top of page
Search

ဘာလို့ လက်ရှိစစ်တပ်ပျက်မလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 12, 2021
  • 1 min read

စစ်တပ်ဆိုတာ ပြည်သူချစ်တဲ့လူတွေနဲ့ ဖွဲ့စည်းထားမှ စိတ်ဓာတ်ခွန်အားကောင်းနေမှာပါ။ ဒါမှတိုက်ပွဲတွေအတွက် ခွန်အားရှိမှာပါ။ လက်ရှိမအလတပ်ကို ကြည့်ရအောင်။


ဗိုလ်နှင့်အထက်အဆင့်

တပ်ထဲဝင်လာကထဲက စစ်သားစစ်စစ်ဖြစ်လိုသူက ၂၀% နဲ့ ဂွင်ဖန်၊ ညွှန်ချုပ်ဖြစ်ချင်လို့ ဝင်လာသူက ၈၀% လောက်ရှိနေပါတယ်။ ယခင်က လွတ်လပ်ရေးအတွက် တပ်ထဲဝင်၊ ကူမင်တန်ကိုတိုက်ဖို့ တပ်ထဲဝင်ခဲ့ကြပေမယ့် ၁၉၈၈ က စလို့ နောက်ပိုင်းမှာ ဂွင်အတွက်ဝင်သူကများလာခဲ့ပါတယ်။ ၁၉၉၂/၉၃ မှာ ဗိုလ်သင်တန်း စတက်သူများဟာ ယခု ဒုဗိုလ်မှူးကြီးကနေဗိုလ်မှူးချုပ်အထိဖြစ်နေကြပြီး ဂွင်အတွက် အတ္တအတွက်စစ်ထဲဝင်ခဲ့သူ သူဌေးဖြစ်လိုလို့ စစ်ထဲဝင်ခဲ့သူ အချောင်သမား အများစုဖြစ်နေတာကို ဝမ်းနည်းစွာတွေ့နေရပါတယ်။ ဒါ့ကြောင့်အထက်ပိုင်းမှာက အဆင်အလာမကောင်းပါ။ အထက်ဖားအောက်ဖိ၊ လိမ်တင်ပြတာကထုံးစံလို ဖြစ်နေခဲ့ပါတယ်။ မအလဟာ စစ်ထဲစဝင်ကထဲက အရပ်မမှီတာကို လိမ်ဝင်ခဲ့သူပါ။

နောက်သင်တန်းအဆင့်ဆင့်တက်ရလေ DASSK မကောင်းကြောင်း၊ NLD မကောင်းကြောင်းများများအသင်ခံရလေ ဦးနှောက်အဆေးခံရလေပါ။ ဒါ့ကြောင့်သူတို့ရဲ့ DASSK အပေါ်မုန်းတီးမှုဟာ တာဝန်အရထက် ပိုနေတာ တွေ့ရမှာပါ။ သေခါနီးမှ မနီချင်ဘူးဆိုသူရဲ့စကားကဥပမာပါ။


ဒါဆိုအောက်ခြေအဆင့်ကရော

ယခင်က စစ်အစိုးရလက်ထက် နိုင်ငံခြားထွက်တာ ခေတ်မစားခင်က ဂွင်အတွက်တပ်ထဲဝင်ခဲ့သူများ ရှိခဲ့ပါတယ်။ ၂၀၁၂ နောက်ပိုင်း အောက်ခြေအဆင့်မှာ အလွယ်တကူဝင်တာ နည်းသွားခဲ့ပြီး ငွေနဲ့ဝယ်ခဲ့ရပါတယ်။ ဒါ့ကြောင့်သူတို့မှာ ခံယူချက်မရှိပါ။ ဘာကြောင့်ဝင်ဝင်အများစုဟာ စာမတတ်သူများပါတယ်။ အချို့က လေးတန်းအောင်ပါ။ အချို့က ပြစ်မှုအသေးစား ကျူးလွန်ဖူးပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ ပညာအရည်အချင်းက အထက်ကခိုင်းတာလုပ်တတ်ရုံပါ။


စစ်ပွဲတွေတိုက်ရာမှာလဲ မင်းတို့ရန်သူ့နယ်ကိုနိုင်ရင် ကြိုက်တာလုပ်ဆိုတဲ့ ယခင်ကယိုးဒယားသိမ်းစဉ် လုပ်တာမျိုးကို မိမိလူမျိုးကို လုပ်နေတာပါ။ လူသတ်၊ မုဒိမ်းကျင့်၊ ခိုး၊ ဓားမြတိုက်တာက လိုင်စင်ရသလို ဖြစ်နေခဲ့ပါတယ်။ သူတို့လုပ်သမျှဟာလဲ ခြေဥအရ အရေးမယူနိုင်လို့ သူတို့က ဘာမှမကြောက်ပါ။


ယခုတပ်ကို မပုန်ကန်အောင် ထိန်းထားတာက အကြောက်တရားရယ်၊ အထက်ကလူတွေအတွက်က အခွင့်အရေးတွေနဲ့ မက်လုံးပေး ထိန်းထားတာပါ။ ဒါပေမယ့် အထဲမှာက အထက်ကိုကြောက်ရသလို မြို့ပေါ်မှာလဲ သေမှာကြောက်လာနေရပါပြီ။ တပ်ဝင်းထဲက သူတို့မိန်းမတွေ၊ ကလေးတွေဟာလဲ ရခိုင်မှာနေရသလို ကြောက်လာနေရပါပြီ။ ဒါ့ကြောင့် ဘယ်သူ့ကို ပိုကြောက်သလဲဆိုတဲ့အပေါ်မူတည်ပြီး သူတို့ဘက်ပြောင်းဖို့ စဉ်းစားလာမှာပါ။ ဟိုအထက်ကအခွင့်အရေးသမားတွေလဲ သူတို့အခွင့်အရေးမရနိုင်ရင် သူတို့ထင်သလို အာဏာရပြီး ဂွင်မကောင်းရင် အချိုးပြောင်းလာနိုင်ပါတယ်။


ဒီနေရာမှာ တပ်ပျက်ခြင်းအကြောင်းများအားလုံးဟာ မအလရဲ့တပ်မှာ အလွန်ပြည့်စုံနေပါပြီ။ မပျက်သေးတာက အကြောက်တရားရယ်၊ မက်လုံးပေးမှုရယ်နဲ့ ထိန်းထားသေးလို့ပါ။စိတ်ဓာတ်ရေးရာအရကတော့ အဝီဇိရောက်နေပါပြီ။ ပြည်သူကလဲ အတော်မုန်းနေပါပြီ။ယခုအချိန်မှာ တရားချလို့ မရတော့ပါ။ သူတို့ဘက်က ထိခိုက်မှုများလာရင် ရခိုင်မှာလို သူတို့နဲ့ သူတို့ရဲ့မိသားစုတွေ တိုက်ခိုက်ခံလာရရင် အချိုးပြောင်းလာမှာပါ။ ဒါတွေဟာ အလကားတော့မရနိုင်ပါ။ စာရေးသူတို့အားလုံးမှာ ပေးဆပ်မှုတွေရှိရမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ဒေဝဒတ်မြေမြိုခြင်း

ဒေဝဒတ်မြေမြိုလို့ ပြည်သူတွေက ပျော်တာကို ဒေဝဒတ်ဟာ ပညာတတ်ကြောင်း၊ သင်္ဃန်းခြုံထားကြောင်း ဒါကြောင့် မပျော်သင့်ကြောင်း သတင်းသမားများနဲ့ ပညာရှင်များက ပြောလို့မရပါ။ လူတော်ပြီး လူမကောင်းရင် အလကားပါ။ မြေမြို့

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Aug 12, 2021

ဦးမြတ်!!! မျက်မှောက်ကာလမှာ တချိန်က အစိုးရကသူပုန်လို့သတ်မှတ်ထားတဲ့ KIA KNU တို့ ၊ ခုခါ ပြည်မနေ ဗမာအများစုက

ပြည်သူ့တပ်မတော် ဆိုသော ဂုဏ်ပုဒ်နှင့် အစားထိုးဂုဏ်ပြုနေတာ ကွန်ယက်စာမျက်နှာတွေမှာ ထင်ရှားစွာ မြင်တွေ့လွယ်ပါသည်။

ခု ခုခံနေကြသော အင်အားစုမှာ G Z များအများစု ပါဝင်ကြသည်မှာ ၄၄ ဖြစ်စဥ်က သက်သေပြခဲ့ပါပြီ။ သူတို့တတွေသည် ၁၉၉၀ နောက်ပိုင်း နဝတ ခေတ်မှာ မွေးဖွါးလာကြသူများဖြစ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ကို လေးစားကြည်ညိုကြသည်က များကြ အားကျကြပါသည်။

လွတ်မြောက်နယ်မြေကိုသာ အင်အားစုတွေက အားကိုးကြပါသည်။

ပြည်သူအများစုက အတူယှဥ်တွဲ နေထိုင်လိုမှု လုံးဝ မရှိတော့ပါ။ ကနီ မင်းကင်းနယ်က ပြည်သူတွေက ပိုသိပါသည်။ အနှိပ်စက် မခံနိုင်တော့၍ တူမီးလို ရရာဖြင့် ခုခံနေပါသည်။

သည်အချက်များကြောင့်

~ဘွဲ့ရပြီးမှ တက်ရောက်ရသည့် OTS အလုပ်သင်ဗိုလ် သင်တန်း တက်ရောက်သူမရှိကြောင်း စာများ ထွက်လာပါသည်။

~ယခုနှစ်အတွက် စစ်ဆေး/အင်ယာ/စစ်တက္ကသိုလ် ဝင်ခွင့်ကို၄ ၈ ၂၀၂၁ နောက်ဆုံးထား လျှောက်ခွင့်ပြုထားသော်လည်း ယခုခါ ၃၁ ၈ ၂၀၂၁ နေ့ နောက်ဆုံးထား လျောက်ထားနိုင်ကြောင်းစာထုတ်ပြန်​ေကြညာမှုကို ဖတ်ရှုလိုက်ရပါသည်။ယခင့်ယခင်ကာလများက လျောက်လိုသူတွေဟာ လျောက်လွာပိတ်ရက် မရောက်ခင် သူ့ထက်ငါ အားတက်သရော လျောက်လွှာတင်ကြသည့်အစဥ်အလာရှိပါသည်။

အေအေ ဆောင်းပါးမှာ ဖော်ပြခဲ့သလို အရောအစပ်ပြုတဲ့အခါ အရက် ဂုဏ်ပျက်၍ ရေသည် ဂုဏ်တက်ခဲ့ရပါသည်။

ဖော်ပြပါ အခြေအနေ အကြောင်းတရားများအရ ~

ဆောင်းပါးခေါင်းစည်း၏ အဖြေကို အလွယ်တွေ့မြင်နိုင်ပါလိမ့်မည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page