top of page
Search
  • Writer's pictureMyat Tun Oo

ဘာကြောင့် မြန်မာစစ်သံမှူးတွေကို အနောက်နိုင်ငံတွေက ကန်ထုတ်သင့်လဲ?

ဘာကြောင့် မြန်မာစစ်သံမှူးတွေကို အနောက်နိုင်ငံတွေက ကန်ထုတ်သင့်လဲ?


အနောက်နိုင်ငံတွေဟာ မြန်မာပြည်က အခြေအနေကိုသိဖို့ သံရုံးထားလိုတယ်လို့ ပြောကြပါတယ်။အစိုးရကို အသိအမှတ်ပြုတာမဟုတ်ဘဲ နိုင်ငံကို အသိအမှတ်ပြုတယ်ဆိုပြီး အင်္ဂလန်လိုနိုင်ငံကလဲအရပ်သားသံအမတ်ကို စစ်သံက ဖြုတ်ချတာကို လက်ပိုက်ကြည့်နေခဲ့ပါတယ်။

ဒီနေရာမှာ သံရုံးက အရပ်သားကို မလွှတ်ချင်ရင်တောင် စစ်သံကိုတော့ အနောက်က ဒီမိုလိုလားသူနိုင်ငံတွေအနေနဲ့ တိုင်းပြည်ကနှင်ထုတ်ဖို့ ကြိုးစားသင့်ပါတယ်။ မြန်မာပြည်ကို တကယ်စေတနာထားရင်ပေါ့။ ဘာလို့ မြန်မာစစ်သံကို ကန်ထုတ်သင့်သလဲ?

ပထမဆုံး ဒီစစ်သံတွေ ကိုယ်စားပြုတဲ့ မအလစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေပါတယ်။လူပေါင်းရာချီသတ်၊ ရွာတွေကို မီးရှို့၊ အရပ်သားအမျိုးသမီးတွေကို မုဒိမ်းကျင့်တာတွေ ပြုလုပ်နေပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်ပါ။ အဆိုပါစစ်သံတွေဟာ မအလရဲ့ ငွေမဲခဝါချမှုတွေ၊ တရားမဝင်ဘိန်းနဲ့ ဆေးပြားရောင်းဝယ်မှုတွေ၊ မြောက်ကိုရီးယား၊ အီရန်နဲ့ ဘူလာရစ်ကို ငွေလွှဲတာတွေမှာ ပါဝင်ပတ်သက်နေပါတယ်။ အဆိုပါစစ်သံတွေဟာ ယခင် DASSK အစိုးရလက်ထက်ထဲက အရပ်သားသံအမတ်ကြီးတွေအောက်မှာ မရှိခဲ့ပါ။ သူတို့ဟာ အရပ်သားသံအရာရှိတွေကို စောင့်ကြည့်သူခြိမ်းခြောက်သူ လိုအပ်ရင် အစားထိုးမည့်သူအဖြစ်ရှိနေခဲ့ကြပါတယ်။ ဥပမာ အမေရိကန်က ကုလမှာအရပ်သား ဦးကျော်မိုးထွန်းကို အစားထိုးဖို့ သုံးမည့်သူက စစ်သံမှူး အောင်သူရိန်ဆိုတာ မမေ့ပါနဲ့။ထို့အတူ အင်္ဂလန်က မြန်မာသံရုံးကို အရပ်သားသံအမတ်ထံက လုယူရာမှာ ဦးဆောင်ခဲ့သူဟာလဲမြန်မာစစ်သံပါဘဲ။

ဒါတင်ဘဲလား? မဟုတ်သေးပါ။ သူတို့ဟာ NUG အစိုးရရဲ့ ရန်ပုံငွေ နိုင်ငံခြားမှာစုဆောင်းရင် စုံစမ်းထောက်လှမ်းတာ ဘဏ်တွေကို စင်ကာပူနဲ့ ဥရောပမှာ ထင်ယောင်ထင်မှားဖြစ်အောင် စာရေးကန့်ကွက်တာတွေကို လုပ်ဆောင်တာဟာလဲ အဆိုပါ စစ်သံတွေပါဘဲ။ ဒီစစ်သံတွေဟာ သံရုံးရှေ့ဆန္ဒပြသူ၊အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ နိုင်ငံခြားရောက် တက်ကြွလှုပ်ရှားသူများကို စာရင်းပြုစုရာမှာလဲပါဝင်နေပါတယ်။

ဒါကြောင့်မိုလို့ အနောက်နိုင်ငံရောက် တက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေအနေနဲ့အဆိုပါစစ်သံမှူးတွေကို သူတို့နိုင်ငံတွေကနေ နှင်ထုတ်အောင် ကြိုးစားဆောင်ရွက်ပါလို့ တိုက်တွန်းပါရစေ။ လူ့အခွင့်အရေးကို စံအဖြစ်ပြောလေ့ရှိတဲ့ အနောက်အုပ်စု ဒီမိုနိုင်ငံတွေအနေနဲ့လဲ အဆိုပါစစ်သံမှူးတွေကို မိမိတို့နိုင်ငံကနေ မောင်းထုတ်ကြပါလို့ တိုက်တွန်းပါရစေ။


Why the Western democratic countries should kick out Myanmar military attachés?


Some western countries make an excuse that they need to keep their embassies open because they need to monitor Human Rights situation on the ground. Some said that they are only recognising the state but not individual governments. However, UK watched when Myanmar Embassy in London was invaded and taken over Myanmar military attaché and kicked out its civilian Ambassador appointed under Daw Aung San Suu Kyi.

Here, I would like to argue that the West should kick out Myanmar military attachés from their capital even if they don’t want to close their own embassies.

The first reason is that the military which is represented by these Myanmar military attachés is the prims suspect in Genocide and crimes against Humanity in Myanmar. They are killing innocent civilians, burning villages and raping women in Burma. In addition, these military attachés are focal point of contact for money laundering, selling cocaine and amphetamine and also wiring money against UNSC sanctions for North Korea, Iran and Belarus. These military attachés were not under the civilian Ambassador even before the coup. Now, the military is using them to monitor civilian Ambassadors in the west and even threaten to replace them like cases in US and UK. In US, Myanmar military attaché Colonel Aung Thurein is waiting to replace Suu Kyi appointed UN Ambassador U Kyaw Moe Tun and Myanmar military attaché in London masterminded the take over of the embassy.

In addition, Myanmar military attachés monitor the civilian resistant movement and report it back to Naypyidaw. They write to banks in Singapore and Europe in order to disrupt the funding to National Unity Government.

Therefore, Human Right activists and Myanmar democracy activists should campaign to kick out these Myanmar military attachés from western capitals. I hope that Western countries will look back their moral values and kick out those military attachés to send the strong message to the military as well. Here is time to act, not to forget. Appeasement policy is not working in Burma and you need to show some teeth by kicking out Myanmar military attaches and start supporting Myanmar National Unity Government.

429 views0 comments

Comments


bottom of page