top of page
Search

ဖွတ်လေးခုံလို့ ဖုံမထပါ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 10, 2020
  • 1 min read

လူအချို့က မဲရလာဒ်ကို ဖွတ်က လက်မှတ်မထိုးလို့ စိတ်ပူနေသူများရှိလို့ ဒီစာကိုရေးတာပါ။ ပထမဆုံးက ဖွတ်တွေ မဲရှုံးတာဟာ အမေရိကန်မှာ ထရမ့်ရှုံးသလို ၀.၅% ကပ်ရှုံးတာ မဟုတ်ပါ။ ၃၀-၄၀% နဲ့အပြတ်အသတ် ရှုံးတာပါ။ ပုံမှန်စိတ်မှန်ပြီး ဦးနှောက်ကောင်းရင် အခြေအနေကို သိပါတယ်။ နောက်၂၀၀၈ ခြေဥအရ ဖွတ်က လက်မှတ်မထိုးလဲ ရွေးကော်က တရားဝင် ကြေညာလို့ရပါတယ်။ ဒါက ပထမအချက်ပါ။


ဒုတိယအချက်က အမေရိကန်မှာ ခြေဥအရ ရွေးကောက်ပွဲရလာဒ် အငြင်းပွါးရင် တရားရုံးချုပ်ကိုနောက်ဆုံးရောက်ပါတယ်။ ဥပမာ ဘုရှ် Bush နဲ့ အယ်ဂိုး Al Gore က Florida ပြည်နယ်ကိစ္စပါ။ ၂၀၀၈ခြေဥအရ ရွေးကောက်ပွဲအငြင်းပွါးရင် ရွေးကော်ရဲ့ အဆုံးအဖြတ်က နောက်ဆုံးပါ။ မြန်မာပြည်ရဲ့လက်ရှိတရားသူကြီးချုပ်နဲ့ ရှေ့နေချုပ်က မိုးကျပေမယ့် ရွေးကော်ဥက္ကဌက မိုးကျမဟုတ်ပါ။ ဒါဟာလဲ၂၀၀၈ ခြေဥက သူတို့ကို ပြန်သတ်သလိုဖြစ်သွားတာပါ။


တတိယက ရွေးကော်ကို ဆန္ဒပြတာဘာညာနဲ့ ဖွတ်တွေက ရွေးကောက်ပွဲရလာဒ်ကို တရားမဝင်အောင်လုပ်ဖို့ ကြိုးစားတာပါ။ ဒီဟာကလဲ ပြန်ပြောရရင် သူတို့ရှုံးတာဟာ ကပ်ရှုံးတာမဟုတ်ဘဲ ဖွတ်တွေဟာခွေးမောင်းခံရသလို ခံလိုက်ရတာပါ။ နိုင်ငံတကာကလဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ပြောပြီးသားပါ။ မဲရုံတစ်ထောင်မှာ မဲရုံအနည်းငယ် ပြဿနာဖြစ်တာဟာ လူ့သဘာဝပါ။ မြန်မာပြည်လိုရွေးကောက်ပွဲကို သုံးခါလောက်လုပ်တဲ့တိုင်းပြည်မပြောနဲ့ အမေရိကန်မှာလဲ ပြဿနာရှိတာပါဘဲ။လက်ရှိတည်ဆဲ ၂၀၀၈ ခြေဥအရသာ ဖြေရှင်းရမှာပါ။ ဆူဆူပူပူလုပ်လာရင် ပြည်သူ့အစိုးရက ဆူပူမှုအောင်လုပ်တဲ့ ကြံ့ဖွတ်ခေါင်းဆောင်တွေကို ဖမ်းလို့ရပါတယ်။ ထောင်ထဲ ဝင်ရဲရင်လုပ်ပါ။


အကျဉ်းချုပ်ရရင် သူတို့ရဲ့ သာဝတောင် လေသံပြောင်းသွားတာ အားလုံးသတိထားမိမှာပါ။ ကြံ့ဖွတ်ဟာ လူထုထောက်ခံမှုမရှိဘဲ တပ်မဲနဲ့သာ အဓိကရပ်တည်နေတာပါ။ စိတ်အေးအေးထားပါ။ ဘာမှ စိတ်မပူကြပါနဲ့။ သာဝကိုလဲ သူ့ဆရာက ဆုံးမသလို သူ့မိန်းမကလဲ သူ့ဆရာရဲ့သားမက်က NLD မဲပေးချိန်မှာ ကြားက အာမခြောင်ဖို့ ဆုံးမထားပါတယ်😀။ အားလုံးအေးဆေးပါ။ ဖွတ်လေးခုံလို့ ဖုံမထပါဘူးလို့ပြောပါရစေ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

9件のコメント


Myint Soe Oo
Myint Soe Oo
2020年11月10日

ဦးမြတ်! ph errorကြောင့်

သြဇာ=အောဇာ အဖြစ်ဖြည့်စွက်

ဖတ်ပေးပါရန်။

いいね!

Myint Soe Oo
Myint Soe Oo
2020年11月10日

ဦးမြတ်! ဖွားစုကိုကြည်ညိုထောက်ခံသူမှန်သမျှ မရိုင်းပျကြပါ။ ရိုင်းပျရင် မြေကြီးပထဝီက ဆွဲခေါ်မြှုပ်နှံတာ ဒေဝဒတ်က သက်သေခံခဲ့ပါပြီ။ ခုလည်း????


မြေကြီး၏ ကြေညာချက်

ဤမြေကြီး၌

အသီးအနှံ ပန်းမန်မျိုးစုံ

စိုက်ကြကုန်။


ဤမြေကြီး၌

ခိုမှီးစရာ၊ အိပ်ရာတဲရုံ

ဆောက်ကြကုန်။


ဤမြေကြီး၌

စီးနင်းစရာ ၊ ယာဥ်သာရထား

လမ်းများဖုံဖုံ ၊ ဖောက်ကြကုန်။


ငါ့မြေသားကို

အခြား အပိုင်း ၊ တန် တိုင်း သတ်မှတ်

မခတ်ကြနှင့်။


ငါ့မြေသားကို

လက်ဝါးကြီးအုပ်၊ လက်တဆုပ်က

ချုပ်ချယ်တားဆီး၊ အပိုင်စီး၍

မြေကြီးဓားပြ ၊ မတိုက်ကြနှင့်။


ငါ့မြေသားကို

အားအင် မထုတ် ၊ ကိုယ် မလုပ်သူ

တစ်ဆုပ်ကယ်မျှ ၊ မပိုင်ကြနှင့်။


အကယ်၍သာ ၊ငါ့ ​သြဇာကို

မနာ မယူ ၊ ရှိပါမူကား

ထိုသူအသား ၊ ကျွတ်ကျွတ်ဝါး၍

မြေသားဆီနှစ် ၊ သြဇာဖြစ်အောင်

စင်စစ် စတေးရလတ္တ့ံ။

တင်မိုး

၂၂. ၉. ၁၉၆၄


ချစ်တီးကုလား? ???????

မြေထောက်ခချမှ လယ်လုပ်သူသာ လယ်ပိုင်ခွင့်? ??????

ဖားကန့် မြေပုံစာ? ??

မြူးဇစ်ဇုန်??????

ငြင်းမရသော သက်သေများ!!!!!!!

いいね!

Naing Win
Naing Win
2020年11月10日

ဒီစာကိုဖတ်ရတာအားအင်တွေပြည့်သွားသလိုပါဘဲ။

いいね!

Myat Tun Oo
Myat Tun Oo
2020年11月10日

Naynangmyint, ဘသန်းဌေးက မဲရှုံးလို့ ဂေါက်သွားပုံပါ။

いいね!

naynanmyint629395
naynanmyint629395
2020年11月10日

ကျမ ကလဲ fb. user မဟုတ်လို့

ဆရာမြတ် ကိုလေးစား ချစ်ခင်

သော အားဖြင့် ဆရာမြတ် ရဲ့

ဆောင်းပါးမှ တဆင့်အ ကြောင်း

ပြန်ပါတယ် ဦးသန်းဌေး

(အမှ န် က ဦး တပ်မခေါ် ချင်ပါဘူး NLD နဲ့ ပတ်သက်လာ လို့

NLD supporters များ ကို ရိုင်း

တယ်အပြောမခံနိုင် လို့ ဆိုတာ

မှတ်ထားပါ ဦးသန်​ဌေး )


ကျမ တို့ပြည်သူများဟာ

ရှင်တို့ကို အမုန်ကြီး မုန်းပါတယ်

DASSK က တားထားလို့ သာ

ရှင်တို့ သက်သာရာ ရနေတယ်

မှတ်ပါ


သာမန်ပြည်သူများထက်

တပ်ထဲက အမှန်သမား မို့

ထုထောင်းခံရပီး မိသားစုလိုက်ဘဝပျက်

ခဲ့ရတဲ့ ကျမ တို့ တပ်မိသားစု

ဟောင်း များက ပိုနာကျည်း

တယ်မှတ်ပါ


DASSKအာဏာစွန့်တဲ့ နေ့

ဟာ ရှင်တို့ရဲ့နောက် ုံးနေ့များ

ဖြစ်လာလိမ့်မယ် သိထားပါ


いいね!
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page