top of page
Search
  • Writer's pictureMyat Tun Oo

ဘားလမ်းဗုံးဘယ်သူခွဲသလဲ?


ဒီကိစ္စက ရှင်းသလိုလိုနဲ့ ရှုတ်ပါတယ်။ မအလတပ်မှာ စရဖ(စစ်ထောက်လှမ်းရေး) အဖွဲ့ရှိပါတယ်။ ထိုအဖွဲ့မှာ ပုံမှန်ယူနီဖောင်းဝတ်၊ အရပ်ဝတ်ပြီး ထောက်လှမ်းတာက အားလုံးသိပြီးသားပါ။ ဒီထက်ရှုတ်ထွေးတာက စရဖအောက်က တန်ပြန်ထောက်လှမ်းရေးပါ။ သူတို့က စစ်သားဆိုပြီးမခံယူပါ။ သူတို့က သာမန်တက္ကသိုလ်ကျောင်းသားတွေ၊ဘုန်းကြီးတွေ၊ ဆရာဝန်တွေ၊ စျေးသည်တွေ၊ သတင်းထောက်တွေ၊ နိုင်ငံရေးပါတီဝင်တွေ၊ လက်နက်ကိုင်အဖွဲ့တွေ၊NGO တွေနဲ့ အလွှာပေါင်းစုံမှာ လှုပ်ရှားကြပါတယ်။ အချို့က ပြည်တွင်းမှာရှိသလို အချို့က ပညာရှင်အနေနဲ့ပြည်ပမှာရှိပါတယ်။ သူတို့က သာမန်ပြည်သူလိုပါဘဲ။ သူတို့က တကယ်လိုအပ်မှ မအလသုံးတာခံရတာပါ။ မျက်စိထဲမြင်အောင်ပြရရင် နိုင်ငံခြားမှာ double agent လို့ခေါ်ပါတယ်။ မြန်မာလိုဆိုရင်တော့ သူ့လူကိုယ့်ဖက်သားနှစ်ဖက်ချွန်ပေါ့။

မအလအာဏာမသိမ်းမှီ စိုးထွဋ်စရဖလုပ်ချိန်မှာ ဒုစရဖချုပ်တိုးရီကို ရန်ကုန်မှစ၍ နိုင်ငံအနှံ့ဆူပူအောင် စရဖတန်ပြန်ထောက်လှမ်းရေးကို အထူးစီမံကိန်းအနေနဲ့ ခိုင်းစေခဲ့ပါတယ်။ တန်ပြန်ထောက်လှမ်းရေးဟာ စရဖဒုချုပ်၊ စရဖညွှန်ချုပ်ရဲဝင်းဦးနဲ့ မအလထံ project အလိုက် တိုက်ရိုက်သတင်းပို့ရပါတယ်။ ဥပမာ သတင်းသမားတွေဆိုတစ်ပူးကသတင်းထောက်၊ ယခင်အကုန်သိက ကျော်မျိုးမင်းတို့ဟာ စရဖတန်ပြန်ထောက်လှမ်းရေးရဲ့ ထိန်းချုပ်မှုအောက်မှာပါ။ ဥပမာ ကျော်မျိုးမင်းကို အကုန်သိအနေနဲ့ NLD ကို နာမည်ဖျက်တာရေးခိုင်းခဲ့ပြီး ခရိုနီကတဆင့်ထောက်ပံ့ခဲ့ပါတယ်။ အာဏာသိမ်းအပြီးမှာ Neo Politics ဆိုပြီး တိုက်ရိုက်ထောင်ပေးခဲ့ပါတယ်။ Neo Politics မှာနိုင်ငံခြားကသိစေချင်တဲ့သတင်းကို အင်္ဂလိပ်လိုရေးတင်တဲ့အထိ ဘာသာပြန်နဲ့ ထားထားတာပါ။ သူငြင်းနိုင်ရင် သူပိုက်ဆံဘယ်ကရလဲ ငြင်းနိုင်ပါတယ်။ သူ့အကြောင်း အာဏာမသိမ်းခင်ကထဲက စာရေးသူရေးပြီးသားပါ။ ယခုသူ့သတင်းတွေနားထာင်ရင် သူဘာကောင်လဲ အားလုံးသိမှာပါ။

ထိူ့အတူပါဘဲ စရဖရဲ့ တန်ပြန်ထောက်လှမ်းရေးထဲက PDF အသွင်ယူအဖွဲ့ဆိုတာရှိပါတယ်။ သူတို့က PDF အယောင်ဆောင် သတင်းနှိုက်ဖို့ NUG ထံက ဘာမရ ညာမရဆိုပြီး နာမည်ဖျက်ဖို့ပါ။ ဒါပေမယ့် ယခုရက်ပိုင်းအတွင်းမှာ သူတို့လုပ်ငန်းပြောင်းလဲဖို့ မအလက အမိန့်ပေးခဲ့ပါတယ်။ မအလအမိန့်ကို အကောင်အထည်ဖော်သူကရန်ကုန်စရဖတန်ပြန်တာဝန်ခံ ဒုဗိုလ်မှူးကြီး တင်မောင်စိိုးပါ။ အကြောင်းက NUG ကြောင့်ပါ။ NUG ဟာ နိုင်ငံတကာစာမျက်နှာမှာ အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ လူသိရှင်ကြားတွေ့ခဲ့သလိုစင်ကာပူနိုင်ငံခြားရေးဝန်ကြီး၊ အင်ဒိုနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တိုးတိုးတိတ်တိတ် တွေ့တာကိုလဲ မအလသိပါတယ်။ယခုရက်ပိုင်း NUG က ပါမောက္ခဒေါက်တာဇော်ဝေစိုးက ယူကဒုဝန်ကြီးနဲ့တွေ့ချိန်မှာ NUG ကိုနာမည်ဖျက်ဖို့ ရတဲ့နည်းနဲ့ကြိုးစားဖို့ အမိန့်ပေးခဲ့ပါတယ်။ ဒါကြောင့် စရဖတန်ပြန်ထောက်လှမ်းရေး PDF အသွင်ယူအဖွဲ့က NUG ကိုနာမည်ဖျက်ဖို့ ဗုံးဖောက်ခဲ့တာပါ။ သူတို့မျှော်မှန်းထားတာက ကြားအရပ်သားသေရင် NUG ကို လူထူထောက်ခံမှုကျမယ် နိုင်ငံတကာ ထောက်ခံမှုကျမယ်လို့ ထင်ထားပုံပါ။ မှားသွားတာက ဗုံးဖောက်အပြီး PDF ဆိုပြီးစာထုတ်ချိန်ဖုန်းနံပတ်ပါသွားတာက သိသာသွားစေပါတယ်။ သူတို့ရည်ရွယ်ချက်က ဗုံဖောက်အပြီး သူတို့အောက်က Neo Politics က ကျော်မျိုးမင်းက လူတွေကိုဇဝေဇဝါဖြစ်အောင်ရေး ပြီးရင် VOA နဲ့ BBC မြန်မာပိုင်းက NUG ကိုအပြစ်တင်လိုသူ သတင်းသမားများ အကူအညီနဲ့ ကမ္ဘာကိုညာလို့ရမယ် ထင်ထားပုံပါ။ ဒီနေရာမှာ ဒီအကွက်က ရိုးတယ်လို့ထင်သူတွေရှိနိုင်ပါတယ်။ ဒါပေမယ့်လဲ ရိုးတဲ့အကွက်တွေက ဆန်းနေတတ်ပါတယ်။ ဒီမိုတွေအနေနဲ့ လုပ်စရာရှိတာကိုလုပ် တိုက်စရာရှိတာကို ဆက်တိုက်ရမှာပါ။ မအလဟာ ပြည်သူ့မျက်နှာမထောက်လို့ ကိုဗစ်အချိန်အာဏာသိမ်းတာပါ။ သူအာဏာရဖို့ ရွာပေါင်းများစွာမီးရှို့ အသက်ပေါင်းများစွာသတ်သူပါ။ ဘားလမ်းဗုံးလောက်က မလုပ်ရဲတာဘာမှမရှိပါဘူး။ ကျောင်းဖွင့်ရင် နာမည်ကြီးကျောင်းတွေမှာ ဗုံးဖောက်ဖို့လဲ မအလက စီစဉ်ထားပါတယ်။ မိမိသားသမီးသေလိုသူတွေကတော့ မအလသားကောင် နှစ်ခါပြန်ဖြစ်မှာပါ။ မအလက မလုပ်ရဲတာဘာမှမရှိဘူးလို့ ပြောထားပြီးသားပါ။

2,107 views0 comments
bottom of page