top of page
Search
  • Writer's pictureMyat Tun Oo

ဘာကြောင့်အဘသားတွေ လာဟောင်နေလဲ


မနက်ကတင်လိုက်တာက “အပြစ်မပြောခင် စာဖတ်” ဆိုတဲ့ ဆောင်းပါးလေးပါ။ အဲ့ဒီမှာ ဘယ်သူကိုယ်မှ ပုတ်ခတ်ခြင်းမရှိဘဲ အကျိုးအကြောင်းနဲ့ နှိုင်းယှဉ်ရှင်းပြထားပါတယ်။

မကြာခင်မှာဘဲ အဘသားတွေ အုံလိုက်တက်လာပြီး ဟောင်တာတွေ့ရပါတယ်။ အချို့က အကောင့်တုပါ။ အချို့က ယူနီဖောင်းနဲ့။ အချို့က သူ့သားနဲ့ သူ့သမီးကုမ္ပဏီကပါ။ အချို့က ဖွတ်အရိုးကိုက်လေးတွေ။ သူတို့ရဲ့ အင်တာနက်တည်နေရာက အများစု နေပြည်တော်၊ နောက်ရုရှားနဲ့ အခြားကတော့ မြန်မာပြည်ထဲကပါ။

စာရေးသူရေးတင်ရာမှာ တပ်မကောင်းကြောင်း လုံးဝမပါခဲ့ပါ။ ဒါဆိုသူတို့ဘာကြောင့် ယခုလိုဆတ်ဆတ်ထိမခံ ဖြစ်နေရလဲလို့ စဉ်းစားရာမှာ သူတို့အဘစက်ကြီးကို ဒီမိုရောင်ရောင်အချို့က tablet သာဝယ်ထားပြီး ပိုးစစ်စက် မဝယ်ထားလို့ဆိုပြီး လော်တင်ချိန်မှာ ဒီမိုအချို့ကရှယ်လို့ သူတို့လော်တာအောင်မြင်မလိုဖြစ်ချိန်မှာ စာရေးသူတို့က အချက်အလက်နဲ့ ရေးပြလိုက်လို့ သူတို့ရဲ့ လော်ထားတာကိုထိခိုက်သွားပုံရပါတယ်။

စာမျက်နှာ page နဲ့ website တွေရဲ့ ကောင်းတဲ့အချက်က သူတို့ကို ban လို့ရတာနဲ့ သူတို့ဘယ်ကတက်လဲဆိုတာ သိနိုင်တာပါ။

ဒီနေ့တော့ ခွေးတွေကိုမောင်းလိုက်ပါအုံးမယ်။ သမိုင်းဆိုတာ မအအောင်သင်ရသလို သင်ခန်းစာယူဖို့ပါ။ ဒါကြောင့် ယခင်က ကျန်းမာရေးကိုသုံးတာနဲ့ ယခုသုံးတာတော့ ယှဉ်ပြရပါတယ်။ အနာပေါ် တုတ်ကျရင်တော့ မတတ်နိုင်ပါ။

1,072 views3 comments

Recent Posts

See All
bottom of page