top of page
Search

ဘာဆက်လုပ်ကြရမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 1, 2021
  • 1 min read

Admin က စာရေးသူပို့တာကို တင်ပေးတာပါ။

အာဏာမသိမ်းခင် ရက်ပိုင်းအလိုမှာ သမ္မတ (သို့) အတိုင်ပင်ခံကို ရန်ကုန်ရွှေ့ပြီး သူတို့ဖမ်းရခက်အောင်လုပ်ထားဖို့ ကြားလူကနေတဆင့် အကြံပေးခဲ့ဖူးပါတယ်။ စာရေးသူတို့ဟာ ကြောက်တတ်ပြီး ဒီမိုစစ်စစ်များက မကြောက်တတ်လို့ သူတို့ဟာ နေပြည်တော်မှာသာနေပြီး ခုခံဖို့ ဆုံးဖြတ်လိုက်ပုံပါ။အကြံဉာဏ် သူမထံမရောက်တာလဲ ဖြစ်နိုင်ပါတယ်။

ယခုပွဲမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးကို ဝန်ကြီးပေးလိုက်လို့ သူကရာထူးလျှော့ခံလိုက်ရပုံပါ။ဒုဗိုလ်ချုပ်ကြီးစိန်ဝင်းကလဲ ပင်စင်ယူမယ့်ပုံပါ။

ပြည်သူတွေက ဘာဆက်လုပ်မလဲ? လက်နက်ကိုင်ထားတဲ့ ရဲနဲ့ တပ်ဖွဲ့ဝင်အချို့က ဘာဆက်လုပ်မလဲ?

ပထမက မင်းအောင်လှိုင်ဟာ စစ်မျက်နှာနှစ်ခုမတိုက်နိုင်လို့ တိုင်းရင်းသားလက်နက်ကိုင်တွေတောင်းတာကို ပေးပြီးညှိမှာပါ။ တိုင်းရင်းသားတွေအတွက်က ဖယ်ဒရယ်လိုချင်ရင် ခွဲထွက်ချင်ရင် ဒီအချိန်တိုက်တာ အကောင်းဆုံးပါ။

ပြည်သူက အာဏာသိမ်းတာကို ဘယ်လိုခုခံမလဲ? ဒေါ်အောင်ဆန်းစုကြည်က ဆန့်ကျင်ကြလို့ ပြောသွားခဲ့ပြီးပါပြီ။ မေးခွန်းက ဘယ်လိုခုခံမလဲဆိုတာပါ။ စောင့်ကြည့်ရင် နောက်အနှစ်နှစ်ဆယ် စောင့်ကြည့်ရပါမယ်။ နိုင်ငံခြားက ဝင်လို့ရတာဟာ မိမိလူမျိုးတွေကို သေနတ်နဲ့ ပစ်သတ်နေမှ ဝင်လို့ရပါတယ်။ထိုအချိန်မှသာ ပစ်တာများလာရင် အထဲမှာလဲ စိတ်ဝမ်းကွဲလာမှာပါ။


ဒီလို လမ်းပေါ်မထွက်ချင်ရင် အာဏာဖီဆန်ပြီး အထွေထွေသပိတ်မှောက်တဲ့ နည်းလမ်းရှိပါတယ်။ဆရာဝန်တွေက ဆေးရုံမသွားတာ၊ ကျောင်းဆရာ၊ ဆရာမတွေက ကျောင်းမသွားတာ၊ ကုန်ကားတွေမထွက်တာ အစရှိတာတွေပေါ့။ အမိန့်အာဏာဟူသမျှကို တာဝန်အရ ဖီဆန်တာမျိုးပေါ့။ ဒါမှလဲ အမေရိကန်နဲ့ ဒီမိုနိုင်ငံတွေက ကုလမှာ ပြောလို့ရမှာပါ။နောက်နယူးယောက်မှာရှိတဲ့ မြန်မာပြည်ကိုယ်စားပြု ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြည်သူဘက်ကရပ်မလား စစ်အာဏာရှင်ဘက်ကရပ်မလားဆိုတဲ့အပေါ်မှာလဲ မူတည်ပါတယ်။ သူက ကုလကို သူ့တိုင်းပြည်ကို ဝင်ကယ်ပါလို့ လစ်ဗျားကိုယ်စားလှယ်လိုပြောရင်တော့ ပိုကောင်းမှာပါ။ အမေရိကန်နဲ့ ဥရောပရောက် မြန်မာများ သူ့ကို စည်းရုံးကြပါ။


ဒီမိုတွေအနေနဲ့ ယခုအချိန်မှာ ကိုမင်းကိုနိုင်နဲ့ သူ့အဖွဲ့ပြောတာကို လိုက်နာပြီး ဒီမိုတိုက်ပွဲဝင်ဖို့လဲ စဉ်းစားသင့်ပါတယ်။ ဒါမှမဟုတ် ဘထိန်စကားကိုပေါ့။ ဒီမိုတွေမှာ ခေါင်းဆောင်လိုပါတယ်။ တစ်နှစ်ဆိုတာလိမ်ထားတာပါ။ အနည်းဆုံး ၁၀ နှစ်ကြာမှာပါလို့ ကြိုပြောထားပါရစေ။ အာဏာကသိမ်းပြီးသွားပါပြီ။အာဏာသိမ်းမှာစိုးလို့ ဘာမလုပ် ညာမလုပ်ကတော့ မဟုတ်ပါ။

ဘယ်တိုင်းပြည်မှာမဆို တူရကီ၊ လစ်ဗျားနဲ့ ဆီးရီးယားမှာ တင့်ကားကို ခံချခဲ့တာ ပြည်သူပါ။ အဲ့ဒီနောက်မှာ လက်နက်ကိုင်တွေ ခွဲထွက်လာပါလိမ့်မယ်။

ရေရှည်မှာက စီးပွါးရေးပိတ်ဆို့တာကနေ ငတ်ပြီး ဆူတာဖြစ်နိုင်သလို တပ်ထဲကနေ မင်းအောင်လှိုင်နဲ့သူ့မိသားစုကို ပစ်မှတ်ထားတာ ရှိနိုင်ပေမယ့် ဒါတွေက ကြာနိုင်ပါတယ်။ နောက်ဆုံးက ပြည်သူသာအဓိကပါ။

 
 
 

Recent Posts

See All
ဒီနှစ်အတွင်း အားရမိသော NUG

ကမ္ဘာကြီးမှာ ကိုယ်ကျိုးစီးပွါးအတွက် သူတို့အလုပ် သူတို့လုပ်နေကြပါတယ်။ ရုရှားက ယူကရိန်းကို သူ့အကျိုးစီးပွါးအတွက် ဝင်တိုက်သလို၊ တရုတ်ကအလဲ အချောင်ရသမျှ သူ့အကျိုးစီးပွါးအတွက် လိုက်ယူနေပါတယ်။ ဥရောပကလဲ လေလေး

 
 
 
မအားသေးဘူး

ယခုအချိန်မှာ ဘာမှရေးမအားသေးဘူး။ လုံခြုံရေး ပြန်သုံးသပ်နေလို့။ တော်လှန်ရေးမအောင်မြင်ရင် NUG ကြောင့်မဟုတ်ဘဲ အသုံးမကျတဲ့ NUCC ထဲက ထရမ့်ကို ရှုတ်ချတဲ့စာထုတ်တဲ့ အဖွဲ့တွေကြောင့်ဘဲ။ ဗကသလဲ ဒီကိစ္စနဲ့မှနာမည်ပျ

 
 
 
ဘာလို့ မအလတပ်က အသေများတာလဲဆရာ မဖြစ်နိုင်ဘူး(ဘောမကမေးတာ)

စစ်မြေပြင်မှာ မျက်နှာချင်းဆိုင်တိုက်တာ၊ ခံစစ်ကုန်းကိုတိုက်တာက မအလတပ်က ခုခံတာမိုလို့ လက်နက်အများကြီးသုံးတာတောင် အသေနည်းပါတယ်။ ဥပမာ ရခိုင်နဲ့ဗန်းမော်စစ်မျက်နှာတွေမှာပါ။ ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ပဲခူး၊

 
 
 

1 Comment


naynanmyint629395
naynanmyint629395
Feb 02, 2021

အခါတိုင်းက commentရေးဖို့

log in ဝင်ရတယ်

ခု comment box ပွင့်နေပါလား

ဘာဖြစ်လို့လဲ

securityကျိုးပေါက်သွားပီလား

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page