top of page
Search

ဘာကြောင့် NLD မှာ ဒေါက်ညို့တို့ ရာထူးမရလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 21, 2019
  • 1 min read

ဘာကြောင့် NLD မှာ ဒေါက်ညို့တို့ ရာထူးမရလဲ

DASSK က ရွေးကောက်ပွဲအတွက် အမတ်ရွေးရာမှာ အချို့ကို ချန်ထားခဲ့ပါတယ်။ ထင်ရှားသူများကတော့ ဒေါ်ညိုညိုသင်းနဲ့ ကိုကိုကြီးတို့ပါ။ စာရေးသူတောင် DASSK များ မှားရွေးသလားလို့ ထင်ခဲ့မိပါတယ်။ ဘာမှတော့ မရေးခဲ့ပါ။

အဖွဲ့တစ်ခုအတွင်း လူတစ်ရာမှာ ၁၀၀ လုံးတော့ မကောင်းနိုင်ပါ။ ဒါပေမယ့် သူမရဲ့ လူရွေးချယ်မှုဟာ၈၀% ကျော်မှန်တယ်လို့ ပြောလို့ရပါတယ်။ ဝကခ ၁၅ယောက် (နေပြည်တော်အပါ) မှာတစ်​ယောက်သာတရားရင်ဆိုင်နေရတာပါ။ ဒါတောင် အပြစ်ရှိ မရှိက မသေချာသေးပါ။

အဘလက်ထက်မှာက ၁၅ ယောက်မှာ ၁၅ ယောက်နီးပါးပါ။ ကောင်းတာ တစ်ယောက်လောက်များ ပါမလားတော့ စာဖတ်သူများသာ သိမှာပါ။

ဒီနေရာမှာ DASSK မရွေးခဲ့သူများနဲ့ သူတို့ရဲ့ သမိုင်းကြောင်းဟာ ဆက်စပ်မှု ရှိနေတယ်လို့ ယူဆရပါတယ်။ အားလုံးက ၈၈ အရေးခင်းမှာ ပါဝင်ခဲ့ကြပါတယ်။ ပထမတစ်ယောက်က မိုးကုတ်မှာ DASSK လာချိန် ကြိုဖူးခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ နောက်ကြောင်းအရ အဘတို့နဲ့လဲ အတော်သိနေလို့ အမတ်အဆင့်ကနေ ဆက်မပေးပုံရပါတယ်။ ယခုနောက်ပိုင်း ပြောဆိုတာတွေက ဒေါက်ခိုင်ဘယ်သူလဲဆိုတာလူတွေသိလာခဲ့ပါတယ်။

ဒုတိယကတော့ ကွီးကို အမြဲဖောင်းထုနေတဲ့ မတ်မတ် စန္ဒာမင်းပါ။ သူဟာ DASSK ရဲ့အိမ်တော်ကို စောင့်ခဲ့လို့ DASSK ဟာ သူမအကြောင်းကို စာရေးသူတို့ထက်ပိုသိမှာပါ။ သူဟာ အဖမ်းခံရစဉ်မှာခံဝန်ချက်နဲ့ ပြန်ထွက်လာနိုင်ခဲ့ပြီး သူမရဲ့ ပညာရေး ပြီးဆုံးခဲ့ပါတယ်။ ထောင်ကျပေမယ့် သူမဟာအခြားအမာခံတွေလို ထောင်အကြာကြီး မကျခဲ့ပါ။ သူမဟာ နေပြည်တော်မှာ DASSK နဲ့ ကြားဖြတ်ကနေ လွှတ်တော်အတူတက်ခဲ့လို့ သူ့အကြောင်းကို DASSK ကောင်းကောင်းသိမှာပါ။ ၂၀၁၅မှာ သူမဟာလွှတ်တော်အမတ်အနေနဲ့ ရန်ကုန်ကို အပို့ခံခဲ့ရပါတယ်။ သူမရဲ့ နောက်ပိုင်း ပြောဆိုပုံများဟာလွှတ်တော်အမတ်ရဲ့ အပြန်အလှန် ထိန်းချုပ်ဖို့ ပြောတာထက် အမှားကွက်နင်းဖို့ ပြင်နေသလို ဖြစ်နေပါတယ်။

နောက်တစ်ယောက်ကတော့ ဒေါက်ညိုပါ။ သူမရဲ့ ရန်ကုန်လွှတ်တော်မှာ မေးတာတွေကြောင့် သူမကိုNLD ကိုယ်စားလှယ်အနေနဲ့ ရွေးမယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ ထောက်လှမ်းရေးနဲ့အဆင်ပြေသွားပြီး ဒီမိုမလုပ်ဘဲ ပညာတော်သင်နဲ့ အပြင်ထွက်တဲ့လမ်းကိုရွေးခဲ့တာကို DASSK က သိသွားပုံပါ။ DASSK က သူ့အဖွဲ့ပေါ်သစ္စာစောင့်သိသူတွေကိုလဲ ရွေးရမှာပါ။ ဒီမိုတိုက်ပွဲအ မပြီးသေးတာသူမသိပါတယ်။ ယခု ဒေါက်ညိုပြောပုံတွေဟာ သူမရဲ့ ခံယူချက်နဲ့ အပြုသဘောထက် ကန့်လန့်ပြောနေတာကို သိသာစေပါတယ်။ သူမဟာ စာရွက်ပေါ်မှာ လွဲ့ရပေမယ့် ခေါင်းဆောင်သာလုပ်ချင်ပြီး အစုအဖွဲ့နဲ့ မလုပ်တတ်တာသိသာလာပါတယ်။

ကိုကိုကြီးကတော့ ယခုလုပ်နေတာတွေကို ကြားရအပြီးမှာ DASSK တော်လိုက်တာလို့ ဖြစ်သွားခဲ့ရပါတယ်။ သူမက စာရေးသူတို့ ၂၀၁၅ မှာ ကိုကိုကြီး ၂၀၁၉ မှာ ဘာဖြစ်မယ်ဆိုတာကို ကြိုမြင်နေသလိုပါ။

ပြန်ချုပ်ရရင် ဒေါက်ညိုတို့ ဒေါက်ခိုင်တို့က ဒေါက်တာဘွဲ့ရပေမယ့် အဖွဲ့နဲ့မလုပ်တတ်ရင် ခက်ပါတယ်။အချိူ့ကိစ္စတွေမှာ DASSK ဟာ ထိုလူတွေ ၂၀၁၉ မှာ ဘာဖြစ်မလဲဆိုတာကို ၂၀၁၅ ထဲက ကြိုမြင်ပြီးလုပ်သွားတာဟာ အင်မတန် အံ့ဩဖို့ ကောင်းပါတယ်။ သူမဆုံးဖြတ်ချက်မှန်ခဲ့တယ်လို့ ပြောပါရစေ။

ဒေါက်ညိုအနေနဲ့ သတိထားရမှာက မိမိကိုယ်တိုင်ကဘဟစ်တလာလို မတွေးမိ မလုပ်မိဖို့ပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
သတင်းသမား

သတင်းသမားများလဲ ထရမ့်ကိုမကောင်းရေးရင်း ထရမ့်က အာဏာရှင်သင်္ဘောကို ဝင်စီးတာကိုတောင် နိုင်ငံတကာစည်းမျဉ်းဆိုပြီး မကောင်းရေးဖို့ပြောတာက လွန်လွန်းတယ်ထင်ပါတယ်။ အာဏာရှင်မအလပိုင်သင်္ဘောကို ဘာကြောင့်ဝင်စီးစီး န

 
 
 
နေပြည်တော်မှ ဒေါက်တာဆာဆာအတွက် အစည်းအဝေး

နေပြည်တော်မှာ စိုးရိမ်စွာ စောင့်ကြည့်နေတာက ဒေါ်နယ်ထွန်းက ဗင်နီဇွဲလားကို တကယ်တိုက်ရင် မြန်မာကိုလဲ ငွေလိမ်ဂိုဏ်းကိစ္စနဲ့ ပြဿနာရှာနိုင်လို့ စောချစ်သူတို့ကို ရှင်းပစ်ဖို့ကိစ္စနဲ့ မြန်မာပြည်ကို ခရစ်ယန်တွေက

 
 
 
ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ

ယူကရိန်းက ဖိအားကို ဘယ်လိုတော်လှန်လဲ အမေစုကို အချို့အဖွဲ့တွေ ဝေဖန်တာက သူမက ဖိအားတွေကို မခုခံခဲ့ဘူး သူတို့ကို နားမလည်ပေးဘူး ဘာညာပါ။ ယခုအချိန်မှာ သူတို့တွေကရော ဖိအားတွေကို ဘယ်လို တုန့်ပြန်မလဲဆိုတာ ပြည်သူ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page