top of page
Search

ဘယ်သူ့မဲက ကွဲမလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Nov 26, 2019
  • 1 min read

ဘယ်သူ့မဲက ကွဲမလဲ

ပထမက လူရွှင်တော်။ သူက NLD စာတမ်းနဲ့ ဓာတ်ပုံရိုက်ဖူးတယ်။ မဲတကယ် ပေးလား မပေးလားမသိ။ ယခုတော့ ဘရွှေမန်းပါတီဝင်သွားတယ်။ သူက ဖွတ်ကိုတော့ မဲမပေးဘူး။

ဒုတိယက မျက်ရည်ကျခဲ့တဲ့ ခရိုနီကြီး။ သူက ယခင်ကဖွတ်အမတ်။ သူက နဂိုထဲက NLD ထောက်ခံသူမဟုတ်။ ယခုတော့သူက NLD မဲမပေးရင်တောင် သူ့အမျိုး ဘရွှေမန်းပါတီသာမဲပေးမှာ။ ဒါကြောင့်ဖွတ်မဲသာ နည်းသွားမှာ။

တတိယက NLD က လွှတ်တော်အမတ်။ သူက DASSK ကို ကွင်းပတ်ကန်တာ ဘာညာဝေဖန်တာကိုဖွတ်နဲ့ တပ်အကောင့်တုတွေက ထောက်ခံတာကို ဖီးတွေ့သွားပြီး ပါတီထောင်လို့ သူ့မဲကတော့ NLD မရတော့ပါ။ ဒါပေမယ့် သူ့မကို ထောက်ခံခဲ့သူအများစုဟာ သူမကိုထောက်ခံမလား အမျိုးသားရေးပါတီကိုထောက်ခံမလား ဖွတ်ကိုထောက်ခံမလား စဉ်းစားရပါပြီ။ သူမကိုထောက်ခံသူဟာ DASSK ကိုဝေဖန်တာကြိုက်သူများမိုလို့ ပုံမှန် NLD ကို ထောက်ခံသူများမဟုတ်ပါ။

နောက်အုပ်စုကတော့ ဟို ဟိုတယ်ပိုင်ရှင် ခေတ်ပျက်သူဌေး ဌေးအောင်လို အဘနဲ့ပေါင်းစားပြီးကောင်းစားခဲ့သူများပါ။ သူကတော့ NLD ကို မဲပေးခဲ့တယ်လို့ အင်တာဗျူးတွေမှာ ပြောလေ့ရှိပါတယ်။သူက သူ့ Facebook မှာ ကိုကိုကြီးပါတီဆိုလဲ မဲပေးရရင်ကောင်းမလိုရေးလိုက် ဒေါက်ခိုင်ရဲ့ ပါတီကိုလဲမဲပေးရမလိုရေးလိုက် ဘရွှေမန်းပါတီကိုလဲ မွှန်းလိုက် ယခင် ဗိုလ်ချုပ်တွေ ဖွဲ့တဲ့ပါတီကို မွှန်းလိုက်နဲ့ သူ့ဖာသာတောင် ဘယ်ပါတီမဲပေးရမှန်း မသိတော့တဲ့ပုံပါ။ သေချာတာကတော့ သူဟာ ဖွတ်ရဲ့ဖန်မိုလို့NLD အတွက် ဆုံးရှုံးမှုမရှိပါ။

ဒီနေရာမှာ ယခင်က အမှန်တကယ်ဖွတ်ကိုကြိုက်လို့ မဲပေးခဲ့သူတစ်ယောက်ဆိုရင်လဲ ယခုက တစည၊ဘရွှေမန်းနဲ့ ဗိုလ်ချုပ်ဟောင်းပါတီတွေနဲ့ ရွေးရခက်နေမှာပါ။

နောက်အချို့ဖွတ်အဖွဲ့ဝင်ဟောင်းတွေက ဘရွှေမန်းထံသွားဖို့များပါတယ်။ NLD ထဲကလူတွေက သူ့ကိုကြိုက်စရာမရှိပါ။

တကယ်ပါတီတွေက များနေပေမယ့် တကယ်ကတော့ ဖွတ်နဲ့ NLD ကြားသာ ရွေးရမှာပါ။ NLD မဲကDASSK အရှိန်နဲ့ ကွဲစရာမရှိဘဲ ဖွတ်မဲကသာ ကွဲမှာပါ။

ဒီနေရာမှာ တပ်ကို တပ်ပြင်မှာသာ မဲပေးခိုင်းပြီး ကြိုတင်မဲကို ကြီးကြပ် တပ်ပြောင်းတွေ မဲပေးခွင့်ကိုကန့်သတ်ရင် အဆက်ပြေသွားနိုင်ပါတယ်။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page