top of page
Search

ဘောမ၍ လူသတ်ခြင်း

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 18, 2021
  • 1 min read

ယခုအချိန် စကစရဲ့ မြဝတီနဲ့ MRTV ကို နားထောင်လိုက်ရင် အောက်ဆီဂျင်တွေက ထားစရာနေရာတောင် မရှိပါ။ ရန်ကုန်က စကစဥက္ကဌဆိုရင် အောက်ဆီဂျင်က ၂၀၂၁ နှစ်အကုန်အထိတောင် ရှိနေပါပြီ။ သက်ခိုင်ဝင်းတို့ ခင်ခင်ကြီးတို့ကို မေးပြန်တော့လဲ ဆေးရုံတိုင်းက အောက်ဆီဂျင်နဲ့ လူနာများကို ကုပေးနေသည်ပေါ့။ တပ်မတော် Q စင်တာတွေကလဲ ဖွင့်နေလိုက်တာ တစ်ခုပြီးတစ်ခု။ ရုတ်တရက်ကြည့်ရင် သာယာလှပပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးပေါ့။ဒါမတိုင်ခင်ကလဲ ဇော်မဲလုံးတို့က ပြည်သူတွေက NLD ကို မကြိုက်ဘဲမအလကိုသာ မဲပေးမယောင် လုပ်ခဲ့ကြပါသေးတယ်။

မြေပြင်အခြေအနေကို ကြည့်ရအောင်။ လူတစ်ယောက် ကိုဗစ်ဖြစ်တယ်။ မြို့နယ်ကျန်းမာရေးဖုန်းမကိုင်ဘူး။ အသက်ရူကြပ်လို့ ဆေးရုံသွားတယ်။ လက်မခံဘူး။ ဆေးရုံတစ်ခုပြီးတစ်ခုသွားတယ်။ လက်မခံဘူး။ နောက် အောက်ဆီဂျင်ရှာရတယ်။ တန်းစီရတယ်။ နောက်လင်ကိုလာခေါ်သွားတယ်။ ပြီးတော့ သေတယ်။ မယားက ဆက်ဖြစ်နေပြီ။ သုံးရက်အကြာ မယားပါလိုက်သေတယ်။ သေတော့ သဂြိုလ်ဖို့က သူတို့အိမ်မှာ လူမကျန်တော့ဘူး။

ကံကောင်းလို့ ဆေးရုံရောက်သူရှိတယ်။ လူနာတစ်ထောင်မှာ တစ်ယောက်။ ဆေးရုံမှာ လိုတာအကုန် မိမိဖာသာဝယ်ရတယ်။ သွေးကိုအပြင်မှာစစ်ရတယ်။ ဆေးပညာ ပါမောက္ခဟောင်းလဲအလကားမရဘူး။ ဆေးမရလို့ အောက်ဆီဂျင်ရလားဆိုတော့ အောက်ဆီဂျင်လဲ ဘူးလိုက်ဝယ်ရတယ်။

ယခုသေသူက ရန်ကုန်မှာတင် တစ်နေ့ ၁၀၀၀ ကျော်တယ်။ စကစ စာရင်းမှာတော့ တစ်တိုင်းပြည်လုံး ၂၀၀ မကျော်ဘူး။ သေသူတွေက အောက်ဆီဂျင်မရလို့ ဆရာဝန်နဲ့ မတွေ့ရလို့မဟုတ်ဘူး။အချို့ ပိုက်ဆံတတ်နိုင်သူတွေ နိုင်ငံခြားက အမျိုးဆရာဝန် သမားတော်တွေနဲ့ မေးကုလို့ရတယ်။ဒါပေမယ့် ဟိုက အောက်ဆီဂျင်ပေးပါဆိုရင် အောက်ဆီဂျင်မရှိ၊ အသက်ကယ်ဆေးDexamethasone ပေးပါဆိုရင် ဆေးဝယ်မရနဲ့ သေသွားကြတာ။


ယခု ဖျားမှာစိုးလို့ အာဏာသိမ်းလိုက်တာ

အောက်ဆီဂျင်ပါ တစ်တိုင်းပြည်လုံး ပြတ်သွားတယ်

လူတွေ ငတ်သွားတယ်

သဂြိုလ်စရာ နေရာမရှိတော့ဘူး

ဒါကိုအုပ်ချုပ်တတ်တယ် စီမံခန့်ခွဲတတ်တယ်ထင်ရင် သင်ဟာ စောက်ရူးပါ။

ဒီလိုအုပ်ချုပ်မှုမျိုးနဲ့ နောင်နှစ်ရွေးကောက်ပွဲမပြောနဲ့ ဒီတစ်သက်မနိုင်ဘူးမှတ်ပါ။

ကိုဗစ်ကို လက်နက်နဲ့သာ နိုင်ခဲ့ရင် အမေရိကန်နဲ့ ရုရှားမှာ ကိုဗစ်ဖြစ်စရာ မရှိပါ။

ဘောမတယ်ဆိုတာ အမ မတတ်ရင် လူသတ်တာနဲ့ အတူတူပါဘဲလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
မိုးကုတ်

မိုးကုတ်နားကနေ အတိုးအဆုတ်ကို ဆုံးဖြတ်မှာပါ။ ပြည်သူက အငြင်းမပွါးဘဲ ဘယ် ERO မှ အပြစ်မတင်ဘဲ NUG ကို PRF ကနေ ကူပေးပါ။ ဒါဆို ရလာဒ်ကောင်းမှာပါ။

 
 
 
မိုက်တီးလိုရိုက်

မိုက်တီးကိုဖမ်းရင် ညိုစောရဲ့မရီးမေသဇာဦး၊ ယုန်လေးတို့ကို မမေ့ဖို့လိုသလို နေတိုးတို့အဖွဲ့ကိုလဲ ဖမ်းနိုင်ဖို့လိုပါတယ်။ သနားရင် မအလအုပ်ချုပ်တာ ခံသွားပါ။ကြေညာချက်မထုတ်ပါနဲ့။ စစ်ရေးဆိုတာ အလစ်အငိုက်ပါ။

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jul 18, 2021

ဦးမြတ်!!! ဘောမ၍ လူသတ်ခြင်း ခေါင်းစဥ်အောက်မှာ တက်ကြွစွာ လှုပ်ရှားသူများသည်

~လိမ်ညာ ပြောဆိုမှ ထမင်း ဝ သူ။ ထမင်းစားရသူများ (တနည်း) သူများမျက်ရည်စက်ကို အပြုံးမပျက် ထိုင်ကြည့်ရက်အားသူများသာ

ဖြစ်ပါသည်။

အပေါ်ထပ်ကပါမက အောက်ခြေကပါ ဆိုးသွမ်း ယုတ်မာနေကြပါသည်။

~၁၇ ဇူလိုင် ည၊ မဥက္ကလာ( မေဓါဝီ )ဆေးရုံ အဝင်ပေါက်မှာ လက်နက်ကိုင် သတ်တတ်ရာမှာတော်သော တတ်တော်သားများက လူနာတင်လာသော လူမှု/ကူ အသင်းကားတွေကို လက်မခံပဲ၊ လက်နက်တကားကားနဲ့ ပြန်လွှတ်နေသော မိုက်ရိုင်းရမ်းကားသည့်ပုံရိပ် ဗီဒီယို ဖိုင် ကြည့်မိလျှင် **လူသားမဆန် လူစဥ်မမီ

လူသားစွမ်းရည် တုံး နေကြကြောင်း**သိမြင်လိုက်ရပါသည်။

လူမှန်လျှင် မိမိထံ အားကိုးတကြီးဖြင့် အကူညီရရန် လာသူမှန်သမျှ၏ ရင်ဝကို ဆောင့် မကန်ကြပါ။ လူ ဆန်ကြပါသည်။

~သိကြားမြင်ရ အဖြစ်မှန် သာဓက။ အညာဒေသ တိုင်းထဲက မြို့တမြို့။ ဆေးရုံ မှာ ဖျားပြီး အောက်ဆီဂျင် ရူရင်းသေဆုံးသူကို ဆေးစစ်ရာ နဂ္ဂတစ် (ပိုး မရှိ )ဟု ဆိုင်ရာ ဆေးရုံက ထုတ်ပြန်ကြေညာပါသည်။ နောက်ရက်ခြားမကြာ Qဝင်နေသူတဦး အသက်ရူကြပ်၍ ဆုံးသွားငြားသော်လည်း ဆိုင်ရာထိုဆေးရုံက တစုံတရာထုတ်ပြန်ခြင်း မရှိ။ အဆိုပါ နေ့ရက်များတွင် ထုတ်ပြန်သော ကျန်း/အားဌာန ထုတ်ပြန်ချက်တွင် ထိုမြို့နယ် မပါဝင်ပါ။ မြေပြင်မှာတော့ တကယ်ဖြစ်ပွါးခဲ့ပါသည်။

မြို့နယ်လူထုက ဆေးရုံ ဆို ၊ ယုံ ရမှာလား? သတင်းစကား ပြန့်လွင့်သွားပါပြီ။

ဗုဒ္ဓဘုရားရှင်ကိုယ်တော်တိုင် ဂိလာန(နာမကျန်းသူ)ကို ကိုယ်တော်တိုင် ပြုစုဆောင်ကြဥ်းပေးသလို ပြုစုသူသည် ဗုဒ္ဓအား ပြုစုသူဟု မိန့်မှာကြားခဲ့ပါသည်။

မိမိ အထွတ်အမြတ် ကိုးကွယ်သော ဗုဒ္ဓဘုရားရှင်၏ မှာတမ်းစကား အလေးမထားသောကြောင့်

~ရက်ရက်စက်စက် သတ်ရဲကြပါပြီ။

~ငရဲဆိုတာ မကြောက်ကြတော့ပါပြီ။

သို့မို့ ထူးတော့မည်မဟုတ်၊ သည်ထက်ဆိုးသော…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page