top of page
Search

ဘောလုံးပွဲကပြောသော တရားမျှတမှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 26, 2020
  • 1 min read

စာရေးသူတို့တိုင်းပြည်က အင်္ဂလန်က ပရီးမီးယားလိခ် Premier League ဘောလုံးပွဲတွေကို ကြိုက်ကြပါတယ်။ အများစုက မန်ယူဖန်ပေါ့။ အချို့က ချာလ်ဆီး Chelsea၊ အချို့က လီဗာပူးဖန်၊ အချို့က မန်စီတီးဖန်တွေပါ။ အာဆင်နယ်ဖန်များလဲရှိပါတယ်။



မနေ့ညသန်းခေါင်ကျော်ပွဲကတော့ ဘောလုံးဝါသနာရှင်များကို အိပ်မရစေတဲ့ပွဲပါ။ ဘာလို့လဲဆိုတော့အဆိုပါပွဲကနေ ဘယ်သူချန်ပီယံလဲ ဆုံးဖြတ်နိုင်လို့ပါ။ ပွဲက ချာလ်ဆီးနဲ့ မန်စီတီးပွဲပါ။ ပွဲမှာ ချာလ်ဆီးကသွင်းတာကို မန်စီတီးက လက်နဲ့ပုတ်ထုတ်တာဟာ အစပိုင်းမှာ ဒိုင်ကသေချာမသိလိုက်ပေမယ့်ကင်မရာကနေ ပြန်ကြည့်ရာမှာ လက်နဲ့ထိတာတွေ့လို့ Fernandinho ကို အနီကတ်ပြ ထုတ်ခဲ့ပါတယ်။



အဲ့ဒီကနေ ဘာကိုစဉ်းစားမိလဲဆိုတော့ သူတို့တိုင်းပြည်တွေမှာ ယခုလိုဘောလုံးပွဲတွေမှာတောင်ကင်မရာအကူအညီနဲ့ တရားမျှတမှုရအောင် လုပ်နေပါလား ဆိုတာပါ။ စာရေးသူတို့ ဆီးဂိမ်းမှာ ဒိုင်အမှားကြောင့် ငယ်စဉ်က မြန်မာဘောလုံးအသင်း ရှုံးခဲ့တာကို အမှတ်ရစေခဲ့ပါတယ်။ ဒီနေရာမှာ ဝီလီယံဟာ တစ်ကွင်းလုံးပတ်ကန်ပြီး ကစားသွားတာတွေ့ခဲ့ရပြီး Chelsea ဟာ ခံစစ်ကစားနေရာကနေတန်ပြန်တိုက်စစ်က ဂိုးသွင်းသွားခဲ့ပါတယ်။


မြန်မာပြည်ရဲ့ ခြေခံဥပဒေမှာ တန်းတူညီမျှဆိုတဲ့စကားပါပေမယ့် V ကိစ္စမပြောနဲ့ ရဲမေတွေရဲ့ဘဝတောင် မလုံခြုံတာ သွားတွေ့ရပါတယ်။ ရဲဆိုတာဟာ တရားဥပဒေစိုးမိုးရာမှာ အင်မတန်အဓိက ကျပါတယ်။ ထို့အတူပါဘဲ တပ်ကအချို့ တိုင်းရင်းသားဒေသမှာ ပြစ်မှုကျူးလွန်လို့စစ်ရင် အင်မတန်မှာညင်သာနေတာတွေ့ရပါတယ်။


မြန်မာပြည်မှာက ဘောလုံးပွဲလို ညစ်လို့မရအောင် စည်းကမ်းနဲ့ ထိန်းလို့မရတာတွေ့ရပြီး ကမ္ဘာကြီးနဲ့မြန်မာပြည်ဟာ အင်မတန်မှ အလှမ်းကွာနေတာ တွေ့ရပါတယ်။ ၂၀၀၈ ခြေဥကြောင့်ပါ။


စာရေးသူကတွေးရာမှာ လူ့အခွင့်အရေးချိုးဖောက်ရင် ဘာသာခြားကိုမိုလို့ လွှတ်ပေးထားရင် မိမိတိုင်းရင်းသားတွေကို လူ့အခွင့်အရေးချိုးဖောက်လာမှာဖြစ်ပြီး အဲ့ဒါကို ဆက်လွှတ်ပေးထားရင် ပြည်မမှာ ချိုးဖောက်လာမှာပါ။ ယခုဆိုရင် ပြည်မအပြီး ရဲတပ်ဖွဲ့ထဲမှာပါတွေ့နေရပါပြီ။ ဒါဆိုရင် တပ်ထဲမှာရော မရှိဘူးလားဆိုတော့ ကာယကံရှင်တွေ သိပါတယ်။


မြန်မာပြည်မှာ လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းများ ထွန်းကားနိုင်ပါစေ။ အင်္ဂလန်က ဘောလုံးပွဲလောက် တရားမျှတရင် မြန်မာပြည်ကြီး တိုးတက်ပါပြီ။

News Credit: BBC, CNN, Sky, Chelsea page

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jun 26, 2020

ဦးမြတ် ! မြန်မာ့ ဆိုရိုးစကား

တစ်ဦးဆောင်သော် မရ။တစ်သောင်းဆောင်သော် ရ၏။

ဆောင်ရာမှာလည်း တစ်သောင်းလူစု လူထုအတွင်း စည်းကမ်းရှိ စိတ်ထားလှ တက်ကြွမှသာ အောင်မြင်မှု သရဖူ လှမ်းဆွတ် ယူနိုင်ပါမည်။ ဘိုစကားအရတော့

United ဖြစ်ပါမှ ။

United ဖြစ်ဖို့ရာ (တစ်သောင်းသော အရေအတွက်) အသင်းသားကို (အသင်းသား အချင်းချင်းဖြစ်စေ အခြားအသင်းသားနှင့်ဖြစ်စေ) အငြင်းမပွား အမုန်းတရားအခြေခံ

အချင်းမများရအောင် ထိန်းကျောင်းအုပ်ချုပ်နိုင်သော စံပြပုဂ္ဂိုလ် ( Ideal Coach) အထူးလိုအပ်ပါသည်။ ဥပမာ မန်ယူ နဲ့ ဖာဂူဆန် ။

စိတ်ထားလှ စည်းကမ်းကျန တက်ကြွမှုအခြေခံ United ရဲ့ မာန် နဲ့ ဟန် ကို ချန်ပီယံလိဂ်ဖိုင်နယ် ဂျာမနီထိပ်သီး ဘိုင်ယန်ကြီးကို ပြိုကွဲအောင် ဖြိုလှဲခဲ့သောပွဲမှာ တွေ့မြင်နိုင်ပါသည်။

#United# မှန်ရင် အချိန်တိုင်းမှာ ပြန်လာနိုင်လို့ မန်ယူကို ပုံ၍ ယုံသော ပရိတ်သတ်များရခြင်း ဖြစ်ပါသည်။

မောင်ရင်ညိုလက်ထက် ၁၁ ထိကျ သွားလို့ ဖာဂီကြီးရဲ့တပည့် ဆိုးလ်ရှား လက်ထဲ ယုံလို့ ပုံအပ် လိုက်တော့ ခုဆို အဆင့် ၅ တက်

ယူရိုပါလိဂ်အတွက် မျှော်မှန်းနိုင်ခဲ့တာ United မှာ အစွမ်းထက်တ

ပည့် မွေးထုတ်ပေးခဲ့တာ ဖာဂီကြီးရဲ့ အစွမ်း လွမ်း နေရတာပေါ့။

ဦးမြတ် ခုလောက်ဆို မြင် လောက်ပါပြီ။ ရန်ကုန်မြို့ကြီး ယခင်နဲ့ တူသေးရဲ့လား?

United ကထွက်လာတဲ့တပည့်တိုင်း အစွမ်းအစ. ဇ မသေးကြပါဘူး။ ယုံကြရဲ့လား ? ။


<<<<<<<>>>>>>>


ဘောပွဲတွေမှာ ဂိုးပြတ်ရှုံးနေခိုက် ပွဲချိန်ကလည်း ပြီး ဖို့ နီးလာပြီဆိုရင်တော့ ညစ်တွန်းတွန်းပြီး အဓိကတိုက်စစ်မှုးကို လူကပ် လူချ ကစားတတ်ကြပါသည်။တဖက်တိုက်စစ်မှုး နာကျင်ဒါဏ်ရာန…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page