top of page
Search

ဘာလို့ရုရှားနဲ့ အီရန်က လက်နက်တွေ ဝယ်နေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 27, 2022
  • 1 min read

မြေပြင်ပေါ်မှာတိုက်တိုင်း ရှုံးနေတာ အားလုံးသိမှာပါ။ ဒါက ယခင်ကဘောမတွေက လော်နေပေမယ့်တိုင်းမှူးအထိ ဖြုတ်လိုက်ရချိန်မှာ ဘောမတွေတောင် လက်ခံလာနေရပါပြီ။ မအလသူပုန်တပ်က တင့်ကားကလဲ မိုင်းထိရင် ပွင့်သွားပါတယ်။ ဒါကြောင့်မိုင်းဒဏ်ခံနိုင်တဲ့ကားလိုပါတယ်။ အမေရိကန်လိုအများကြီးမဝယ်ထားနိုင်ဘဲ အဘကြီးကြီးသွားရင်သာ သုံးဖို့ပါ။ တိုင်းမှူးအဆင့်ပေါ့။ ကျန်သူတွေကမိုင်းထိရင် ဆက်သေနေမှာပါ။ ဒီနေရာမှာ တိုင်းမှူးက မုံရွာကနေ ယင်းမာပင်သွားမှာ မဟုတ်ဘဲ မုံရွာမြို့ထဲမှာတင် မကွေးမြို့ပေါ်မှာတင် ဖားအံမြို့ပေါ်မှာတင် နောက်ပိုင်းလုံခြုံရေး ပျက်နိုင်လို့ ကြိုပြင်ထားတာပါ။

နောက် ရဟတ်ယဉ်ပေါ်ကပစ်တာနဲ့ လေယဉ်ကကြဲတဲ့ဗုံးပါ။ ဒါတွေက ပြည်တွင်းမှာ မထုတ်နိုင်သေးပါ။ဒါကြောင့် ပြန်ဖြည့်ရပါတယ်။ နောက်အချို့ရဟတ်ယဉ်တွေ ကျည်ထိတာ အားလုံးသိမှာပါ။ တစ်စီးကပျက်သွားခဲ့တာပါ။ ဒါကြောင့် ပြင်ဖို့ ရုရှားထံက အပိုပစ္စည်းတွေ ဝယ်ပါတယ်။ အီရန်က မောင်းသူမဲ့လေယဉ်နဲ့ သူ့ကိုပစ်ချတဲ့ နည်းတွေ၊ ပြည်တွင်းစစ် ဆီးရီးယားမှာ တိုက်ခဲ့တဲ့အရာတွေ သင်ယူဖို့ပါ။

တရုတ်ထံက မအလကမဝယ်တာလား တရုတ်က မပေးတာလားတော့ မသိပါ။ တရုတ်က မအလကိုလက်နက်ထောက်ပံ့တာ ပြည်သူတွေသိရင် ထိန်းမရနိုင်တာ တရုတ်သိမှာပါ။ ယခုတရုတ်က NLD အစိုးရလက်ထက် သဘောတူခဲ့တဲ့ ဆိုလာကနေ ဓာတ်အားထုတ်တဲ့ စီမံကိန်းတွေတောင် NLD အစိုးရမဟုတ်လို့ ရပ်ထားပါတယ်။ ထိုစီမံကိန်းတွေက အနောက်နိုင်ငံတွေ မလုပ်ပေးနိုင်တဲ့စျေးနဲ့ DASSK အစိုးရကို လုပ်ပေးတာပါ။ ပြည်သူတွေ မီးရအောင်ပေါ့။ ယခု မအလကအာဏာသိမ်းလို့ သူလုပ်ပေးရင်လဲ သူ့ကိုကျေးဇူးမတင် ဝိုင်းဗျင်းမှာသိလို့ မလုပ်ဘဲ ထားထားပါတယ်။ ရုရှားကတော့ လက်နက်ရောင်းပြီး စာရေးသူတို့က သူ့ကိုပညာပေးလို့ရတဲ့အခြေအနေမရှိလို့ မိုက်ရဲနေပုံရပါတယ်။ ဒါပေမယ့်ရုရှားဝင်လာတာဟာ အမေရိကန်နဲ့ တရုတ်တစ်ခုခုလုပ်ရမယ်ဆိုတာကို တွန်းအားပေးစေမှာပါ။ စာရေးသူတို့ လေယဉ်ပစ်လက်နက်တွေ၊ သေနတ်ကောင်းကောင်းတွေသာ ရခဲ့ရင် ၂၀၂၂ ဟာ အလှည့်အပြောင်းဖြစ်မှာပါ။ သူတို့ထံက မရသေးခင်မှာတော့ စာရေးသူတို့ ကိုယ့်အားကိုယ်ကိုးပြီး ဆက်တော်လှန်ရမှာပါ။

 
 
 

Recent Posts

See All
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page