top of page
Search

ဘာကြောင့်နိုင်ငံရေးသမားက တိုင်းပြည်အုပ်ချုပ်သင့်လဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Apr 10, 2020
  • 1 min read

ဒီသီအိုရီက ကမ္ဘာပေါ်က ဒီမိုနိုင်ငံတွေမှာ ကျင့်သုံးလာတာ ကြာခဲ့ပါပြီ။ မြန်မာပြည်မှာ လူအများအထင်မှားနေတာက အင်ဂျင်နီယာက ဆောက်လုပ်ရေးဝန်ကြီ:လုပ်၊ တပ်အကြောင်းနားလည်သူကကာကွယ်ရေးဝန်ကြီး၊ ဆရာဝန်က ကျန်းမာရေးဝန်ကြီးလုပ်ဆိုတာမျိုး ပြောကြတာတွေ့ရပါတယ်။ ယခုနောက်ဆုံး PPP ကဒေါက်ခိုင်က ပြည်သူတွေက တပ်ကိုအုပ်ချုပ်ရအောင် အရည်အချင်းရှိလို့လားဆိုပြီး ဒဲ့စော်ကားသွားတဲ့ အဆင့်အထိပါ။

ဒီနေရာမှာ နိုင်ငံရေးသမားတွေက ဘာကြောင့်ဝန်ကြီးဖြစ်သင့်လဲဆိုတာ ဥပမာနဲ့ ပြောပြပါ့မယ်။ပညာရေးက ကျောင်းဖွင့်တဲ့ကိစ္စမှာ လက်ရှိပညာရေးဝန်ကြီးက ပညာရပ်ဆိုင်ရာ ကျွမ်းကျင်ပါတယ်။ဒါပေမယ့်နိုင်ငံရေးသမားအနေနဲ့က ပြည်သူကိုချပြ ရှင်းပြရာမှာ လိုအပ်ပါတယ်။

မီတာခတက်စဉ်မှာလဲ ထို့အတူပါဘဲ။ လက်ရှိ ဝန်ကြီးနဲ့ ဒုဝန်ကြီးက ပညာရပ်ဆိုင်ရာမှာ အလွန်တော်ပါတယ်။ နိုင်ငံရေးအရ ရှင်းပြရာမှာ အားနည်းတာပါ။

ယခုကျန်းမာရေးမှာဆိုရင် လက်ရှိဝန်ကြီးက ပြည်သူ့ကျန်းမာရေး public health ကနေ လာသူပါ။ ဒီကပ်ရောဂါအတွက် သူပြောတာကို အထူးကုများက နားထောင်ရမှာပါ။ သူက နိုင်ငံရေးသမားမဟုတ်လို့လူထုနဲ့ကတော့ DASSK က ဆက်သွယ်နေတာပါ။ ဒါက နိုင်ငံရေးသမားနဲ့ ပညာရှင်ကွာတာပါ။

ယခုရန်ကုန်ကိုကြည့်ပါ။ ဒီနေ့လူတွေ လမ်းပေါ်ထွက်တာ မတွေ့ရပါဘူး။ ရန်ကုန်ကို ဘယ်သူအုပ်ချုပ်လဲဆိုတော့ ကွီးဖြိုးပါ။ သူက တပ်တွေကို လမ်းပေါ်မှာ မချထားပါဘူး။ လူတွေကို ဘယ်လိုနေပါဆိုပြီးသူဖြစ်ချင်တာကိုသာ ချပြစည်းရုံးခဲ့ပါတယ်။ အချို့ကသူ့ကို အပြောကြီးတယ်ဆိုပြီး ဝေဖန်ပါတယ်။နိုင်ငံရေးသမားဆိုတာ သူ့ရဲ့ vision ကိုချပြ စည်းရုံးရပါတယ်။ ကြိုက်သူ မကြိုက်သူရှိပါတယ်။ ဒါနိုင်ငံရေးပါ။

သူ့အရည်အချင်းက COVID 19 ကိုင်တွယ်ရာမှာ ပိုပေါ်လာပါတယ်။ မြောက်များစွာသော နိုင်ငံခြားပြန်တွေတွေကို နေရာချပေးရပါတယ်။ ဒီနေရာမှာ ကူညီဖို့က ပြည်သူလိုပါတယ်။ ပြည်သူကို အခြေပြုပြီးpeople centred approach နဲ့ လုပ်သွားတပါ။ ပြည်သူကို နိုင်ငံရေးသမား ကွီးဖြိုးက အကူအညီတောင်းပြီး ဦးဆောင်မှုပေးပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့အဝင်မှာ အပူချိန်တိုင်းစက်တွေတပ်တာ၊ ဆင်းရဲသားတွေအတွက် စားစရာထောက်ပံ့တာ၊ အလုပ်သမားပြဿနာကိုလဲ တတ်နိုင်သလောက် ဝင်ထိန်းရတာ၊ဆေးရုံအသစ်ကြိုပြင်တာ၊အဓိက စီးပွါးရေးနဲ့ ကုန်စည်စီးဆင်းမှုကို မထိခိုက်စေဘဲ ရန်ကုန်မှာ လူအများလမ်းပေါ်မထွက်အောင် စည်းရုံးရတာတို့ပါ။

ဥပမာ ဖောင်ကြီးကို ဆေးရုံအဖြစ်ပြောင်းရာမှာ ကွီးက ဆရာဝန်မဟုတ်သလို အင်ဂျင်နီယာလဲ မဟုတ်ပါ။ ဒါပေမယ့် သူက ဆရာဝန်ကြီးတွေရဲ့ အကြံဉာဏ်ကိုယူပြီး လုပ်သလို အင်ဂျင်နီယာတွေနဲ့ ညှိနှိုင်းပြီး ဆေးရုံကထွက်လာမယ့် အမှိုက်ကအစ ဘယ်လိုစွန့်ပစ်ရမလဲဆိုတာကို စည်ပင်ကညအမှိုက်ကျွမ်းကျင်သူတွေနဲ့ စည်းကမ်းတကျလုပ်သွားပါတယ်။ ဒီဆေးရုံအတွက်လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ သူက ပြည်သူတွေကို စည်းရုံးပြီးတော့ လိုအပ်တာအလှူခံပါတယ်။ ဒါကနိုင်ငံရေးအရခေါင်းဆောင်မှု political leadership ပါ။ ဒါမျိုး ရုပ်ဝတ္တုအရလုပ်သလို ဘာသာရေးအရလဲ ဆရာတော်ကြီးတွေကို လေယဉ်နဲ့ ဘာသာရေးဆောင်ရွက်နိုင်အောင်လဲ စီစဉ်ပေးခဲ့ပါတယ်။

ဒါထက်ပိုပြီး စိန်ခေါ်တာကတော့ ရန်ကုန်ကို lockdown လိုမျိုး stay at home ဖြစ်အောင် လုပ်ရတာပါ။ရန်ကုန်မှာ အဓိကကျတယ့် စက်ရုံတွေရှိပြီး ကုန်စည်စီးဆင်းမှုရဲ့ ဗဟိုချက်ပါ။ လုံးဝပိတ်ချရတာမလွယ်သလို မပိတ်ပြန်ရင်လဲ ပြည်သူတွေက ရောဂါကူးမှာပါ။ ဒီနေရာမှာ သူ့ရဲ့ နိုင်ငံရေးအရ ပြည်သူကို ဘယ်လောက်စည်းရုံးနိုင်မလဲဆိုတာက အဓိက ကျလာပါတယ်။ မဟုတ်ရင် အိန္ဒိယလို လမ်းပေါ်မှာရဲကရိုက်ရတာတွေ ဘာတွေဖြစ်လာနိုင်ပါတယ်။ ဒီနေ့မြင်ကွင်းကတော့ ရန်ကုန်မှာ လူအများစုက အိမ်ထဲမှာနေတယ်ဆိုတာ တွေ့လိုက်ရလို့ ဝမ်းသာရပါတယ်။ အတိုင်ပင်ခံစကားကိုလဲ နားထောင်ကြတာတွေ့ရပါတယ်။

အကျဉ်းချုပ်ပြောလိုတာက နိုင်ငံရေးသမားတွေဟာ နိုင်ငံရေးရာထူးအရ ဝန်ကြီးတွေ ဝန်ကြီးချုပ်တွေ၊သမ္မတတွေ လုပ်ရပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ပြည်သူကို စည်းရုံးနိုင်လို့ပါ။ ပညာရှင်စကားနားထောင်ရလားဆိုတော့ နားထောင်ရပါတယ်။ ဥပမာ ဆေးရုံမှာ ဘာတွေလိုမလဲက ဆေးပညာရှင်ထံကလာသလို ဘယ်လိုဆောက်မလဲဆိုတာကလဲ ဆောက်လုပ်ရေးသမားထံက အကြံလိုပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက်ကတော့ နိုင်ငံရေးပါ။

လူတွေဆိုတာ အခက်အခဲကြားမှာ အရည်အချင်းကို ထုတ်ဖော်ပြသခွင့်ရကြပါတယ်။ ဒီနေ့ရန်ကုန်ကတော့ အဆင်ပြေပါတယ်။ ဘယ်သူတွေက ဘယ်လိုဝေဖန်ဝေဖန် အခက်အခဲကြားက ကွီးဖြိုးကအရည်အချင်းကိုပြသွားတာပါ။ အဘတို့အတွက်ကတော့ လက်နှစ်လုံးလိုအကွက်တစ်ခု လွတ်သွားတာပေါ့။

Photo credit: Phyo Min Thein page

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


U Myint Soe Oo
U Myint Soe Oo
Apr 10, 2020

ကိုမြတ်ထွန်းဦး ကျေးဇူး ဗရဝ တင်ရပါသည်။ ဖယောင်းတိုင်လည်း သူ့အစွယ်နှင့်အရွယ်နှင့် ငွေလမင်းလည်း သူ့အဆင်းနှင့် အချင်းနှင့် ရှင်နေမင်းလည်း သူ့အရောင်နှင့် အဆောင်နှင့်။ #ဗြဟ္မစိုရ်တရားဖြင့်လောကကိုအလှဆင်သူအပေါင်းကို# မိမိမေတ္တာပန်းကုံးဖြင့် ဘဝင်နှလုံးရွင်ပြုံးစေရန် ရည်သန်သာ၍ တလေးတစား ညွတ်ကျိုးဂုဏ်ပြုအပ်ပါသည်။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page