top of page
Search

ဘယ်သူသတ်လို့သေတာလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 12, 2022
  • 1 min read

ယခုရက်ပိုင်းအင်တာနက်မကောင်းလို့ ယခုမှတင်လိုက်ပါတယ်။ ရခိုင်မှာသေတဲ့ကိစ္စပါ။ ယခင်က AA နဲ့ တိုက်ပွဲဖြစ်ရင် မဲလုံးက AA နဲ့ ဖြစ်တာမဟုတ်ဘူး အာဆာနဲ့လို့ ရှင်းလေ့ရှိပါတယ်။

ယခုက စစ်ကိုင်းမှာလို မိုင်းဆွဲခံရတယ်။ မိုင်းကပြင်းတယ်။ AA က လက်နက်စုလာတာ ၂၀၀၉ ကထဲဆိုတော့ ကြာပြီလေ။ နောက် AA က လက်နက်ကောင်းလို့ မိုင်းဆွဲပြီးပြေးတာမဟုတ်ဘဲ ဝိုင်းပစ်ပြီးဖမ်းတယ်။ အမှန်အတိုင်းပြောရရင် တပ်လုံးပြောင်တယ်။ ဗိုလ်မှူးအဆင့်ကို ထုံးစံအတိုင်း ယာယီတပ်ရင်းမှူး ရာထူးပေးပြီး သေတွင်းထဲပို့လိုက်တာ။ ဗိုလ်မှူးစစ်ကြောင်းဆိုတော့ စစ်ဆေးဆရာဝန်တွေသူနာပြုတွေပါလိုက်ရတယ်။ သူတို့လဲ အဖမ်းခံလိုက်ရတယ်။

သေသူတွေကို မြေမြုပ်တာဗီဒီယိုရိုက်ပြီး လိုင်းပေါ် AA နာမည်ဖျက်ပြီးတင်မလို့ စစ်ခွေးထောက်လှမ်းရေးစီစဉ်ထားတယ်။ ရည်ရွယ်ချက်က အာဆာတိုက်လို့သေတယ်ဆိုပြီး မျက်ရည်ချူမလို့။ ခေတ်သစ်က ရသွားတော့ မြွေဖမ်းသွားတယ်။ သူတို့ရည်ရွယ်ချက်ကပြီးရင် ဗီဒီယိုကိုရင်းပြီး ဘဘုန်းကြီး ဂူဂူတို့ ရွာမတို့က အမျိုး ဘာသာ သာသနာဇတ်ထုတ်ရိုက်မလို့။ သူတို့လဲ ဘယ်သူကမိုင်းဆွဲလို့ သေတယ်ဆိုတာ မသိတာလား ဒါမှမဟုတ် ယခင်က AA ကို ဝင်တိုက်ခဲ့ချိန်က အာဆာဆိုပြီးပြောထားတော့ ကိုယ့်ရူးကိုယ်ပတ်တာလား မသဲကွဲပါ။ ပြန်ထမ်းမှာတော့ AA ဆိုပြီး ဖတ်ပါတယ်။ ဒီအခေါက်မှာက သူ့လူတွေပါ အဖမ်းခံလိုက်ရလို့ ဘယ်သူနဲ့ တိုက်ပွဲဖြစ်ခဲ့တယ် ဘယ်သူသတ်လို့သေတယ်ဆိုတာ ရှင်းရမှာပါ။ AA ကလဲ မရှင်းသေးလို့ မအလတို့က အရူးကွက်နင်းနေတာပါ။ နောက်ဒီပွဲမှာက ရဟတ်ယဉ်လဲ မကူလိုက်နိုင်ပါ။ ရဟတ်ယဉ်က စစ်ကိုင်း၊ ချင်းနဲ့ ကယားမှာ အဓိက ချထားလို့ပါ။အနောက်ပိုင်းတိုင်းမှာ ရှိပေမယ့် ဖြစ်တဲ့နေရာနဲ့က ဝေးနေပါတယ်။ ယခင် ကျောက်ထုကဟာတွေကလဲချင်းနဲ့ စစ်ကိုင်းစစ်ဆင်ရေးနဲ့တင် မအားပါ။

ယခုမအလက စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူးကို ရာထူးချပြီး နေပြည်တော်ခေါ်ထားပါပြီ။ စစ်ရှုံးလို့ဖမ်းစစ်မယ့်သဘောပါ။ ဒါပေမယ့် သူ့အောက်က ဗိုလ်မှူးအပါအဝင် ရဲဘော်တွေကတော့ ဘယ်သူသတ်လို့သေမှန်းမသိ သေသွားခဲ့ပါပြီ။ ဒီနေရာမှာ AA ရဲ့ ဗျူဟာက ကရင်ပြည်နယ်နဲ့ ကွာပါတယ်။ သူကမိုင်းဆွဲတယ် ဝိုင်းပစ်တယ်။ ဒဏ်ရာရသူကို သွားသယ်လဲ လာသယ်သူကို ပေးမဝင်ဘဲ လာသယ်တဲ့ကားကို မိုင်းထပ်ဆွဲပါတယ်။ ဒါ့ကြောင့်ရခိုင်သွားဖို့ ပိုကြောက်လာတာကြတာပါ။ ဒါက လေ့လာနိုင်အောင်သာ တင်ပြတာပါ။ တပ်ထဲမှာ ခံခက်နေတာက ဘယ်သူကသတ်လို့ သေတယ်ဆိုတာကိုတောင်အတိအကျမသိ မပြောရဲတာကိုပါ။ ဒီလိုနဲ့ဘဲ ဘယ်လောက်များ အသေခံကျမှာလဲ? မြင်းအတွက်အသက်ပေးအပြီး ယခုက ဘယ်သူသတ်လို့သေတာလဲ? ဒီထက်ပိုဆိုးတာက တပ်လုံးပြုတ်အသတ်ခံရပေမယ့် ဒီနေ့ AA အဖွဲ့ဝင်ကို ပြန်လွှတ်ပေးလိုက်လို့ အသက်ပေးသွားသူတွေရဲ့ မိသားစုတွေက ငပေါဖြစ်သွားတာပါ။ နောက်သင်ခန်းစာက AA လို လုပ်နိုင်ရင် မိမိလူကို မအလကပြန်လွှတ်မယ်ဆိုတာပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page