top of page
Search
  • Writer's pictureMyat Tun Oo

ဘာ့ကြောင့်တော်လှန်ရေးလမ်းစဉ်ကမှန်လဲ?


စာရေးသူတို့ အာဏာမသိမ်းခင်ထဲက ခံချဖို့ ဝကခတွေကို အကြံပေးဖူးပါတယ်။ ထိုအချိန်ကတော့ လက်နက်မကိုင်တဲ့လမ်းစဉ်ကို ရွေးခဲ့ကြပုံပါ။ မအလဖက်ဆစ်တပ်ဟာ ၂၀၀၈ ခြေဥနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို လူပါးဝခဲ့တာ အားလုံးအမှတ်ရနေမှာပါ။

အာဏာသိမ်းအပြီးမှာ လမ်းပေါ်ထွက်ဆန္ဒပြရင် အာဏာသိမ်းတာတရားဝင်လိမ့်မယ်ဘာညာဆိုတဲ့ ဂျင်း၊ ဆန္ဒပြရင် ပစ်လိမ့်မယ်ဆိုတဲ့ဂျင်း၊ လက်နက်ကိုင်တိုက်ရင် မအလကနိုင်မယ်ဆိုတဲ့ ဂျင်းပေါင်းစုံကို ဖြတ်သန်းခဲ့ရပါတယ်။ အိသဉ္ဇာမောင်က လမ်းပေါ်ထွက်ဆန္ဒပြခဲ့ပြီးCRPH က နောက်ပိုင်းဦးဆောင်မှုပေး၊ အထူးသဖြင့်လူငယ်တွေက ဂျင်းတွေကို မယုံကြည်ဘဲကြိုးစားဖြတ်သန်းခဲ့လို့ ဒီနေ့ဒီအချိန်အထိ တော်လှန်ရေးက အောင်မြင်လာတာပါ။တော်လှန်ရေးအတွက် တွေဝေချိန်မှာ ပြတ်ပြတ်သားသား ဦးဆောင်မှုပေးခဲ့တဲ့ ကိုမင်းကိုနိုင်တို့ ကိုဂျင်မီတို့ကိုလဲ ကျေးဇူးတင်ရမှာပါ။

ယခုအချိန်မှာတော်လှန်ရေးလမ်းစဉ်က မှန်လားဆိုတာ လေ့လာရအောင်။ အချို့က DASSK မညှိလို့ဆိုပြီး အပြစ်ပြောတဲ့ဘောမများရှိပါတယ်။ ဆူဒန်မှာ အာဏာသိမ်းပြီး ရာထူးပြန်ပေးပေမယ့် စစ်တပ်ဩဇာခံဒီမိုကရေစီမိုလို့ ပြည်သူတွေက လက်မခံတာ အားလုံးမှတ်မိမှာပါ။နောက်ပြီး ဆူဒန်က လူတွေကို ပြန်ဖမ်းပြန်သတ်ချိန်မှာ ပြည်သူတွေမှာ PDF လိုအဖွဲ့မရှိဘဲဖြစ်နေခဲ့ပါတယ်။ အာဏာရှင်က အရှင်ထွက်ခဲပါတယ်။

နောက်တော်လှန်ရေးမှာ ဘယ်သူ့အားကိုးမလဲဆိုတာပါ။ အချို့က အနောက်အုပ်စုကူမယ်ထင်ကြပါတယ်။ မြန်မာမပြောနဲ့ ယခုယူကရိန်းမှာ ရုရှားက ဝင်တိုက်ဖို့ပြင်တော့ အနောက်အုပ်စုက သံရုံးဝင်ထမ်းတွေအားလုံးနီးပါးထွက်သွားခဲ့ပါတယ်။ အမေရိကန်က ရုရှားက ယူကရိန်းကိုတိုက်ရင် စီးပွါးရေးပိတ်ဆို့မယ်ဆိုတာသာ ပြောနိုင်ပါတယ်။ ယူကရိန်းမှာအစိုးရကြီးငုတ်တုတ်ရှိနေပါသေးတယ်။ ယူကရိန်းမှာ ရုရှားကိုခံချဖို့ လူအများက စစ်ပညာသင်ယူချိန်မှာထိုစစ်ပညာသင်ယူသူတိုင်းကို လက်နက်အစစ်မပေးနိုင်ဘဲ စာရေးသူတို့ PDF တွေလိုသစ်သားသေနတ်နဲ့ လေ့ကျင့်ရပါတယ်။ ဒါက NUG ကို ဝေဖန်သူတွေအတွက် ယူကရိန်းလိုအစိုးရတောင် တချိန်ထဲမှာ လူအများကြီးက စစ်ပညာသင်လက်နက်တောင်းရင် ထောက်ပံ့ဖို့ခက်တယ်ဆိုတာ သိရှိနားလည်သွားစေပါတယ်။ စာရေးသူတို့ တိုင်းပြည်မှာတော့တော်လှန်ရေးအတွက် ကိုယ့်အားကိုယ်ကိုးပြီး တီထွင်ခဲ့ကြလို့ အချိန်အတိုအတွင်းမှာ PDF တပ်တွေပေါ်လာနေသလို မိုင်းထုတ်လုပ်တဲ့နည်းပညာ လက်နက်ကြီး လက်နက်ငယ်ထုတ်လုပ်တဲ့ နည်းပညာ၊ ဒရုန်းပေါ်ကနေ ပစ်ခတ်တဲ့ နည်းပညာများကို ရရှိလာနေပြီးကိုယ်တိုင် ထုတ်လုပ်နေကြပါပြီ။ ဒါ့ကြောင့် ဘယ်အာဏာရှင်လာလာ အိမ်နီးချင်းကကျူးကျော်လာလာ ပြန်တိုက်နိုင်တဲ့ တိုက်ခိုက်ရေးအဖွဲ့ ပေါ်လာနေပါပြီ။

နောက်တော်လှန်ရေးလမ်းစဉ် မှန် မမှန်က ပြည်တွင်းက ဥပမာနဲ့ လေ့လာဖို့ပါ။ ဝအဖွဲ့က အားအကြီးဆုံးဖြစ်လို့ ဝ အဖွဲ့ကို မထိရဲတာ အားလုံးသိမှာပါ။ စွတ်ပြုတ်လေးတောင် အိမ်ကနေပြုတ်တိုက်ခဲ့ပါသေးတယ်။ AA ဆိုရင် ယခု PDF တွေလို အကြမ်းဖက်အဖွဲ့ ကြေညာခံခဲ့ရပြီးမအလဖက်ဆစ်တပ်က မနိုင်ချိန်မှာ နေပြည်တော်မှာ တလေးတစား ဆွေးနွေးရတဲ့အထိဖြစ်လာခဲ့ပါတယ်။ ရခိုင်လွှတ်တော်အမတ် ဦးဦးလှစောစကားနဲ့ပြောရရင် ရွေးကောက်ခံလွှတ်တော်အမတ်ဘဝမှာ ဘတ်စကားသာ စီးခဲ့ရပြီး AA ရဲ့ နိုင်ငံရေးမှူးရာထူးရချိန်မှာ မအလက ရခိုင်ကနေ နေပြည်တော်ကို ရဟတ်ယဉ်နဲ့ ခေါ်လာလို့ ရဟတ်ယဉ်စီးရကြောင်း သူ့ဘဝတိုးတက်မှုကို ပုံဖော်ထားခဲ့ပါတယ်။

အကျဉ်းချုပ်ရရင် စာရေးသူတို့ပြည်သူတွေရွေးချယ်ခဲ့တဲ့ တော်လှန်ရေးလမ်းစဉ်က မှန်နေပါပြီ။ စစ်အာဏာရှင်ဆိုတာ အသာတကြည်အာဏာလွှဲလေ့မရှိပါ။ မိမိလိုချင်တာကို တိုက်တောင်းရင် မအလထံက ရလွယ်ပါတယ်။ စာရေးသူတို့က တော်လှန်ရေးလမ်းမှန်ကို ရောက်နေပါပြီ။ ဇွဲနဲ့ဆက်လျှောက်ရင် ပန်းတိုင်ရောက်မှာ သေချာပါတယ်။ လမ်းကတော့ မှန်နေပါပြီ။ ဇွဲရှိရင် ပန်းတိုင်ရောက်မှာပါ။

584 views1 comment

Recent Posts

See All

အောက်ကလူတွေစစ်တုန်းက နှစ်ဖွဲ့ ဘဘမိုးကျမှ တစ်ဖွဲ့ထဲဖြစ်သွားတာက သတင်းပေါက်ကြားမှာစိုးလို့လား? အားလုံးသိပြီးသားကိစ္စမိုလို့ ထပ်ထူးစရာမရှိသလို ထပ်ကျစရာသိက္ခာ အဘမှာကျန်သေးလို့လား? အဘက အဘဖာသာတပ်ချုပ်ခန့်ထား

bottom of page