top of page
Search

ဘုရားပုံမှပြောသော မြန်မာပြည်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 18, 2020
  • 1 min read

ရွှေတိဂုံဘုရားက ကျောက်ဆင်းတုက ဘရွှေနဲ့ဆင်နေတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါကိုဝိနည်းနဲ့ညီမညီစစ်တယ်။ ဒီမိုစနစ်နဲ့ဆိုတော့ ချက်ခြင်းဖယ်လို့မရဘူး။ အဲ့ဒီမှာဘယ်သူက ဆုံးဖြတ်မလဲ? ရွှေတိဂုံဘုရားဟာ ဗဟိုအစိုးရအောက်မှာရှိပါတယ်။ တိုင်းအစိုးရအောက်မှာမရှိပါ။ ဒါကို ဝိနည်းနဲ့ ညီမညီ ဆုံးဖြတ်တာက ရွှေတိဂုံဘုရားရဲ့ ဩဝါဒစရိယဆရာတော်တွေပါ။ သူတို့က ဘုရားပုံမရှိခဲ့လို့ဝိနည်းနဲ့ညီသယောင်ဆုံးဖြတ်သွားပါတယ်။ ဘုရားဟာ နီပေါနိုင်ငံ (သို့) အိန္ဒိယအနွယ်မိုလို့ သူ့မျက်နှာတော်ဟာ ဘရွှေနဲ့ မဆင်တူတာတော့ ထင်ရှားပါတယ်။

ဒီကနေ ဘာကိုပြသလဲ။ ပထမဆုံးက စာရေးသူတို့အနေနဲ့ တိုင်းပြည်ပြောင်းလဲအောင် အများကြီးလုပ်ရအုံးမယ်ဆိုတာပါ။ ဒီရွှေတိဂုံဘုရားကအဖွဲ့တွေထဲမှာ တပ်ကယခင် ခင်ညွန့်လက်ထက်ထဲက ထိုးဖောက်ထားခဲ့တာပါ။ ဂေါပကထဲမှာလဲ မိုးကျတွေပါနေခဲ့ပါတယ်။ ဒီလူတွေကို ပထမဆုံး ပြုပြင်ပြောင်းလဲပြီး ဥပမာ မိုးကျဆို ဘုရားဂေါပကက ထုတ်တာမျိုးအထိ လုပ်ရမှာပါ။ နောက်ဘုန်းကြီးတွေကို ပြောင်းလဲရပါမယ်။ အတွေးအခေါ် ကောင်းမွန်တဲ့ ခေတ်မှီတဲ့ Oxford ဆရာတော်လို ဘုန်းကြီးတွေ၊မြစေတီဆရာတော်လို ဘုန်းကြီးတွေ၊ မန္တလေးက ဆရာတော်သောပိတလို ဘုန်းကြီးတွေ၊ အရှင်ဆန္ဒာဓိကလို ဘုန်းကြီးတွေနဲ့ အစားထိုးရမှာပါ။ ဒီလိုဘုန်းကြီးတွေကတော့ နည်းနေပါသေးတယ်။

ဒီလိုပြီးမှ ဒီကျောက်ဆင်းတုတော်က ဝိနည်းနဲ့ ညီ မညီ ဆုံးဖြတ်ခိုင်းရမှာပါ။ ဒီကိစ္စကနေ မြန်မာပြည်ရဲ့ပြဿနာကို သိနိုင်မှာဖြစ်ပါတယ်။ အချို့ကိစ္စတွေမှာ တစ်ဆင့်ခြင်းပြောင်းလဲရမှာပါ။ ပြောင်းလဲနိုင်ဖို့က NLD ဟာ အစိုးရအဖြစ်အနေနဲ့ ၂၀၂၁ မှာ ဆက်ရှိနေမှပါ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page