top of page
Search

ဘီဘီစီမြန်မာပိုင်း၊ Myanmar Now နှင့် နဒီခင်ပြောသောသတင်းများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 13, 2022
  • 1 min read


ဘီဘီစီမြန်မာပိုင်းဟာ PDF ကတိုက်လို့နိုင်တဲ့သတင်းကို အတည်ပြုချက်မရသေးဘူးဆိုပြီး ကြေညာလေ့မရှိပါ။ တော်တော်ကြီး သတင်းကြီးမှ မကောင်းတတ်လို့ ကြေငြာတာပါ။ မနေ့က NUG က ရှေ့နှစ်ကို စစ်ရှိန်မြှင့်မယ်လို့ ကြေညာတဲ့သတင်းနောက်မှာ စီးပွါးရေးက ပိုဆိုးလာတော့မှာဆိုပြီး မအလစောက်သုံးမကျလို့ ပျက်တဲ့စီးပွါးရေးကို NUG နဲ့ ဆွဲဆက်ပြီး ဘောမသွားတာ တွေ့ရပါတယ်။

ဒီနေရာမှာ ဘီဘီစီမြန်မာပိုင်း သတင်းသမားများရဲ့ အမြင်က ယခုလိုစစ်ပွဲဖြစ်ရတာ ပြည်သူတွေအပြစ်DASSK အပြစ်ဆိုတဲ့ပုံကနေ ချဉ်းကပ်တာတွေ့ရပါတယ်။  ဥပမာ ယူကရိန်းနဲ့ ရုရှားစစ်ဆိုရင် အနောက်မီဒီယာက ယူကရိန်းသမ္မတကို အပြစ်မတင်ပေမယ့် အိန္ဒိယသတင်းက အပြစ်တင်သလိုမျိုးပါ။အမျိုးသမီး မုဒိမ်းကျင့်ခံရတာကို မုဒိမ်းကောင်ကို အပြစ်မတင်ဘဲ စကပ်အတိုဝတ်တဲ့ အမျိုးသမီးကိုအပြစ်တင်တဲ့ ကျဉ်းမြောင်းတဲ့ အမြင်မျိုးပါ။ ဒါကြောင့် စာရေးသူက BBC မြန်မာပိုင်းကို အင်္ဂလိပ်အစိုးရကပိတ်လဲ ဝမ်းမနည်းပါလို့ ကြိုပြောထားပါရစေ။


Myanmar Now က သတင်းတစ်ပုဒ်မှာ NUG က လေကြောင်းရန်ကာကွယ်ရေးလက်နက်ရပြီလို့ကြေညာအပြီးမှာ စစ်ကိုင်းမှာ လေကြောင်းကအတိုက်ခံရတယ်လို့ သတင်းရေးပါတယ်။ ဒီသတင်းကမှန်လားဆိုတော့မှန်ပါတယ်။ ဒါပေမယ့် သတင်းခေါင်းစဉ်က NUG နဲ့ ပြည်သူကို တိုက်ပေးထားတာပါ။ထိုနေ့တိုက်ပွဲမှာ မအလက လေယာဉ်ပျံပါသုံးခဲ့တာပါ။ ဒါက ရဟတ်ယာဉ်ကို NUG က ပစ်ချနိုင်တယ်ဆိုတာ သိလို့ပါ။ အချို့ကလဲ NUG ကပြောလို့ဘဲ အတိုက်ခံရသယောင်ပြောလေ့ ရေးလေ့ရှိပါတယ်။တကယ်က အောက်ခြေက ကလေးတွေ သတင်းပေါက်ရာကနေ အတိုက်ခံရတာပါ။ NUG အနေနဲ့ သူ့အမိန့်ကိုမနာခံသေးတဲ့အဖွဲ့တိုင်းကို လေယာဉ်ပစ်လက်နက်ပေးလို့မရတာ ကလေးအတွေးတောင်သိနိုင်ပါတယ်။ ဒီနေရာမှာ Myanmar Now ရော သာမန်ပြည်သူရော စဉ်းစားရမှာက NUG ရော အမေရိကန်နဲ့အင်္ဂလိပ်က အဓိကထောက်ပံ့နေတဲ့ ယူကရိန်းအစိုးရရော လေကြောင်းကတိုက်ခိုက်တာကို မကာကွယ်ပေးနိုင်သေးဘူးဆိုတာ ယူကရိန်းမြို့တော်ကို ရုရှားက ဒုံးနဲ့ပစ်ထားတဲ့ သတင်းတွေကို ဖတ်မိသူပြည်သူတိုင်းသိသင့်ပါတယ်။ အမေရိကန်ရဲ့လက်နက်ကို အလုံးအရင်းနဲ့ရနေတဲ့ ယူကရိန်းတောင် သူ့တိုင်းပြည်လေပိုင်နက်ကို မကာကွယ်နိုင်သေးရင် စာရေးသူတို့ ပြည်သူတွေရဲ့ပိုက်ဆံနဲ့ မှောင်ခိုစျေးကွက်က ဝယ်ရတဲ့ NUG က အပြည့်အဝ မကာကွယ်နိုင်တာကို အပြစ်တင်စရာမရှိပါ။ နိုင်ငံခြားက ဘယ် CNN, BBC သတင်းထောက်ကမှ ယူကရိန်းအစိုးရကို သူက ရုရှားတံတားသွားပစ်လို့ ရုရှားက ပြန်ပစ်တယ်လို့ ယူကရိန်းအစိုးရကို အပြစ်တင် သတင်းမရေးပါ။ ဒါကသတင်းထောက်ကျင့်ဝတ်အရ စဉ်းစားဖို့ပါ။


နဒီခင်ရေးတာကို အသိတွေရှယ်တာတွေ တွေ့ပေမယ့် နဂိုထဲက အနောက်တိုင်းဇောင်းတင်ရေးလို့အထင်မကြီးပါ။ နောက်ပိုင်း ဂိုရှယ်လေးမှန်းသိလို့ NUG ကို ရေးဖို့ အချိန်စောင့်နေတယ်ဆိုတာ ရိပ်မိပါတယ်။ အများစုဟာ မအလမကောင်းကြောင်း ပထမရေးပြီး ပုရိတ်သတ်စုပါတယ်။ ပြီးရင်မစားရ ဝခမှန်း အနောက်မျှော်တွေရေးပါမယ်။ စာရေးသူထပ်ပြောပါ့မယ်။ ဘယ်အမေရိကန်၊ အင်္ဂလိပ်မှ စာရေးသူတို့ကို စစ်တပ်နဲ့ လာမကူပါဘူး။ ကုလမှာ အဆိုတင်ကူညီတာ၊ စီးပွါးရေးဒဏ်ခတ်တာ၊ ဒုက္ခသည်လက်ခံတာသာ အများဆုံးလုပ်မှာပါ။ စာရေးသူတို့ကို လက်နက်ပေးဖို့မပြောနဲ့ စစ်ကိုင်းက ဒုက္ခသည်တွေကိုတောင် ဘာမှမကူသေးပါ။

အကျဉ်းချုပ်ရင် သတင်းတစ်ပုဒ်ဟာ မှန်နိုင်ပေမယ့် တင်ပြသူဟာ မိမိလိုသလို ပြည်သူနဲ့ NUG အစိုးရကို ရန်တိုက်ပေးတတ်ပါတယ်။ သူတို့ရဲ့ အာဘော်အပေါ်မူတည်ပြီး တင်ပြပုံကွာသွားပါတယ်။ စာရေးသူက ယူကရိန်းမှာဖြစ်ချိန် အနောက်မီဒီယာတင်ပြပုံနဲ့ မြန်မာသတင်းသမားအချို့တင်ပြပုံကို ပြည်သူတွေနှိုင်းယှဉ်ပြီး စဉ်းစားနိုင်အောင်ပါ။ နဒီခင်ကတော့ ဂိုရှယ်မိုလို့ ဘာမှမပြောလိုတော့ပါ။ အားလုံးသဘောပေါက်မယ်ထင်ပါတယ်။ ဘယ်သတင်းဘဲဖြစ်ဖြစ် ပြည်သူများစဉ်းစားပါ။ သတင်းနဲ့ ဂျင်းကွဲပြားပါစေ။ ပြည်သူသာ အဓိကပါ။

 
 
 

Recent Posts

See All
ICJ ၏ ၁၀ နှစ်အကြာ ပြောင်းလဲလာသော ကမ္ဘာ

ကမ္ဘာပေါ်တွင် ၂၀၁၅-၂၀၁၆ ခုနှစ်များတွင် အိုဘားမားက အားကောင်းခဲ့ပါတယ်။ ထို့အတူ ICJ နှင့် ICC တို့လည်း အားကောင်းခဲ့ကြပါတယ်။ Black Lives Matter လှုပ်ရှားမှု (လူမည်းများ၏ အသက်ရှင်ခွင့်ကို အလေးပေးသော လှုပ်ရ

 
 
 
NUG အတွက် အရေးကြီးချိန်

NUG ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးမှာက ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေရဲ့ ပြဿနာမဟုတ်ဘဲ NUG ရဲ့ ယာယီသမ္မတက ဘယ်လို တီကောင်လိုကောင်တွေကို ကိုင်တွယ်မလဲဆိုတာက ဆုံးဖြတ်သွားမှာပါ။ NUG ယာယီသမ္မတက NGO လို တုန့်ပြန်ကိုင်တွ

 
 
 
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page