်း မကွေးဆိုတာ ဦးအောင်ဇေယျ၊ ဗန္ဓုလနဲ့ ဗိုလ်အောင်ဆန်းတို့ထွက်တဲ့နယ်ဆိုတာ မမေ့ပါနဲ့။ ဘာသာရေးမှာလဲ မင်းကွန်းဆရာတော်တို့ ဟိုပျံလွန်တော်မူသွားတဲ့ ဘွဲ့ပေါင်းစုံရဆရာတော်တို့က ထိုနယ်တွေကလာတာပါ။

ဒီအရေးအခင်းမှာ မအလတို့က ကွန်မြူနစ်နဲ့ ဦးနုတပ်ကို နိုင်ခဲ့သလို သူတို့နိုင်မယ်ထင်ပေမယ့်ပြည်သူရဲ့အမုန်းက မတရားကြီးသွားပါပြီ။ ယခုပြည်သူက NLD ကိုထောက်ခံတာ DASSK ကိုထောက်ခံတာ ချစ်တာက ဦးနုထက် အဆ ၁၀၀ ပိုသလို လူတွေက မအလကို ထိုအချိန်က နေဝင်းထက်လအဆ ၁၀၀ ပိုမုန်းပါတယ်။ PDF ရဲ့ လက်ရှိလူအင်အားဟာ မအလကို တစ်သက်လုံးတိုက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အားအားထက်များပါတယ်။ ဒါကိုနှိမ်နင်းဖို့က ရခိုင်၊ ရှမ်းနဲ့ကချင်မှာ အပစ်ရပ်မှ အသက်ရူချောင်မှာပါ။ ဒါတောင် ထိုးစစ်ဆင်ချိန်မှာ စစ်ကျွန်ဝန်ထမ်းတွေကို တပ်နဲ့အတူလိုက်ခိုင်းပြီး လက်နက်ပေးထားပြီး သူသိမ်းခဲ့တဲ့နေရာကို ကင်းစောင့်ခိုင်းမှနယ်မြေစိုးမိုးနိုင်မှာပါ။ ဒီလိုလုပ်ရင် စစ်ကျွန်ဝန်ထမ်းတွေဟာ တရားဝင်ပစ်မှတ်ဖြစ်လာမှာပါ။

မအလရည်ရွယ်ချက်က ပထမ အကြမ်းဖက်တပ်မိသားစုတွေကို စစ်ပညာသင် လက်နက်ပေးကင်းစောင့်ခိုင်းပြီး လူအင်အားကို ဖြေရှင်းဖို့ပါ။ နောက်ရဲခွေးမိသားစုကို စစ်ပညာစသင်ပါမယ်။ပြီးရင်ဝန်ထမ်းမှာ ထွေအုပ်၊ လူဝင်မှု၊ အကောက်ခွန်၊ မီးသတ်၊ လယ်ဆည်၊ ပညာရေးနဲ့ကျန်းမာရေးက ဝန်ထမ်းတွေနဲ့ သူတို့မိသားစုတွေပါ။ ဘာလို့လဲဆိုတော့ သူတို့က အခြေခံအုပ်ချုပ်ရေးစနစ်မှာ ပါလို့ပါ။ သူတို့ကို မအလအကြမ်းဖက်တပ်ကသိမ်းပိုက်တဲ့ဒေသမှာ နေရာချပေးခဲ့ပြီးသူတို့ရုံးကို သူတို့ပြန်ကာကွယ်ဆိုတဲ့စနစ်နဲ့ သွားမှာပါ။ ဥပမာ ရဲစခန်း၊ ထွေအုပ်၊ ဆေးရုံ၊ ကျောင်းတွေကို တပ်ကကင်းစောင့်မယ့်အစား အဆိုပါစစ်ကျွန်ဝန်ထမ်းနဲ့ မိသားစုတွေက ကင်းစောင့်ပြီးထိန်းဆိုတဲ့ စစ်ဗျူဟာပါ။ ပုံမှန်မှာက တပ်ကသာ လုပ်ရမှာဖြစ်ပေမယ့် လူမရှိလို့ပါ။

ဒီနေရာမှာ မအလအကြမ်းဖက်တပ်က ပြည်သူကိုလျှော့တွက်ထားတာ တစ်ခုရှိပါတယ်။ သူတို့ကိုပြန်မလုပ်နိုင်ဘူးဆိုတဲ့ အထိုင်ကနေပါ။ ပြည်သူတွေဟာ မအလက ရွာတွေကိုမီးရှို့တာကို တရုတ်က မတားပေးရင် တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို မအလတပ်က ရွာတွေကိုလုပ်သလို လုပ်ပြီးတုန့်ပြန်လာနိုင်ပါတယ်။ ဒါဆိုရင် တရုတ်တပ်ဟာ သူ့ပိုက်လိုင်းအတွက်မြန်မာပြည်ထဲဝင်လာနိုင်ပြီး မအလဟာ သူထင်သလိုအုပ်ချုပ်လို့မရဖြစ်သွားမှာပါ။ ဒါက ပြည်သူတွေပိုင်တဲ့ အနုမြူဗုံးပါ။ သူ့တပ်မဝင်ဘဲ ဝကိုတိုက်ခိုင်းရင်လဲ မအလစစ်မျက်နှာတိုးသွားမှာပါ။

လောလောဆယ်မှာတော့ ရဲခွေးမိသားစုပြီးရင် စစ်ကျွန်ဝန်ထမ်းတွေကို စစ်ပညာစသင်ပြီးဝန်ထမ်းပြီးရင်သူတို့မိသားစုတွေလာပါမယ်။ ပြီးရင် သူတို့ကို ကချင်၊ကယား၊ ချင်း၊ စစ်ကိုင်း၊ မကွေးမြောက်နဲ့ ကရင်တို့ကို ပို့ပါမယ်လို့ ပြောပါရစေ။ Best of Luck ပါ စစ်ကျွန်ဝန်ထမ်းများ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page