top of page
Search

ဘရွှေ၊ သာဝနှင့် DASSK

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 17, 2021
  • 1 min read

စာ​ရေးသူတို့ အများစုသိတာ ထင်တာက သာဝဟာ ဘရွှေစကား နားထောင်ရတယ် ဘရွှေခိုင်းတာလုပ်တယ်ဆိုတာပါ။

ဘရွှေဟာ ၁၉၈၈ နှိမ်နင်းရာမှာ ဒုတပ်ချုပ်အနေနဲ့ ပါခဲ့ပါတယ်။ နောက်သူအဓိကတာဝန်ရှိတာက ဒီပဲရင်းနဲ့ ၂၀၀၇ ရွှေဝါရောင်ကိစ္စပါ။ သူက ဒါကို ၂၀၀၈ ခြေဥနဲ့ ကာထားခဲ့ပြီး သူ့အမှုတွေက ICC ကိုမရောက်ပါ။ ဒါ့ကြောင့် ဘရွှေဟာ ၂၀၀၈ ခြေဥအထဲက နောက်ကြောင်းမပြန်ရေးကို အဓိကဦးစားပေးကာကွယ်လိုမှာပါ။ သူနဲ့ DASSK ဆက်ဆံရေးဟာ သာဝထက်ကောင်းတာ တွေ့ရပါတယ်။ ယခုနောက်ပိုင်း ဘရွှေရဲ့ သားမက်ဟောင်းက လော်လာတာဟာ တပ်ထဲက သူနဲ့နွယ်တဲ့ စစ်ဆေးအသိုင်းအဝိုင်းနဲ့ အန်တီကြူအထိ ရိုက်ခတ်မှုရှိခဲ့ပါတယ်။

သူ့မြေးကလဲ NLD အစိုးရလက်ထက်မှာ ဘာတွေတိုးတက်လာခဲ့တယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။ ဘရွှေဟာ ၂၀၂၀ မှာ NLD နိုင်ခဲ့တာကို လက်ခံခဲ့တယ်လို့ သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက အတည်ပြုပါတယ်။ တပ်ရဲ့ နောက်တက်မယ့် တပ်ချုပ်အသစ်ကိုလဲ သူယခင်စီစဉ်ထားတဲ့အတိုင်း လက်ရှိ ကြည်း၊ရေ၊ လေညှိနှိုင်းကွပ်ကဲရေးမှူးထံ လွှဲပြောင်းပေးလိုပါတယ်။ ဘရွှေ၊ ဘစိန်နဲ့ ဘရွှေမန်းတို့အားလုံးကတပ်ထဲမှာ တပ်ချုပ်အသစ်ကို လွှဲပြောင်းရမယ်ဆိုတာကို လက်ခံခဲ့ကြပါတယ်။

ဒါဆိုရင် ဘာကပြဿနာလဲ? ပြဿနာက သာဝပါ။ သာဝဟာ လက်ရှိ ၂၀၀၈ ခြေဥအရ အကာအကွယ်မရှိပါ။ သူ့အတွက် ကာကွယ်ဖို့ဥပဒေကို ပြဌာန်းဖို့က NLD လွှတ်တော်က အတည်ပြုမှ ရမှာပါ။ နောက်သူက ဘရွှေရွေးထားသူကို ကျော်လွန်ပြီး သူခိုင်းတာလုပ်ခဲ့သူ သူနဲ့ပြစ်မှုကျူးလွန်သူကို ရာထူးတိုးပေးချင်ပါတယ်။ ဒါမှ သူ့အတွက်က စိတ်ချရမှာပါ ထိုအတွက်သူက နောက် နှစ်နှစ် သုံးနှစ်ဆက်လုပ်မှဗိုလ်ချုပ်ကြီး မြထွန်းဦးကိုကျော်ပြီး သူပေးလိုသူကို ပေးလို့ရမှာပါ။ ဒီအတွက် DASSK နဲ့ စကားပြောလိုပုံပါ။

DASSK ကတော့ အရာအားလုံးကို ဥပဒေအတိုင်းသာ သွားလိုသူပါ။ သူမက လက်ရှိဒုတပ်ချုပ်ကိုသာအစဉ်အလာအတိုင်း ရာထူးတိုးပေးချင်ပါတယ်။ တပ်ထဲမှာ လက်ရှိထိပ်ပိုင်းအားလုံး ဘယ်သူမှ ခြေဥကို ချက်ခြင်းထပြင်လိုသူ မရှိပေမယ့် နိုင်ငံရေးရည်မှန်းချက်မရှိသူ တပ်ချုပ်ဖြစ်လာခဲ့ရင် လုပ်ရကိုင်ရတာ ပိုအဆင်ပြေလာနိုင်ပါတယ်။ ဥပမာ ဒုတပ်ချုပ်သာ တပ်ချုပ်ဖြစ်ခဲ့ရင် စစ်ဖက်အရပ်ဖက်ဆက်ဆံရေး ပိုကောင်းလာနိုင်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်လာမှာပါ။

တပ်ထဲမှာကတော့ တပ်ချုပ်နဲ့ DASSK တွေ့တယ်ဆိုပြီး ထိပ်သီးတွေကြားမှာ ပြောကြပါတယ်။ NLD ထံက သီးခြားအတည်ပြုချက်မရှိပါ။ ဒါပေမယ့် ရွေးကော်ကိစ္စလုပ်နေတာက တက်ထဲကထိပ်သီးအချို့ကို နားမလည်နိုင်အောင် ဖြစ်စေပါတယ်။ အောက်ကလူအများစုက သာဝထေဋက်ခံတဲ့ USDP ပါတီက ရှုံးတယ်ဆိုတာကို လက်ခံကြပါတယ်။ လက်မခံတာက သာဝပါ။

ဒီနေရာမှာ အရေးကြီးတဲ့မေးခွန်းက DASSK က ဘရွှေနဲ့ ညှိပြီး သာဝကိုဒိုးခိုင်းမလား သာဝတောင်းထားတယ်ဆိုတဲ့အတိုင်း ညှိမှာလားဆိုတာပါ။ စကားပြောတာတော့ ကောင်းပါတယ်။ ဒါပေမယ့် ညစ်တွန်းတွန်းနေရင်တော့ ပြည်သူနဲ့ ပိုဝေးသွားမယ်လို့ သာဝကို ကြိုပြောထားပါရစေ။ ယခုအချိန်မှာသင်၏ဆရာကတောင် သင့်ကို အနားပေးဖို့ စဉ်းစားနေပါပြီ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Jan 17, 2021

ဦးမြတ်!!!လောကသဘာဝမှာ စုန်း ကဝေ(ပြိတ္တာ)တို့သည် လူသားတို့အား ပူးကပ်၍ သူတို့အလိုရှိသမျှ မရမချင်း တောင်းဆိုသောအမူအကျင့်ရှိသည်ဟူ၍ ယုံကြည်ထားကြပါသည်။

အလားတူ မြေခွေးတို့၏ သဘာဝသည် အုံကျင်းဖွဲ့၍ ပူးကပ် ကိုက်လိုက် ခွါ၍ ဟပ်လိုက် လုပ်တတ်သော ဗီဇရှိကြောင်း လေ့လာမိသမျှ သိရှိပါသည်။

မနေ့ကပြောခဲ့သလို အဆိပ်လွှမ်းသည့် ငရဲပန်းကို တော်ဝင်ပန်းအဖြစ် မြင်အောင် ပူးကပ်တတ်သော #မြေခွေးကြီး၏ အကြံနှင့် ဉာဏ်ကို မြင်ခဲ့ရပါသည်။ မလိုလျှင် ဟပ် ဆွဲတတ်သောကြောင့်

မြေခွေးကို ရိုက်ပုတ် တောထုတ်ခဲ့ပြီး ဖြစ်ပါသည်။သို့သော် အမြစ်မပြတ်အောင် မဖြတ်နိုင်ခဲ့ခြင်းကြောင့်

~ပူးကပ် သတ်မှု

~ခွါပြီး အဝေးမှ ဟပ်မှု

စသည်တို့ မကြာခဏဆိုသလို ခပ်စိပ်စိပ်မြင်တွေ့နေရလာပါပြီ။

သို့ပါ၍ ဆရာ ပြောင်းသည်မို့

နည်းပညာ ပြောင်း ပြီလား။

ဆရာကို (ကျေးဇူးမထောက်ထား)အာခံကာ၊ အာ ပြန်လျှင်ဖြင့်!!!

သင်ခဲ့ရသော ဗျိုင်းသင်္ခန်းစာကိုသာ ဟူ၍။

အမှန်သစ္စာဖြင့်

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page