top of page
Search

ဘာကြောင့်ဖြိုးကိုကိုတင့်ဆန်းအမှုကကြာနေလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jul 6, 2019
  • 1 min read

ဘာေၾကာင့္ၿဖိဳးကိုကိုတင့္ဆန္းအမႈကၾကာေနလဲ? (Zawgyi version)

အားလံုးသိတဲ့အတိုင္းၿဖိဳးကိုကိုတင့္ဆန္းအမႈဟာတရားဥပေဒအတိုင္းတရားခံကိုအခြင့္အေရးအျပည့္အဝေပးၿပီးစစ္ေနတာပါ။သူလိုအခြင့္အေရးရခဲ့သူကေတာ့အၾကမ္းဖက္သမားနဲ႔ဆက္သြယ္လို႔ဆိုၿပီးစြတ္စြဲခံရေပမယ့္ျမန္မာျပည္မွာပထမဆံုးအစိုးရကတရားစြဲေပမယ့္လြတ္သြားေသာၾကံ့ဖြတ္အဖြဲ႕ဝင္ေဟာင္းေဇာ္ကီအာမက္ပါ။အာမက္ကိုတန္ဖိုးႀကီးတရားခံျဖစ္ေပမယ့္ကိုေအးေမာင္တို႔လိုစစ္ေတြမွာေတာင္အစကမစစ္ခဲ့ပါ။သတင္းေထာက္ေတြရဲ႕အေဝးမွာစစ္ခဲ့ပါတယ္။ေမာင္းေတာဟာအခင္းျဖစ္ေနရာျဖစ္ေပမယ့္စစ္ခ်င္ရင္ေနရာေျပာင္းစစ္ရင္ရပါတယ္။သူ႔အမႈကိုအစိုးရကထူးဆန္းစြာ႐ႈံးခ်ိန္မွာဘယ္သူမွအယူခံမဝင္သလိုမဘသကလဲမေအာ္ခဲ့ပါ။ANP လဲမေအာ္ခဲ့ပါ။ကြီးၿဖိဳးဆိုေဆာ္ဖို႔ေခ်ာင္းသူတစ္ပူးနဲ႔ေခတ္သစ္ကလဲဆက္မလိုက္ပါ။ဘီဘီစီမလိုက္တာကေတာ့သူ႔ဆရာလူမိုလို႔ထားလိုက္ပါ။

ၿဖိဳးကိုကိုတင့္ဆန္းအမႈကလက္နက္မိတယ္။သမၼတလံုျခံဳေရးအဖြဲ႕လိုလုပ္ထားတယ္။မိတာကရန္ကုန္ေရာ၊ေနျပည္ေတာ္ေရာ။ႏိုင္ငံေတာ္ပုန္ကန္မႈကသမၼတလက္မွတ္ထိုးမွရတယ္။ဦးထင္ေက်ာ္ကထိုးေပးလိုက္တယ္။ျပစ္မႈကပိုႀကီးသြားတယ္။ဒါေပမယ့္အားလံုးကိုေနျပည္ေတာ္မွာေပါင္းစစ္ဖို႔ေလွ်ာက္ၿပီးအမိန္႔ခ်ေပးတယ္။ေလွ်ာက္တာရယ္အမိန္႔ခ်တာရယ္အဂတိကင္းလား? ကိုေနမ်ိဳးဇင္အမႈကိုၾကည့္။ၿမိဳ႕ေပါင္းစံုအမႈစစ္ခံေနရတယ္။ျပစ္မႈက်ဴးလြန္တာကေနရာစံုတာခ်င္းတူတယ္။

ယခုအမႈကလဲဒီမိုအစိုးရသက္တမ္းေတာင္ၿပီးေတာ့မွာျဖစ္ေပမယ့္ၿဖိဳးကိုကိုတင့္ဆန္းအမႈကမၿပီးေသးပါ။သူ႔ကိုယခုဖမ္းထားစဥ္မွာလဲအလြန္ေကာင္းမြန္စြာအဲယားကြန္းနဲ႔ထားထားတာပါ။ျပည္ထဲေရးေစတနာေပါ့။

အမႈကစြဲထားၿပီးျပစ္ဒဏ္နည္းရင္မဟုတ္တာလုပ္ရင္ကိုင္ဖို႔လက္ရွိသမၼတကၾကည့္ေနပါတယ္။ျပစ္ဒဏ္ခ်ခံရရင္လဲသူဟာလြတ္ၿငိမ္းထဲမပါမွာေသခ်ာပါတယ္။ေထာင္က်ရင္ေတာ့တစ္သက္ခ်ရမွာပါ။ဒါေၾကာင့္အမႈကိုဆြဲဆန္႔ထားၿပီးမေတာ္တဆဖြတ္ႏိုင္ခဲ့ရင္လႊတ္လို႔ရေအာင္ဟထားတာပါ။

လက္ရွိအစိုးရအေနနဲ႔လဲဒီအမႈအသြားအလာကိုေစာင့္ၾကည့္ေနသင့္ပါတယ္။ေအာင္ရဲေထြးေၾကာင့္တရားသူႀကီးရယ္ျပည္ထဲေရးရယ္အေျခအေနေစာင့္ေနတာပါ။

ေဒါသထြက္ခ်င္တဲ့ျပည္သူမ်ားကိုေျပာလိုတာကတရားမွ်တမႈမရွိတာဟာျမန္မာျပည္မွာၾကာခဲ့ၿပီဆိုတာပါ။အခ်ိဳ႕ကဥပေဒအထက္မွာရွိၿပီးအခ်ိဳ႕ကသာဥပေဒေအာက္မွာပါ။

တရားမွ်တဖို႔အတြက္ကိစၥတစ္ခုခ်င္းစီေတာင္းဆိုေနရင္ညီၫြတ္မႈမရွိဘဲရခိုင္အတြက္ထြက္ဆႏၵျပလိုက္၊ကခ်င္အတြက္ထြက္ဆႏၵျပလိုက္ျဖစ္ေနပါ့မယ္။

အားလံုးတရားမွ်တေစခ်င္ရင္၁၇/၇မွာတရားမမွ်တမႈေတြကိုအဓိကျဖစ္ေစတဲ့ေျခဥျပင္ပြဲကိုတက္ပါလို႔ေျပာလိုပါတယ္။

------

Unicode version



အားလုံးသိတဲ့အတိုင်းဖြိုးကိုကိုတင့်ဆန်းအမှုဟာတရားဥပဒေအတိုင်းတရားခံကိုအခွင့်အရေးအပြည့်အဝပေးပြီးစစ်နေတာပါ။သူလိုအခွင့်အရေးရခဲ့သူကတော့အကြမ်းဖက်သမားနဲ့ဆက်သွယ်လို့ဆိုပြီးစွတ်စွဲခံရပေမယ့်မြန်မာပြည်မှာပထမဆုံးအစိုးရကတရားစွဲပေမယ့်လွတ်သွားသောကြံ့ဖွတ်အဖွဲ့ဝင်ဟောင်းဇော်ကီအာမက်ပါ။အာမက်ကိုတန်ဖိုးကြီးတရားခံဖြစ်ပေမယ့်ကိုအေးမောင်တို့လိုစစ်တွေမှာတောင်အစကမစစ်ခဲ့ပါ။သတင်းထောက်တွေရဲ့အဝေးမှာစစ်ခဲ့ပါတယ်။မောင်းတောဟာအခင်းဖြစ်နေရာဖြစ်ပေမယ့်စစ်ချင်ရင်နေရာပြောင်းစစ်ရင်ရပါတယ်။သူ့အမှုကိုအစိုးရကထူးဆန်းစွာရှုံးချိန်မှာဘယ်သူမှအယူခံမဝင်သလိုမဘသကလဲမအော်ခဲ့ပါ။ANP လဲမအော်ခဲ့ပါ။ကွီးဖြိုးဆိုဆော်ဖို့ချောင်းသူတစ်ပူးနဲ့ခေတ်သစ်ကလဲဆက်မလိုက်ပါ။ဘီဘီစီမလိုက်တာကတော့သူ့ဆရာလူမိုလို့ထားလိုက်ပါ။

ဖြိုးကိုကိုတင့်ဆန်းအမှုကလက်နက်မိတယ်။သမ္မတလုံခြုံရေးအဖွဲ့လိုလုပ်ထားတယ်။မိတာကရန်ကုန်ရော၊နေပြည်တော်ရော။နိုင်ငံတော်ပုန်ကန်မှုကသမ္မတလက်မှတ်ထိုးမှရတယ်။ဦးထင်ကျော်ကထိုးပေးလိုက်တယ်။ပြစ်မှုကပိုကြီးသွားတယ်။ဒါပေမယ့်အားလုံးကိုနေပြည်တော်မှာပေါင်းစစ်ဖို့လျှောက်ပြီးအမိန့်ချပေးတယ်။လျှောက်တာရယ်အမိန့်ချတာရယ်အဂတိကင်းလား? ကိုနေမျိုးဇင်အမှုကိုကြည့်။မြို့ပေါင်းစုံအမှုစစ်ခံနေရတယ်။ပြစ်မှုကျူးလွန်တာကနေရာစုံတာချင်းတူတယ်။

ယခုအမှုကလဲဒီမိုအစိုးရသက်တမ်းတောင်ပြီးတော့မှာဖြစ်ပေမယ့်ဖြိုးကိုကိုတင့်ဆန်းအမှုကမပြီးသေးပါ။သူ့ကိုယခုဖမ်းထားစဉ်မှာလဲအလွန်ကောင်းမွန်စွာအဲယားကွန်းနဲ့ထားထားတာပါ။ပြည်ထဲရေးစေတနာပေါ့။

အမှုကစွဲထားပြီးပြစ်ဒဏ်နည်းရင်မဟုတ်တာလုပ်ရင်ကိုင်ဖို့လက်ရှိသမ္မတကကြည့်နေပါတယ်။ပြစ်ဒဏ်ချခံရရင်လဲသူဟာလွတ်ငြိမ်းထဲမပါမှာသေချာပါတယ်။ထောင်ကျရင်တော့တစ်သက်ချရမှာပါ။ဒါကြောင့်အမှုကိုဆွဲဆန့်ထားပြီးမတော်တဆဖွတ်နိုင်ခဲ့ရင်လွှတ်လို့ရအောင်ဟထားတာပါ။

လက်ရှိအစိုးရအနေနဲ့လဲဒီအမှုအသွားအလာကိုစောင့်ကြည့်နေသင့်ပါတယ်။အောင်ရဲထွေးကြောင့်တရားသူကြီးရယ်ပြည်ထဲရေးရယ်အခြေအနေစောင့်နေတာပါ။

ဒေါသထွက်ချင်တဲ့ပြည်သူများကိုပြောလိုတာကတရားမျှတမှုမရှိတာဟာမြန်မာပြည်မှာကြာခဲ့ပြီဆိုတာပါ။အချို့ကဥပဒေအထက်မှာရှိပြီးအချို့ကသာဥပဒေအောက်မှာပါ။

တရားမျှတဖို့အတွက်ကိစ္စတစ်ခုချင်းစီတောင်းဆိုနေရင်ညီညွတ်မှုမရှိဘဲရခိုင်အတွက်ထွက်ဆန္ဒပြလိုက်၊ကချင်အတွက်ထွက်ဆန္ဒပြလိုက်ဖြစ်နေပါ့မယ်။

အားလုံးတရားမျှတစေချင်ရင်၁၇/၇မှာတရားမမျှတမှုတွေကိုအဓိကဖြစ်စေတဲ့ခြေဥပြင်ပွဲကိုတက်ပါလို့ပြောလိုပါတယ်။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

3 Comments


Htin Linn
Htin Linn
Jul 07, 2019

ေလးစားပါသည္

Like

Myat Tun Oo
Myat Tun Oo
Jul 06, 2019

ရွယ္ပါ။

Like

Thein Htut
Thein Htut
Jul 06, 2019

ရွဲခြင့္ျပဳပါ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page