top of page
Search

ဘာဘာ ဘာမှ မသိဘူး

  • Writer: Myat Tun Oo
    Myat Tun Oo
  • May 19, 2021
  • 1 min read

ဖက်ဆစ်မအလ အာဏာသိမ်းအပြီးမှာ NLD အစိုးရလက်ထက် သေနတ်တစ်ချက်မဖောက်ရဘဲ ငြိမ်သက်နေခဲ့တဲ့ မြန်မာပြည်ကြီးဟာ မီးဟုန်းဟုန်းတောက်ပါတော့တယ်။ ယခင်က ရခိုင်မှာ သူတို့စစ်ရှုံးရင် ဧည့်စာရင်းကြောင့် မေမြို့မှာ မိမိစရဖက NLD ပါတီဝင်နောက်သာလိုက်နေလို့ ဝင်အပစ်ခံရရင်လဲဧည့်စာရင်းကြောင့် ဟိုဥပဒေကြောင့် ဒီဥပဒေကြောင့်ဆိုပြီး အပြစ်ပုံချလေ့ရှိပါတယ်။

ယခုလာပါပြီ။ ၂၀၂၁ ဖေဖော်ဝါရီကစပြီး မြန်မာပြည်ကို ဖက်ဆစ်စနစ်နဲ့ မအလက အုပ်ချုပ်နေတာပါ။ဧည့်စာရင်းဥပဒေလဲရှိပါတယ်။ မည်သူမဆို အချိန်မရွေး အဖမ်းခံရပြီး မနက်ဆို အလောင်းသာပြန်ရတဲ့အထိ ရိုက်နှက်စစ်ဆေးတာလဲ ခံရပါတယ်။ လုံခြုံ​ရေးဟာ တပ်မတော်ရဲ့ ကျွမ်းကျင်တဲ့အပိုင်းဖြစ်ရမှာပါ။

တကယ်ဖြစ်နေတာက မြန်မာတစ်ပြည်လုံးမှာ ဗုံးပေါက်မီးလောင်ပြီး ဗြောင်းဆန်နေတာပါ။ အချို့က မအလဖက်ဆစ်တပ်က ရှို့တာပါ။ ဥပမာ NLD ရုံးချုပ်နဲ့ ဆရာဇော်ဝေစိုးအိမ်ပါ။ နောက် ကျောင်းအချို့မှာ ဗုံးဖောက်တာ စျေးမီးရှို့တာပါ။ ဒါက စရဖထောက်လှမ်းရေးက အကွက်ချလုပ်တာပါ။ ဒီနေရာတွေပေါက်ရင် သူတို့ရဲ့ တုံ့ပြန်မှုက အေးဆေးပါ။ ပေါက်မယ်ဆိုတာသိတယ်။ ဝတ်ကျေတန်းကျေ တုံ့ပြန်ပါတယ်။

ဒါပေမယ့် အချို့ထွေအုပ်ရုံးတွေ မီးလောင်တာကတော့ သူလဲဘယ်သူလုပ်တယ်ဆိုတာ မသိပါ။ သူကNUG ကို လွှဲချပေမယ့် NUG မှာ ထိုအချိန်က PDF တောင်မဖွဲ့ရသေးပါ။ နောက် ဟိုက တရားဝင်တပ်မိုလို့ စစ်စည်းကမ်းတွေလိုက်နာရမှာမိုလို့ ဒါမျိုးလုပ်ရမလွယ်ပါ။ နောက်နယ်စပ်ကနေ ယခုမှဝင်လာရမှာဖြစ်ပြီး ဖက်ဆစ်တပ်ကလဲ အဝေးပြေးလမ်းမတွေပေါ်မှာ တင်းတင်းကျပ်ကျပ် စစ်နေပါတယ်။

မနေ့က လမ်းမတော်ထွေအုပ်သေတာကတော့ သူတို့ကိုလဲ လန့်သွားစေခဲ့ပါတယ်။ သတ်သွားတာကမြောက်ဦးမှာဆို ဘာမှမဖြစ်ပေမယ့် ရန်ကုန်မြို့လယ်မှာဆိုတော့ သူတို့ရဲ့ လုံခြုံရေးကို ထိသွားပါတယ်။နောက် အစပိုင်းမှာ သူတို့လူအချင်းချင်း ပြန်ပစ်သလိုပြောအပြီး ဗီဒီယိုဖိုင်ထွက်လာအပြီးမှာ ရန်ကုန်စရဖ မြွေဖမ်းနေပါတယ်။ သူတို့ရဲ့ ဖော်မြူလာက အနားကလာကြည့်သူတွေကိုဖမ်း ဆန္ဒပြကလေးတွေကိုဖမ်းပြီး ထိုးကျွေးနေပေမယ့် တကယ်လုပ်သူက လွတ်နေပုံပါ။ လုပ်သွားသူတွေဟာလဲ စနစ်တကျရှိတာ တွေ့ရမှာပါ။ သူတို့လိုနေတာက တပ်ထဲမှာ CDM မလုပ်ဘဲ ကျန်ရှိနေသူများထံက မအလနဲ့ အရာရှိကြီးတွေရဲ့ လှုပ်ရှားမှု အတွင်းသတင်းပါ။ ထိုသတင်းသာရရင် ပစ်မှတ်အကြီးကြီးတွေကို ပစ်ခတ်ချေမှုန်းနိုင်မှာပါ။

စာရေးသူအနေနဲ့ သူတို့ဘယ်သူလဲဆိုတာ မသိပါဘူး။ ဒါပေမယ့် သူတို့ဟာ စရဖနဲ့ မအလကို တုန်လှုပ်ခြောက်ခြားစေတာကတော့ အမှန်ပါ။ ဆန္ဒပြသူကလဲ ဆက်ပြနေရမှာပါ။ ဖာလူဒါကျွေးလိုသူကလဲဆက်ကျွေးရမှာပါ။ ဒန်ပေါက်ကျွေးလိုသူကလဲ ဆက်ကျွေးပါ။ သစ္စာဖောက်အုပ်ကြီးတွေကို လမ်းမှန်ကို ပို့ပေးသူများကလဲ ဆက်ပို့ပါ။ PDF ထဲ ဝင်လိုသူကလဲ ဆက်ဝင်ပါ။ CDM သမားကလဲ ဆက်လုပ်ပါ။ တပ်ထဲက ပြည်သူ့ထံ လက်နက်ရောင်းလိုသူများလဲ ဆက်ရောင်းပါ။ တပ်ထဲက သတင်းပေးလိုသူများလဲ ဆက်ပေးပါ။ အားလုံးက အမြဲကြိုးပမ်းနေရင် သူ့ထောက်လှမ်း​ရေးလဲ ဘာဘာ ဘာမှမသိဘူးဖြစ်လာမှာပါ။ ရန်သူကို အနားမပေးဘဲ ဆက်တိုက်ကြပါလို့သာ ပြောပါရစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page