ဘောမတာရပ်ပါ
- Myat Tun Oo
- Oct 22, 2022
- 1 min read

PDF/EAO က စစ်တပ်ကိုတိုက်လို့ စစ်တပ်က PDF/EAO ကိုမတိုက်ဘဲရွာတွေကိုမီးရှို့ အရပ်သားတွေကိုသတ်ရင် ဘောမပညာရှင် ဘောမသတင်းသမားတွေ၊ ဘောမကြားနေပါတီတွေက မအလတပ်ကိုအပြစ်မတင်ဘဲ ပြည်သူတွေနာမယ် မတိုက်ပါနဲ့ ရပ်ပါဆိုပြီး ပြည်သူ့ကိုယ်စားပြောသလိုလိုနဲ့ မြို့တွေကို PDF/EAO ရဲ့ အတိုက်မခံရအောင် ဝိုင်းပြော ဖိအားပေးလေ့ရှိပါတယ်။ ယခုမအလကို နာမည်ဖျက်စာရင်းထဲထည့်တာက မအလသားသမီးတွေနဲ့ စကစသားသမီးတွေက ဘိန်း၊ လက်နက်၊ ဆေးပြားရောင်းဝယ်ရာမှာ ပါလို့ပါ။ ပြည်သူတွေရဲ့ စီးပွါးရေးက မအလအာဏာသိမ်းကထဲက စီးပွါးပျက်ပြီးသားပါ။ သတင်းရေးရာမှာ သတင်းသမားရော ပညာရှင်ရော ဘောသိပ်မမပါနဲ့။ သတ္တိရှိရင် ဒီလိုဖြစ်ရတာ မအလကြောင့် မအလကအာဏာကိုပြည်သူ့ထံ ပြန်အပ်ပါလို့သာ ပြောလိုက်ပါ။ မဟုတ်ရင်သင်ဟာ ပညာရှင်ယောင် သတင်းသမားယောင်ဆောင်ပြီး ဘောမနေတာလို့ ပြောပါရစေ။ ဘောမတာရပ်ပါ။
Comentários