top of page
Search

ဘီဘီစီမြန်မာပိုင်းနှင့် ဒုန်းတောရွာမီးရှို့မှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 11, 2021
  • 1 min read

ဘီဘီစီမြန်မာပိုင်းနှင့် ဒုန်းတောရွာ

စာရေးသူ ဘီဘီစီမြန်မာပိုင်း ပြည်တွင်းထဲက သတင်းထောက်မမက အသတ်ခံရတဲ့ ဒလန်စာရင်းပြုစုတယ်ဆိုတာ ရေးပြပြီးသားပါ။ ယခုရေးပြမှာက ဘီဘီစီမြန်မာပိုင်းဟာ မအလရဲ့ စစ်ရာဇဝတ်မှုတွေကို ရိုကိစ္စမဟုတ်ရင် အမှုပေါ့အောင် လုပ်နေသလားဆိုတဲ့ သတင်းအချက်လက်လစီစစ်ချက် fact checkပါ။

အဆိုပါဒန်းတောရွာမှာ လူဆယ့်တစ်ယောက်ကို အရှင်လတ်လတ် မီးရှို့သတ်တယ်လို့ ခေတ်သစ်၊Myanmar Now နဲ့ အခြားသတင်းဌာန အများစုက တင်ကြပါတယ်။ ဓာတ်ပုံအထောက်အထားနဲ့မျက်မြင်သက်သေတွေနဲ့ပါ။ ဘီဘီစီသတင်းထောက်မကတော့ ထူးဆန်းပါတယ်။ သူမက ဒုန်းတောရွာကို ဖုန်းရပါတယ်။ မျက်မြင်သက်သေဆိုသူ အမျိုးသမီးနဲ့ စကားပြောတယ်ဆိုပါတယ်။ထိုအမျိုးသမီးက ရွာထဲကို စစ်တပ်ဝင်လာတယ်၊ ခံပစ်တယ်၊ သေတယ်လို့သာ ပြောသွားပါတယ်။အဆိုပါအမျိုးသမီးက သူ့ကိုယ်သူ ထွက်ပြေးနေရသူလို့ ဘီဘီစီကို ပြောပါတယ်။ ဒါပေမယ့် သူမက ရွှေတောင်ကြီးကုန်းက ဆင်းလာတဲ့ စစ်ကြောင်းနဲ့ လမ်းတလျှောက်မှာ ပြည်သူကမိုင်းထောင်လို့ ကျတာက လေးယောက်ကအစ သူမကသိနေပါတယ်။ နောက်ရွာထိပ်မှာတိုက်ပွဲဖြစ်ပြီး ၁၁ယောက်သေတယ်လို့ သူမကဆိုထားပြီး အရှင်လတ်လတ်မီးရှို့တာကို ချန်ထားခဲ့ပါတယ်။

ဘီဘီစီသတင်း မှန် မမှန်နဲ့ ဘီဘီစီဟာ ဒလန်ကိုအင်တာဗျူနေလား မအလရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကို ရိုကိစ္စကလွဲရင် ကာကွယ်ပေးနေလား လေ့လာရအောင်။ တိုက်ပွဲမှာ ပုံမှန်ကျတာနဲ့မသေခင်မီးရှို့သတ်တာက ပြစ်မှုကွာပါတယ်။ ဒဏ်ရာရသူကို မသေခင်ဆေးမကုဘဲ မီးရှို့သတ်ရင် စစ်ရာဇဝတ်မှု မြောက်ပါတယ်။ အရပ်သားလက်နက်မပါသူကို မီးရှို့သတ်ရင် လူမျိုးတုန်းသတ်တာပါ။ ဒီနေရာမှာ ဘီဘီစီနဲ့အင်တာဗျူးသူမိန်းမက အသံအစစ်မိုလို့ သူမဘယ်သူဆိုတာဒုန်းတောရွာသားတွေသိမှာပါ။ ရွာသားမှန်ခဲ့ရင်ပေါ့။ ဒီနေရာမှာ အဆိုပါအမျိုးသမီးက ရွှေတောင်ကြီးကုန်းက စစ်ကြောင်းဆင်းလာတာကအစသိပြီး မီးရှို့တာကို မမြင်တာ ထည့်မပြောတာကထူးဆန်းပါတယ်။ ၁၁ ယောက်သေတာကိုလဲ သူမကြားတယ်လို့သာ ပြောသွားပါတယ်။ ဘီဘီစီဟာ ပုံမှန်ဆို သတင်းရင်းမြစ်နှစ်ခုက ရမှသာ ခိုင်လုံတဲ့သတင်းအနေနဲ့ ရေးရတာပါ။ ဘီဘီစီဟာဒလန်တွေအတွက် အစိုးရိမ်လွန်ရင်း ဒလန်ကို အင်တာဗျူးမိတာလားဆိုတာ ဒုန်းတောရွာဖြစ်စဉ်က မေးခွန်းထုတ်စရာဖြစ်လာပါတယ်။ အချို့က မန္တလေး PDF တွေ ဘီဘီစီနဲ့ အင်တာဗျူးအပြီးအဖမ်းခံရတာလဲ မှတ်မိနေပါတယ်။ သတိထားကြပါ။

News Source: BBC Burmese and Myanmar Now

 
 
 

Recent Posts

See All
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 
နန်းတွင်းမှာ မအလထိသွားလား?

သတင်းတွေဟာ တော်လှန်ရေးအဖွဲ့တွေက လိုင်းပေါ်မှာတက်ရေးတာကသာ ပေါက်ကြားတာ များလေ့ရှိပါတယ်။ တပ်ထဲမှာ မအလက သူဘယ်သွားမလဲဆိုတာကို စရဖရဲဝင်းဦးကနေသာ ပြောလေ့ရှိပါတယ်။ သူ့သက်တော်စောင့်တပ်ကသာ သိပါတယ်။ ဝန်ကြီးတွေကို

 
 
 
ဗင်နီဇွဲလား၊ အီရန်မှသည် နေပြည်တော်သို့

သူခိုးတွေဟာ ဘယ်ရဲက တကယ်ဖမ်းလဲဆိုတာသိသလို အာဏာရှင်တွေကလဲ ဘယ်သူက သူတို့ကို အန္တရာယ်ပေးနိုင်လဲဆိုတာ သိကြပါတယ်။ ယခုရေးမှာက စစ်ရုံးအတွင်း ကမ္ဘာ့အရေးကိုမြင်ပုံ ချဉ်းကပ်ပုံပါ။ ကမ္ဘာပေါ်က ကုလလူ့အခွင့်အရေးညီလာ

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Dec 11, 2021

ဦးမြတ်!!! စာကျန်သွား၍ အောက်ပါအတိုင်း ဖြည့်စွက်ဖတ်ရှု ပေးပါရန်။ သဘာဝ ခြင် အကိုက်ခံရလျှင်

ငှက်ဖျား သွေးလွန်တုပ်ကွေး ရောဂါရပါသည်။ အချိန်မီ မကုသလျှင် ငှက်ဖျားပိုး ဦးနှောက်ထဲရောက်၍ ဒုက္ခဖြစ်တတ်ပါသည်။

ယခုလည်း သာမန်ထက်ပိုသော စားဝတ်နေ ပြည့်စုံရုံမျှမက အိတ်ဝင် သပိတ်ဝင် (ဝိသမ လောဘ )ချင် အကိုက်ခံရလျှင်လည်း ကြောင်တောင်တောင်ဖြစ်ပြီး အမြင်ကန်းသော ကြောင်တောင်ကန်းဖြစ်တတ်ကြောင်းဖြစ်စဉ်များ များစွာရှိပါသည်။


Like

Myint Soe Oo
Myint Soe Oo
Dec 11, 2021

ဦးမြတ်!!! လော်တယ် လော်ဘီ ဟူသော

စာစကား ခေတ်စားအသုံးများသောကြောင့် အဘိဓါန်မှာ ရှာဖွေကြည့်မိပါသည်။

lobby~ အမတ် စသည်တို့ကို လိုရာကိစ္စတွင် ထောက်ခံပေးရန် စည်ရုံး ဆွယ်တရားဟောသော အဖွဲ့။

lobbyist~ ယင်းသို့ ဆောင်ရွက်ရန် **အခကြေးငွေ** ယူသူ ဟူ၍ အဓိပ္ပါယ် ဖွင့်ဆိုထားပါသည်။

ပြည်တွင်းအနေအထားအရတော့ အပြောများနေသည့် ၅၀၀၀ စားများကို (အဘိဓါန်ဖွင့်ဆိုချက်အရ ) lobbyist ဟု အမည်တပ် စာရင်းသွင်း၍ရပါသည်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~


ပုထုဇဉ်မှန်သမျှ ငွေကြိုက်ကြပါသည်။

စား ဝတ် နေ အတွက် အဓိက လက်နက်ဖြစ်သောကြောင့်ပါ။

ငါ့ အနေနဲ့လေ

လှတာလေးမှ လိုချင် ၊ ကောင်းတာလေးမှ စား ချင်၊အဆင်ပြေပြေလေး နေချင်

ငါနဲ့တွဲပြီး ချင် အကိုက်ခံရလျှင် အမှန်မမြင်နိုင်သည့် မျက်ခမ်းစပ်ရောဂါဖြစ်တတ်ပါသည်။ အမှောင် အမှား မခွဲခြားနိုင်သော မျက်ချေး ပိတ် ကပ်သောကြောင့်ဖြစ်ပါသည်။

ပြည်တွင်းမှာလည်း မျက်ခမ်းစပ်တစ်ချို့ရှိနေပါသည်။ သို့ပါ၍လည်း အခကြေးငွေယူ၍ လော် ကြခြင်းဖြစ်ပါသည်။မှားသည် မှန်သည် မခွဲခြားနိုင်။

ငါ့ ဝမ်း ပူဆာ ၊ မနေသာသောကြောင့်

ရိက္ခာဝမ်းစာကို ကိုယ်ကျင့်သိက္ခာနှင်

ဖလှယ်ကြပါသည်။

အမှန်ဖက်က ရပ်၊ အမှန်ဖက်က မြင် တွေး ရေး နေကြသူများသည် လော်ဘီမဟုတ်ကြောင်း သိသာလှပါသည်။

လောကသဘာဝ အမှားနှင့် အမှန်လွန်ဆွဲကြပါသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲမှာ လွန်ဆွဲရာတွင် အမှန်ရပ်သူတို့ နိုင်ခဲ့ကြပါသည်။

မျက်ခမ်းစပ်လော်ဘီတို့သည် အစာ မဝခင်တော့ ခင်ရာ မင်ရာအနေနဲ့ အစွဲအလန်းပြကြပါသည်။

အစာ ဝ လျှင်တော့

ဌာန ပြန်ကြပါသည်။

မနေ့က အသံတိတ်သပိတ်က အမာခံထောက်ခံသူတို့ရဲ့ ဆိုင် ပင်၊ မဖွင့်ပါ။

အချိန်တန်တော့လည်း

အိမ်ပြန်သွားကြပါသည်။

သစ္စာတရားသည်သာ ကိုးစားရာ

အရာရာကို အောင်ပွဲခံ။

*မြန်မာနောင်း*း…


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page