top of page
Search

ဘောမများမှတ်သားရန်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 19, 2022
  • 1 min read

ree

ဘောမတွေက မအလလုပ်တဲ့ရွေးကောက်ပွဲကို မဖျက်နဲ့။ ရွေးကောက်ပွဲမလုပ်နိုင်ရင် စစ်အုပ်ချုပ်ရေးဖြစ်သွားလိမ့်မယ် ဘာညာဆိုပြီး ခြိမ်းခြောက်လေ့ရှိပါတယ်။ ဒါက ၂၀၂၁ မတ်လမှာ လူအချို့ကို တွေဝေစေနိုင်မှာပါ။ ဒါပေမယ့် ၂၀၂၂ ဇန်နဝါရီမှာ မအလဟာ ရွေးကောက်ပွဲကို ဘရွှေလို လုပ်နိုင်အုံးမှာလား အာဏာသိမ်းတယ်ဆိုပြီး စစ်အုပ်ချုပ်ရေးဆိုရင် ဘာဖြစ််မှာလဲ လေ့လာကြည့်ရအောင်။

မအလရဲ့ ဘောမအများစုဟာ ဘရွှေလုပ်တာကို အားကျပြီး ရည်ညွှန်းကြတာများပါတယ်။ ဘရွှေကDASSK ကိုဖမ်း NLD မပါတဲ့ ရွေးကောက်ပွဲလုပ်ပြီး သိန်းစိန်ကို အာဏာလွှဲပေါ့။ မအလကလဲ ဒီပုံကိုအားကျတာပါ။ ဒါပေမယ့် သူတို့တွေမသိတာက ၂၀၂၂ မှာ NUG နဲ့ PDF က အားကောင်းနေတယ်ဆိုတာပါ။ NUG နဲ့ သူ့ရဲ့အဖွဲ့ PDF က သဘောမတူဘဲ ရွေးကောက်ပွဲကို ၂၀၂၃ ဩဂုတ်မှာလုပ်တယ်ဆိုပါစို့။ အဲ့ဒီရွေးကောက်ပွဲဟာ နေပြည်တော်နဲ့ ရှမ်းပြည်နေရာအချို့မှာသာ ကျင်းပလို့ရမှာပါ။ ဒါတောင်ရွေးကောက်ပွဲလုပ်ရာမှာပါတဲ့ ကော်မရှင်ဝင်တွေဟာ အကြမ်းဖက်သမားတွေလို အပြစ်ပေးခံရမှာပါ။ထွေအုပ်တောင် လုံခြုံရေးမပေးနိုင်ချိန်မှာ ရွေးကော်ကို လုံခြုံရေးပေးနိုင်မယ်လို့ သင်ထင်ပါသလား? ဒီနေ့ရွေးကော်လူကြီးလုပ် နောက်နေ့ မိမိအိမ်ပြန်နေရမှာပါ။ တပ်ထဲမှာ တစ်သက်လုံးသွားနေလို့ မိသားစုလိုက်မရပါ။ ဘယ်သူမှ မိမိအသတ်အသေခံပြီး မအလထံအမှုထမ်းပြီး မိုက်မယ်မထင်ပါ။ ခွေးအချို့တော့ ရှိမှာပေါ့။ ဒါက ရွေးကော်ပိုင်းပါ။ နောက် NUG/PDF ရဲ့ ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲပြိုင် နိုင်တဲ့အမတ်တွေဟာလဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ မအလနဲ့ပေါင်းလို့ အကြမ်းဖက်သမားအနေနဲ့ အရေးယူခံရမှာပါ။ မအလသူပုန်တပ်က NLD အမတ်တွေကို အရေးယူသလိုပေါ့။ ၂၀၁၀ မှာPDF မရှိခဲ့ဘဲ ၂၀၂၂ မှာ PDF က အားကောင်းနေပါပြီ။ ရှေ့လတွေ နှစ်တွေမှာ မအလပိတ်လို့မရတဲ့NUG ရဲ့ PRF တော်လှန်ရေးမိသားစု လစဉ်ထောက်ပံ့ငွေက များလာပြီး PDF ရဲ့ လက်နက်တွေက ပိုလို့သာကောင်းလာမှာပါ။ နောက် PDF ကလေးတွေက ထုတ်လုပ်နေတဲ့ မိုင်းတွေ၊ လက်နက်တွေ၊ မောင်းသူမဲ့ယဉ်တွေက တစ်ရက်ထက်တစ်ရက် နည်းပညာပိုတက်လာတာ တွေ့နေရပါတယ်။ ဒါကြောင့် ယခင်ကလို ဖော်ရှိုးရွေးကောက်ပွဲတောင် လုပ်ဖို့မအလမှာ မလွယ်ပါ။

ဒါဆိုရင် အာဏာထိန်းတာကနေ အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေးလုပ်မှာပေါ့လို့ ဘောမတွေက ပြောမှာပါ။ မြန်မာပြည်သူတွေအတွက်က အာဏာထိန်းထိန်း သိမ်းသိမ်း မအလအုပ်ချုပ်တာက ပုလ္လင်ပေါ်ခွေးတက်တာပါ။ ယခုမအလက ဟိုလိုဒီလိုလုပ်နေလို့ အာဆီယံနဲ့ အနောက်အုပ်စု၊ တရုတ်တို့က အဖြေရလိုရငြား စောင့်ကြည့်နေတာပါ။ ဘာမှပြန်လမ်းမရှိရင် တရုတ်ကအစ အာဆီယံအလယ် အမေရိကန်အဆုံး NUG ဘက်က ရပ်တည်ဖို့ ဆုံးဖြတ်ရတာ ပိုလွယ်သွားရုံသာရှိပါမယ်။ ဥပမာ တရုတ်ကိုကြည့်ပါ။မအလက နယ်မြေမစိုးမိုးနိုင်တာ ၂၀၂၂ မှာ တရုတ်အတွက်ထင်ရှားနေပါပြီ။ သူက ရွေးကောက်ပွဲမလုပ် စစ်အုပ်ချုပ်ရေးသာဆို သူ FN 6 အလုံးတစ်ထောင်လောက် ရူးချင်ယောင်ဆောင် လွှတ်ပေးလိုက်တာနဲ့ PDF က မအလတပ်ကို နိုင်နိုင်တယ်ဆိုတာ သူ့စစ်တပ်ကလူတွေက သိပါတယ်။ ယခုတောင် စစ်ကိုင်းကသူ့စက်ရုံတွေ စပိတ်နေရပါပြီ။ နောက်ပိုင်း သူ့ပိုက်လိုင်းလာထိမယ်ဆိုတာ သူသိမှာပါ။ PDF ကို ထိပ်တိုက်မတွေ့ဘဲ ငါ့ပိုက်လိုင်းကို မထိနဲ့ ငါကလက်နက်ပေးမယ်ဆိုပြီး ညှိလာမှာပါ။ နောက်စင်ကာပူနဲ့ အခြားအာဆီယံနိုင်ငံတွေလဲ မအလက စစ်အုပ်ချုပ်ရေးဆို သူတို့ဆုံးရှုံးရတာ ပိုများလာမှာမိုလို့NUG ကို ဗြောင်ထောက်ခံလာမှာပါ။ အမေရိကန်ဟာလဲ ပြန်လမ်းမရှိရင် NUG ကိုသာ ထောက်ခံလာရမှာပါ။ အမေရိကန်က အသိအမှတ်ပြုရင် အခွန်ဝင်ငွေကောက်ရပိုလွယ်လာမှာဖြစ်ပြီး NUG က တဆင့်PDF ကလဲ အားကောင်းလာမှာပါ။

အကျဉ်းချုပ်ရရင် မအလမှာ ပြေးစရာမြေမရှိ ရွှေ့စရာ အကွက်မရှိသလောက်ပါ။ သူကခင်ညွန့်လက်ထက်က စစ်ထောက်လှမ်းရေး မြေခွေးတွေကို ပြန်သုံးပြီး နှိပ်ကွပ်ဖို့ ကြိုးစားနေပေမယ့်တိုင်းပြည်က ၂၀၂၂ ကို ရောက်သွားခဲ့ပါပြီ။ သူရင်ဆိုင်နေရတာက DASSK နဲ့ NLD တင်မဟုတ်တော့ဘဲ တစ်တိုင်းပြည်လုံးက ပြည်သူတွေ Gen Z တွေနဲ့ပါ။ ဘောမများအနေနဲ့ ပြည်သူကိုလာပြီး မခြောက်နေပါနဲ့။ ၂၀၂၂ မှာ မအလဘာလုပ်လုပ် ပြည်သူက မကြောက်တော့ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

4 Comments


Johnny JOE
Johnny JOE
Jan 19, 2022

It would be more risk for both sides. But China use to play with fire

Like

Myint Soe Oo
Myint Soe Oo
Jan 19, 2022

ဦးမြတ်!!!ဆောင်းပါးမှာ ဘောမ ဟုရေးသားထားသည်ကိုတွေ့လိုက်ရပါသည်။

‌ေဘာ ဆိုသည်မှာ မြန်မာစကားအရ ကပ္ပါယ် အိတ် ဖြစ်ပါသည်။ ကပ္ပါယ်အိတ်သည် (ရိုင်းပျပါက ခွင့်လွှတ်ပါရန် ) အမြဲတစေ အောက်ဖက်သို့သာ တွဲလောင်းကျရပါသည်။ ကမ္ဘာ့ မြေဆွဲအား ( g )ကြောင့်ဖြစ်ပါသည်။ မ သည်ဆိုကတည်းက ကျ နေသောကြောင့် မ ရသည်ဆိုသည်မှာ ထင်ရှားပါ၏။ သဘာဝမြေဆွဲရှိန်( g = 9.8 m/s2 ) တွန်းလှန်နိုင်ဖို့ အား လိုပါသည်။အား ဖြစ်ပေါ်ဖို့ အစုအဖွဲ့၏ ပင့်တင်အား လိုပါသည်။ သဘာဝကို ဆန့်ကျင်ရပါသည်။ အမှန်မမြင်နိုင်မှု ၊ပကတိ အခြေနေကို လျစ်လျူရှုရပါသည်။သဘာဝက အဖြူပြလျှင် အမည်းမြင်ဖြစ်အောင်မြင်ရပါသည်။

ယခုအခါ ပကတိ အခြေနေအမှန်ကို ‌‌‌‌‌‌‌‌‌‌ကလေးငယ်ကပင် သိ ပါသည်။ အခြေနေမှန်ကို မသိ၊ သိသော်လည်း *မ* ရမှ ကျေနပ်သူများသည် အန္ဓ ဗာလများသာဖြစ်ပါသည်။ ရူးရူးကန်းကန်း အမိုက်သားတသိုက်ဟု မြန်မာမှုပြုလျှင်သင့့်လျော်မည်ထင်ပါသည်။

အာဏာ ဓနစည်းစိမ်အတွက် ရူး

သို့အတွက် အမှန်ကို အမှားထင်၊ အမှန်ကို မမြင် ။ခြေထောက်ကြီးတွေ့ပါလျက်အိမ်တိုင်ကြီးဟု ပြောသည့် ပုဏ္ဏား ကန်း သို့။ အပုံကြီး နားက မခွါနိုင်၊ ပုံ*ထားတွေနဲ့ နား* နေနိုင်အောင် မိုက်* နေကြခြင်းဖြစ်ပါသည်။ အမြင်မှန်သူတွေနဲ့ ဆန့်ကျင်လျက် ဆန့်ကျင်ဖက်မှာသာ ရပ်တည်နေရပါသည်။ ခုအခင်းကျင်းသည် (ဟွန်ဆန် တွန်သံ ပေးသည်ကိုပင် ဝိုင်းဝန်းရှုံချသည်ဖြစ်ရပ် ) ဆင်ခြေရာကြီး ထင်းထင်းကြီးတွေ့နေပါလျက် ဘာကောင်ပါလိမ့်? သည်မျှထိ အမှန် မမြင်နိုင်ကြတော့ပါ။

တနည်း ဘောမဆိုသည်မှာ ရှေးခေတ် ဝန်မင်းများနှင့် မခြား၊ သဏ္ဍာန်တူလှပါသည်။ စလွယ်ပျော့ပျောင်း ဘောင်း နားဍောင်းတွေ တောက်ပဖို့ အတွက်။

မည်သို့ပင် မှားနေစေကာမူ အလိုလိုက်အကြိုက်ဆောင် ပြောရပါသည်။

မြန်မာ့သမိုင်းမှာ လူသိများဆုံးသာဓက။


Like

Johnny JOE
Johnny JOE
Jan 19, 2022

But China has starting how to use Yaun currency to Malo and his staffs as well as how to identify the protesters over the CCTV

Like
Myat Tun Oo
Myat Tun Oo
Jan 19, 2022
Replying to

China will learn when their pipelines are destroyed.

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page