top of page
Search
  • Writer's pictureMyat Tun Oo

ဘုံရန်သူကို မမေ့ပါနဲ့

ဘုံရန်သူကို မမေ့ပါနဲ့

ယခုအချိန်မှာ ဒီမိုအများစုဟာ သွေးစည်းညီညွတ်နေပါတယ်။ ဒါဟာ ၁၉၄၈ လွတ်လပ်ရေးရပြီးအချိန်ကစရင် ပင်လုံစာချုပ်အပြီး ပထမဆုံးအကြိမ်လို့တောင် ပြောလို့ရပါတယ်။ ဒီစည်းလုံးညီညွတ်မှုဟာအောင်ပွဲအတွက်အရေးကြီးပါတယ်။

စာရေးသူတို့ အများစုဟာ မြန်မာပြည်ထဲမှာနေပါတယ်။ မြန်မာပြည်သူတွေကသာ တိုင်းပြည်အနာဂတ်ကို ဆုံးဖြတ်ပေးသွားမှာပါ။

ဒီနေရာမှာ စာရေးသူက ယခင်ကဆို DASSK အစိုးရကို ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ မအလညစ်တာတွေကို သိနေခဲ့လို့ပါ။ ဥပမာ သတင်းသမားတွေကို တရားစွဲတာ မအလကိုဝေဖန်သူတွေကို တရားစွဲတာမျိုးပေါ့။ ရိုက်တာကအစပါဘဲ။ ယခု Voice of Myanmar က အယ်ဒီတာကိုမအလက DASSK လက်ထက်မှာ လွှတ်ပေးခဲ့ရပြီး ယခုပြန်ဖမ်းပါတယ်။ တိုင်းရင်းသားကိစ္စတွေဆိုလဲမအလက အမိန့်မနာခဲဘဲ တိုက်တယ်ဆိုတာ ပြောပြရေးပြခဲ့ပါတယ်။ အချို့တွေကလဲ DASSK အစိုးရကို အပြစ်တင်ပါတယ်။ ယခုအချိန်မှာ မအလက ယခင်ကထက်ဆိုးပြီး ပိုတောင်လူမဆန်စွာလုပ်လာတာ အားလုံးသိမှာပါ။ အချို့တိုင်းရင်းသားပါတီအချို့ကို စာရေးသူတို့က မအလသူလျှိုလို့ ပြောခဲ့ပြီးယခုစကစမှာ ပါနေတာကိုကြည့်ရင် စာရေးသူတို့ မမှားခဲ့ဘူးဆိုတာ သိသာပါတယ်။

ဘာသင်ခန်းစာ ယူရမလဲ? စာရေးသူတို့ဟာ ရိုဟင်ဂျာကို ဘင်င်္ဂါလီဆိုပြီး ဘာသာမတူ နိုင်ငံခြားသားဆိုပြီး မအလဖက်ဆစ်တပ်လုပ်တာကို မပြောမိခဲ့ကြပါ။ မထင်ခဲ့ဘူးပေါ့။ စာရေးသူလဲ မထင်တဲ့အထဲ ပါခဲ့ပါတယ်။ ယခုအချိန်မှာတော့ ဖက်ဆစ်တပ်ဟာ ရိုထက်ပိုဆိုးသွားပါပြီ။ နောက် AA ကို စာရေးသူကိုယ်တိုင် ဓာတ်ခဲလို့ခေါ်ခဲ့ပါတယ်။ သူတို့တွေကိုလဲ မအလဖက်ဆစ်တပ်က ရိုကိုလုပ်သလို သတ်ဖြတ်ပြီး အိမ်မီးရှို့ မုဒိမ်းကျင့် လုပ်ခဲ့တာပါဘဲ။ သူတို့လဲ အစပိုင်းမှာ စာရေးသူတို့နဲ့အတူ ရိုကိုသတ်တုန်းကမပြောခဲ့ကြပါ။ အဆိုပါအချိန်မှာ မအလဖက်ဆစ်တပ်က မြေပြန့်ကလူအများစုမိုလို့ တိုင်းရင်းသားများက ဗမာနဲ့မှားပြီး ဗမာက ငါတို့ကိုလုပ်တယ် ထင်ခဲ့ကြပါတယ်။ ယခုအချိန်မှာတော့ စာရေးသူတို့ဟာ လူမျိုးတူ ဘာသာတူ မအလဖက်ဆစ်တပ်ရဲ့ ယုတ်မာစွာ အနိုင်ကျင့် ဗိုလ်ကျ ခိုးစိုးလုယက် ဓားမြတိုက်မှုကို ရန်ကုန် မန္တလေး စစ်ကိုင်းမြို့တွေမှာ တွေ့လိုက်ရပါပြီ။ ဒါ့ကြောင့် မြေပြန့်ကလူတွေကလဲတိုင်းရင်းသားတွေကို စာနာမိသွားသလို တိုင်းရင်းသားတွေကလဲ မအလရဲ့ ဖက်ဆစ်တပ်ဟာ ငါတို့တင်မဟုတ်ဘဲ သူနဲ့ ဘာသာတူ လူမျိုးတူ ဗမာတွေကိုလဲ အာဏာအတွက် ဘာမဆိုလုပ်တယ်ဆိုတာ သိသွားကြပါပြီ. အပြန်အလှန် နားလည်စာနာမှုရှိသွားကြတာပါ။

ဒီနေရာမှာ ဒီမိုများအနေနဲ့ အတိတ်ကို ပြန်ဝေဖန်မနေဘဲ သင်ခန်းစာယူပြီး စည်းလုံးစွာနဲ့ ဘုံရန်သူ မအလကို ဆက်တိုက်ကြပါလို့ အကြံပေးပါရစေ။ ယခုအချိန်မှာ ပြည်သူအများစုက ကုလနဲ့ အန်ကယ်ဆမ်ကို မမျှော်ဘဲ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးပြီး စချနေကြတာ ရန်ကုန်မှသည် မင်းတပ်အထိပါ။စာရေးသူတို့အားလုံး ဆက်လက်စည်းလုံးနေကြရင် ဒီဖက်ဆစ်မအလကို အမြစ်က ဆွဲထုတ်နိုင်မှာပါလို့ပြောပါရစေ။ အရေးတော်ပုံ အောင်ရမည်။

60 views1 comment
bottom of page