top of page
Search

ဘာကြောင့်စစ်ရှုံးသလဲ?

Writer: Myat Tun Oo
Myat Tun Oo
Jan 9, 2024
1 min read

လူတွေက မေးကြပါတယ် ဘာကြောင့် မအလက ရှမ်းမြောက်မှာစစ်ရှုံးလဲ ရေးပေးပါလို့။ အချို့က မအလဂျင်းထည့်တဲ့ တရုတ်တပ်တွေဘာတွေဆိုတာတွေနဲ့လဲ မေးကြပါတယ်။

အဖြေကရှင်းပါတယ်။

စစ်တပ်ဟာ စစ်တပ်အလုပ်မလုပ်ဘဲ နိုင်ငံရေးမှာပါနေလို့ စစ်ရှုံးတာပါ။

ထို့အတူပါဘဲ စစ်တပ်ဟာ စစ်တပ်အလုပ်မလုပ်ဘဲ စီးပွါးရေးမှာပါနေလို့ စီးပွါးရေးကျ တိုင်းပြည်ဇောက်ထိုးကျတာပါ။

ထို့အတူပါဘဲ စစ်တပ်ဟာ စစ်တပ်အလုပ်မလုပ်ဘဲ ကျန်းမာရေးမှာပါလို့ ကိုဗစ်မှာ လူတွေအသေများခဲ့တာပါ။

အားလုံးဟာ နိုင်ငံရေးပါ။

တိုင်းပြည်ဆင်းရဲနေတာက စစ်တပ်ကာစစ်တပ်အလုပ်မလုပ်ဘဲ ၁၉၆၂ ထဲက ဖင်ယားခဲ့ ယခုလိုဖြစ်နေတာပါ။

ဒါပါဘဲ။ လွယ်နေတဲ့မေးခွန်းကို အဖြေခက်အောင်မလုပ်ပါနဲ့။ ၁၉၆၂ နေဝင်းဖင်မယားခဲ့ရင် ဦးနုက သူ့အစီအစဉ်အတိုင်း ဖယ်ဒရယ်ပေးနိုင်ခဲ့ရင် ယခုအချိန် မြန်မာပြည်ဟာ ဂျပန်မဟုတ်ရင်တောင် မလေးရှားလောက်အေးဆေးပါ။


ပြည်သူက သင်ခန်းစာယူပါ။ စစ်တပ်ကို ရွေးကောက်ခံအရပ်သား နိုင်ငံရေးသမားအောက်ရောက်အောင်မွေးထုတ်ပါ။ မဟုတ်ရင် မအလအပြီး နောက်မအလတွေက တိုင်းပြည်ဆက်ဖျက်နေဆုံးမှာပါ။ အရပ်သားအောက်ဆိုပြီး ရွေးကောက်မခံရတဲ့ ပါတီအရပ်သားအောက် တပ်ကိုမရောက်စေပါနဲ့။ ဒါဆိုရင် ဖွတ်ပါတီအောက်လိုဖြစ်နေမှာပါ။ ဒီမိုစစ်စစ်မှာ လက်နက်ကိုင်အဖွဲ့ဟာ ရွေးကောက်ခံအရပ်သားအမိန့်ကို နားထောင်အောင် ပြည်သူကမွေးထုတ်ပါ။ ဒါပါဘဲ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

2 Comments


Maung Chit Khaing
Maung Chit Khaing
Jan 09, 2024

စစ်တပ်ဟာ စစ်တပ်အလုပ်မလုပ်လို့ စစ်ရှုံးတာပါ။

Like

Angelina Thane
Angelina Thane
Jan 09, 2024

အမှန်ဆုံးသော သုံးသပ်ချက်ပါ ။

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page