top of page
Search

ဘာကြောင့် DASSK ရဲ့ အကြမ်းမဖက် ဒီမိုကရေစီနည်းလမ်းကမှန်လဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 26, 2020
  • 1 min read

မနေ့က RFA စကားဝိုင်းကိုကြည့်လိုက်ပါတယ်။ RFA က အမေရိကန်ကထောက်ပံ့တာဆိုတော့ သူလဲသူ့သခင်အလိုကျလုပ်ရမှာပါ။ ဟောင်ဆို ဟောင်ရမှာပါ။ အဲ့ဒီမှာ ICJ အကြောင်းဆွေးနွေးတယ်။ တစ်ယောက်က လူ့အခွင့်အရေးလုပ်ရှားသူ နစ်ကီဒိုင်းမွန်း။ သူက Fortify Rights ကို ကိုယ်စားပြုတယ်လို့ပြောတယ်။ စာရေးသူသိသလောက် အဲ့ဒီအဖွဲ့က အောင်နက်တို့ကို ကိုယ်စားပြုတယ်။ အစိုးရကိုကိုယ်စားမပြုတာသေချာတယ်။ နောက်တစ်ယောက်ကဖွတ်ရဲထွဋ်။ သူကတပ်နဲ့ဖွတ်ကို ကိုယ်စားပြုသူ။ ပုံမှန်ဆိုရင် အစိုးရ (သို့) NLD ကို ကိုယ်စားပြုသူကိုပါအောင် သတင်းဌာနအနေနဲ့ ခေါ်ရမယ်။ ဒါပေမယ့် မခေါ်ဘူး။ သူက ဘက်မလိုက်ရဆိုတဲ့ impartiality ကို သတင်းဌာနအနေနဲ့ ချိုးဖောက်လိုက်ပါတယ်။ သူတို့နှစ်ယောက်က အစွန်းနှစ်ဖက်ကဆိုပေမယ့် DASSK ကိုမကြိုက်တာ ဝေဖန်တာချင်းက တူတယ်။

ဒီနေရာမှာ စာရေးသူအနေနဲ့ ဒီလူ့အခွင့်အရေးသမားလိုကောင်မျိုးတွေစဉ်းစားတာကို စပြောမယ်။သူက ICJ ကို မလုပ်ရင်တိုင်းပြည်ပျက်မလိုဘာညာပြောတယ်။ DASSK ကို လူထုထောက်ခံမှုကျဆင်းတယ်ပြောတယ်။ ဒီလိုကောင်သာ ဝင်အရွေးခံရင် သူ့အိမ်ကလူရဲ့မဲသာရမှာပါ။ ဒီနေရာမှာ ဒီလိုကောင်တွေက ဆီးရီးယားမှာ အနောက်မျှော်ပြီး ထချကြတယ်။ အကြီးအကျယ်ဘဲ။ သတင်းဌာနတွေကလဲသမ္မတအာဆတ်ထွက်ပြေးတော့မလိုဘာညာနဲ့ ထပြောကြတယ်။ ယခုဆီးရီးယားမှာ အာဆတ်ကြီးကဒီအတိုင်းဘဲ။ ဒုက္ခသည် သန်းချီပြီးသာ နိုင်ငံပြည်ပရောက်သွားတယ်။ အာဆတ်ကမပြုတ်သွားပါ။မြန်မာပြည်က တရုတ်နားကပ်နေလို့ နစ်ကီဒိုင်းမွန်းအဖေ အမေရိကန်မကလို့ အင်္ဂလိပ်ဝင်တိုက်လဲ ဘာမှမဖြစ်ပါ။ ဝင်လဲမတိုက်ပါ။ ဒါက လူ့အခွင့်အရေးသမား ငကြောင်များအတွက်။ အမေရိကန်ကိုယ်တိုင်အာဖဂန်၊ လစ်ဗျားနဲ့အီရတ်မှာ နစ်ကီဒိုင်းမွန်းတို့လိုလူတွေနဲ့ပေါင်းပြီး ဒီမိုကရေစီရအောင် ဝင်လုပ်ပေးပေမယ့် ယခုအထိ တိုက်ပွဲတွေဖြစ် လူတွေသေနေဆဲပါ။ ဒါကြောင့် အပြင်ကဝင်လုပ်ပေးတိုင်းလဲအဆင်မပြေပါ။

ထို့အတူပါဘဲ အာဏာသိမ်းမယ် ဘာညာဆိုပြီး အတင်းဘာမှမပြင်ဘဲ တင်းခံနေရင် ပြည်သူက ဆာဒမ်ဟူစိန်နဲ့ ကဒါဖီကို ဒဏ်ခတ်သလို အဘတို့ကို ဒဏ်ခတ်ပါလိမ့်မယ်။ အမေရိကန်က ဒီမိုရလောက်အောင် မတော်ပေမယ့် ထိပ်ပိုင်းတပ်ခေါင်းဆောင်တွေကို ပစ်ခတ်တာကတော်ကြောင်း သူတို့နဲ့ အီရန်က စူလာမာနီက ပစ်ခတ်သတ်ဖြတ်ပြီး သက်သေပြခဲ့ပါတယ်။ အမေရိကန်က နိုင်ငံ့ခေါင်းဆောင်ကို မသတ်ပေမယ့် စစ်ခေါင်းဆောင်ဆိုရင် သတ်ပါတယ်။

DASSK ဟာ တိုင်းပြည်မှာ သွေးထွက်သံယိုမဖြစ်စေဘဲ ငြိမ်းချမ်းတဲ့နည်းနဲ့ ဒီမိုကရေစီ ၇၅% ကိုပြောင်းနိုင်ခဲ့သူပါ။ သူမအုပ်ချုပ်တဲ့ လေးနှစ်အတွင်းမှာ နစ်ကီဒိုင်းမွန်းတို့လို အာချောင်မနေဘဲတိုင်းပြည်ကို အများကြီးကောင်းအောင်လုပ်ခဲ့သလို လုပ်နေဆဲပါ။ ယနေ့မြန်မာပြည်မှာ နယ်စပ်ဒေသတွေမှာ တိုက်ပွဲတွေ ဖြစ်နေဆဲပါ။ မှန်ပါတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ စစ်ပွဲကြောင့်ဖြစ်တဲ့ ဒုက္ခသည်နဲ့ သေဆုံးရတဲ့ အရေအတွက်ဟာ အမေရိကန်ဦးဆောင်တိုက်နေတဲ့ အာဖဂန်နဲ့ အီရတ်ထက်အများကြီးနည်းပါတယ်။ ဆီးရီးယားနဲ့ဆို မိုးနဲ့မြေပါ။ ဒါတွေဟာ DASSK ရဲ့ အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်းစွာပြောင်းလဲခဲ့လို့ပါ။

သူမရဲ့ အကြမ်းမဖက်တဲ့ ပြည်တွင်းအားကိုယူတဲ့ ဒီမိုကရေစီပြောင်းလဲတဲ့လမ်းကြောင်းဟာ အကောင်းဆုံးပါ။ အာဖဂန်၊ အီရတ်၊ လစ်ဗျား၊ ဆီးရီးယား၊ မြောက်ကိုရီးယားနဲ့ အီရန်အဖြစ်တွေက တပ်ချုပ်မအလအနေနဲ့ ခြေဥပြင်ရာမှာ DASSK နဲ့ ပူးပေါင်းဆောင်ရွက်တာဟာ အကောင်းဆုံးဆိုတာကို ပြသနေပါတယ်။

အားလုံး DASSK ရဲ့ အလယ်အလတ်လမ်းစဉ်းကို လိုက်နိုင်ကြပါစေ။

Photo credit: RFA

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page