top of page
Search
Writer's pictureMyat Tun Oo

ဘယ်သူပြောရင်ယုံရမလဲ ဘယ္သူေျပာရင္ယံုရမလဲ

Updated: Jul 30, 2019



အေၾကာင္းအရာတစ္ခုကိုဆရာကျဖစ္ျဖစိဘုန္းႀကီးကျဖစ္ျဖစ္ေျပာလာရင္မွန္/မမွန္ေဝဖန္သံုးသပ္ရပါမယ္။အဲ့ဒါကိုအဂၤလိပ္လိုေတာ့critique လို႔ေျပာၾကပါတယ္။အဲ့ဒီလိုလုပ္ႏိုင္ဖို႔ကစာတတ္ၿပီးဗဟုသုတရွိဖို႔စာဖတ္ဖို႔လိုပါတယ္။

စာေရးသူဥပမာအေနနဲ႔ေျပာပါ့မယ္။စာေရးသူသားကိုကားေပၚမွာခရီးသြားလို႔သူစကားေျပာတတ္ခါစမွာေရာက္ေတာ့မလားေမးရင္ေရာက္ေတာ့မယ္လို႔ေျပာရင္ရပါမယ္။၅ႏွစ္၆ႏွစ္ေလာက္ဆိုသူကဘယ္ေလာက္ၾကာမလဲျပန္ေမးပါမယ္။ကိုယ္က၁၅မိနစ္၊တစ္နာရီဆိုေရာက္မယ္လို႔ျပန္ေျဖရပါမယ္။ေနာက္သူကေနျပည္ေတာ္နဲ႔ရန္ကုန္ဘယ္ေလာက္ေဝးလဲသိလာရင္အတိအက်ေျဖရပါေတာ့တယ္။လိမ္ေျဖလို႔မရပါ။ဘာေၾကာင့္လဲဆိုေတာ့သူ႔ေက်ာင္းကေနျပည္ေတာ္နဲ႔ရန္ကုန္ဟာဘယ္ေလာက္ေဝးလဲဆိုတာသင္ေပးလိုက္လို႔ပါ။ကိုယ္ကရန္ကုန္ကအထြက္မွာေနျပည္ေတာ္ကို၅နာရီၾကာမွာကေနာက္တစ္နာရီေနရင္ေရာက္မယ္လို႔လိမ္ေျပာလို႔မရေတာ့ပါ။

ဒီေနရာမွာျမန္မာျပည္ရဲ႕ၿမိဳ႕နဲ႔ေတာမွာေတာေနလူတန္းစားကဘုန္းႀကီးကိုယံုလြယ္သလိုဘုန္းႀကီးေျပာတာကိုဘုန္ႀကီးက'မွန္ရဲ႕လားဆို' တင္ပါ့ဘုရားလုပ္တာမ်ားပါတယ္။တရားပြဲေတြရဲ႕ထံုးစံကဘုန္းႀကီးကိုျပန္ေမးခြန္းထုတ္သူမရွိပါ။အဲ့ဒီသင္ၾကားနည္းဟာစာေရးသူတို႔လဲအ႐ိုးစြဲခဲ့တာေပါ့။အသီးငါးမ်ိဳးေတာင္ဆရာမေျပာတဲ့ငါးမ်ိဳးဘဲျပန္ေျပာႏိုင္တဲ့အဆင့္အထိေတြးေခၚမႈနည္းေအာင္လုပ္ခဲ့တာပါ။ဥပမာယူနက္စကိုကကုလားကလုပ္တာမဟုတ္ဘဲသူ႔ရဲ႕ပြဲကိုႏိုင္ငံလွည့္က်င္းပတာစာဖတ္မ်ားသူေတြဆိုသိပါမယ္။ဒါေပမယ့္မသိသူေတာသူေတာင္သားမ်ားကိုဂ်င္းထည့္တာဟာမေကာင္းပါ။ယခုေနာက္ပိုင္းဒီမိုအစိုးရလက္ထက္မွာသင္႐ိုးအသစ္နဲ႔တက္လာတဲ့ကေလးေတြကေတာ့သံုးတန္းေရာက္ေနပါၿပီ။သူတို႔ကေတာ့ေတြးေခၚမႈကိုစသင္လာလို႔ေနာက္၁၀ႏွစ္ေလာက္ေနရင္ေတာ့ယခုလိုဂ်င္းထည့္တဲ့ဘုန္းႀကီးေတြကိုျပန္ေမးခြန္းထုတ္ႏိုင္လာမွာပါ။

စာေရးသူတို႔အေနနဲ႔လဲမိမိဆရာကေျပာေျပာဘုန္းႀကီးကေျပာေျပာရလာတဲ့သတင္းအခ်က္အလက္ေတြကိုမွန္/မမွန္ခ်င့္ခ်ိန္ၿပီးမွယံုသင့္ပါတယ္။ဒီထက္အေရးႀကီးတာကဘုန္းႀကီးေတြအေနနဲ႔ငါးပါးသီလမွာအဓိကက်တယ့္သူတစ္ပါးပစၥည္းကိုခိုးယူၿပီးရရွိလာတဲ့ပိုက္ဆံကိုလက္ခံယူသင့္လားဆိုတာပါ။

အမွန္တကယ္မွာသာမန္လူတစ္ေယာက္ကိုသူခိုးဟုတ္မဟုတ္ဘုန္းႀကီးတစ္ေယာက္အေနနဲ႔မသိႏိုင္ပါ။ဥပမာလမ္းမွာေတြ႕တဲ့ဒကာကလႉရင္ေငြျဖဴေငြမဲခြဲဖို႔ခက္ပါမယ္။သူလႉတာကိုေတာ့လက္ခံရမွာပါ။ဒါေပမယ့္အဲ့ဒီလူဟာနာမည္ႀကီးၫႊန္ခ်ဳပ္ျဖစ္ၿပီးလခတရားဝင္သိန္း၃၀ေလာက္သာရၿပီးRolex နာရီေတြဝတ္၊ဘုန္းႀကီးကိုေငြေတြမိမိလခထက္ပိုလႉေနရင္ေတာ့ဒါဟာေငြမဲဆိုတာသိသင့္ပါတယ္။

လူ႔ေလာကမွာေတာ့သူမ်ားပစၥည္းခိုးရင္ေထာင္က်ႏိုင္သလိုခိုးရာပါပစၥည္းကိုသိသိႀကီးနဲ႔လက္ခံရင္လဲေထာင္က်ႏိုင္ပါတယ္။သာသနာမပ်က္ေအာင္ေစာင့္ေရွာက္ခ်င္စိတ္ရွိတာဟာေကာင္းေပမယ့္သူခိုးေငြနဲ႔ကေတာ့အလုပ္မျဖစ္သလိုသူခိုးအားေပးလုပ္တာဟာလဲဝိနည္းနဲ႔ညီမယ္မထင္ပါ။

အခ်ိဳ႕ကိစၥေတြဟာအသက္ႀကီးလို႔မွတ္ဉာဏ္ျပႆနာျဖစ္တာလဲျဖစ္ႏိုင္ပါတယ္။

ျမတ္စြာဘုရားကေတာ့"ခ်စ္သားတို႔သင္ၾကားဖူးလို႔လဲမယံုေလနဲ႔။သူမ်ားေျပာစကားမွ်လဲမယံုေလနဲ႔။စာေပက်မ္းထဲမွာေတြ႕လို႔ေရးထားလို႔လဲမယံုေလနဲ႔။ဆရာသမား၊လူႀကီးမ်ားကရဲ႕ေျပာစကားဆိုၿပီးလဲမယံုေလနဲ႔။မိ႐ိုးဖလာ႐ိုးရာဆိုၿပီးလဲမယံုေလနဲ႔။မိမိဖာသာေသခ်ာစြာေလလာသံုးသပ္ေဝဖန္ၿပီးအက်ိဳးအေၾကာင္းဆီေလွ်ာ္မွမိမိနဲ႔လူသားတိုင္းကိုအက်ိဳးျပဳမွလက္ခံၿပီးလိုက္နာက်င့္ၾကံပါလို႔ေျပာခဲ့ပါတယ္။

အဂၤလိပ္လိုကေအာက္ပါအတိုင္းပါ။

“Do not believe in anything simply because you have heard it. Do not believe in anything simply because it is spoken and rumored by many. Do not believe in anything simply because it is found written in your religious books. Do not believe in anything merely on the authority of your teachers and elders. Do not believe in traditions because they have been handed down for many generations. But after observation and analysis, when you find that anything agrees with reason and is conducive to the good and benefit of one and all, then accept it and live up to it.”

―Gautama Buddha

စာဖတ္သူမ်ားအေနနဲ႔လဲယူနက္စကိုကဘာအဖြဲ႕၊ကုလကဘာအဖြဲ႕၊ယူနက္စကိုကဘာအလုပ္လုပ္တယ္ဆိုတာကိုေလ့လာပါ။ၿပီးမွဘုန္းႀကီးေျပာတာကိုယံုပါ။အခ်ိဳ႕ကပညာရွိသတိျဖစ္ခဲျဖစ္တတ္သလိုအခ်ိဳ႕ကိစၥကတမင္လုပ္တာလဲျဖစ္တတ္ပါတယ္။

Unicode version

ဘယ်သူပြောရင်ယုံရမလဲ

အကြောင်းအရာတစ်ခုကိုဆရာကဖြစ်ဖြစိဘုန်းကြီးကဖြစ်ဖြစ်ပြောလာရင်မှန်/မမှန်ဝေဖန်သုံးသပ်ရပါမယ်။အဲ့ဒါကိုအင်္ဂလိပ်လိုတော့critique လို့ပြောကြပါတယ်။အဲ့ဒီလိုလုပ်နိုင်ဖို့ကစာတတ်ပြီးဗဟုသုတရှိဖို့စာဖတ်ဖို့လိုပါတယ်။

စာရေးသူဥပမာအနေနဲ့ပြောပါ့မယ်။စာရေးသူသားကိုကားပေါ်မှာခရီးသွားလို့သူစကားပြောတတ်ခါစမှာရောက်တော့မလားမေးရင်ရောက်တော့မယ်လို့ပြောရင်ရပါမယ်။၅နှစ်၆နှစ်လောက်ဆိုသူကဘယ်လောက်ကြာမလဲပြန်မေးပါမယ်။ကိုယ်က၁၅မိနစ်၊တစ်နာရီဆိုရောက်မယ်လို့ပြန်ဖြေရပါမယ်။နောက်သူကနေပြည်တော်နဲ့ရန်ကုန်ဘယ်လောက်ဝေးလဲသိလာရင်အတိအကျဖြေရပါတော့တယ်။လိမ်ဖြေလို့မရပါ။ဘာကြောင့်လဲဆိုတော့သူ့ကျောင်းကနေပြည်တော်နဲ့ရန်ကုန်ဟာဘယ်လောက်ဝေးလဲဆိုတာသင်ပေးလိုက်လို့ပါ။ကိုယ်ကရန်ကုန်ကအထွက်မှာနေပြည်တော်ကို၅နာရီကြာမှာကနောက်တစ်နာရီနေရင်ရောက်မယ်လို့လိမ်ပြောလို့မရတော့ပါ။

ဒီနေရာမှာမြန်မာပြည်ရဲ့မြို့နဲ့တောမှာတောနေလူတန်းစားကဘုန်းကြီးကိုယုံလွယ်သလိုဘုန်းကြီးပြောတာကိုဘုန်ကြီးက'မှန်ရဲ့လားဆို' တင်ပါ့ဘုရားလုပ်တာများပါတယ်။တရားပွဲတွေရဲ့ထုံးစံကဘုန်းကြီးကိုပြန်မေးခွန်းထုတ်သူမရှိပါ။အဲ့ဒီသင်ကြားနည်းဟာစာရေးသူတို့လဲအရိုးစွဲခဲ့တာပေါ့။အသီးငါးမျိုးတောင်ဆရာမပြောတဲ့ငါးမျိုးဘဲပြန်ပြောနိုင်တဲ့အဆင့်အထိတွေးခေါ်မှုနည်းအောင်လုပ်ခဲ့တာပါ။ဥပမာယူနက်စကိုကကုလားကလုပ်တာမဟုတ်ဘဲသူ့ရဲ့ပွဲကိုနိုင်ငံလှည့်ကျင်းပတာစာဖတ်များသူတွေဆိုသိပါမယ်။ဒါပေမယ့်မသိသူတောသူတောင်သားများကိုဂျင်းထည့်တာဟာမကောင်းပါ။ယခုနောက်ပိုင်းဒီမိုအစိုးရလက်ထက်မှာသင်ရိုးအသစ်နဲ့တက်လာတဲ့ကလေးတွေကတော့သုံးတန်းရောက်နေပါပြီ။သူတို့ကတော့တွေးခေါ်မှုကိုစသင်လာလို့နောက်၁၀နှစ်လောက်နေရင်တော့ယခုလိုဂျင်းထည့်တဲ့ဘုန်းကြီးတွေကိုပြန်မေးခွန်းထုတ်နိုင်လာမှာပါ။

စာရေးသူတို့အနေနဲ့လဲမိမိဆရာကပြောပြောဘုန်းကြီးကပြောပြောရလာတဲ့သတင်းအချက်အလက်တွေကိုမှန်/မမှန်ချင့်ချိန်ပြီးမှယုံသင့်ပါတယ်။ဒီထက်အရေးကြီးတာကဘုန်းကြီးတွေအနေနဲ့ငါးပါးသီလမှာအဓိကကျတယ့်သူတစ်ပါးပစ္စည်းကိုခိုးယူပြီးရရှိလာတဲ့ပိုက်ဆံကိုလက်ခံယူသင့်လားဆိုတာပါ။

အမှန်တကယ်မှာသာမန်လူတစ်ယောက်ကိုသူခိုးဟုတ်မဟုတ်ဘုန်းကြီးတစ်ယောက်အနေနဲ့မသိနိုင်ပါ။ဥပမာလမ်းမှာတွေ့တဲ့ဒကာကလှူရင်ငွေဖြူငွေမဲခွဲဖို့ခက်ပါမယ်။သူလှူတာကိုတော့လက်ခံရမှာပါ။ဒါပေမယ့်အဲ့ဒီလူဟာနာမည်ကြီးညွှန်ချုပ်ဖြစ်ပြီးလခတရားဝင်သိန်း၃၀လောက်သာရပြီးRolex နာရီတွေဝတ်၊ဘုန်းကြီးကိုငွေတွေမိမိလခထက်ပိုလှူနေရင်တော့ဒါဟာငွေမဲဆိုတာသိသင့်ပါတယ်။

လူ့လောကမှာတော့သူများပစ္စည်းခိုးရင်ထောင်ကျနိုင်သလိုခိုးရာပါပစ္စည်းကိုသိသိကြီးနဲ့လက်ခံရင်လဲထောင်ကျနိုင်ပါတယ်။သာသနာမပျက်အောင်စောင့်ရှောက်ချင်စိတ်ရှိတာဟာကောင်းပေမယ့်သူခိုးငွေနဲ့ကတော့အလုပ်မဖြစ်သလိုသူခိုးအားပေးလုပ်တာဟာလဲဝိနည်းနဲ့ညီမယ်မထင်ပါ။

အချို့ကိစ္စတွေဟာအသက်ကြီးလို့မှတ်ဉာဏ်ပြဿနာဖြစ်တာလဲဖြစ်နိုင်ပါတယ်။

မြတ်စွာဘုရားကတော့"ချစ်သားတို့သင်ကြားဖူးလို့လဲမယုံလေနဲ့။သူများပြောစကားမျှလဲမယုံလေနဲ့။စာပေကျမ်းထဲမှာတွေ့လို့ရေးထားလို့လဲမယုံလေနဲ့။ဆရာသမား၊လူကြီးများကရဲ့ပြောစကားဆိုပြီးလဲမယုံလေနဲ့။မိရိုးဖလာရိုးရာဆိုပြီးလဲမယုံလေနဲ့။မိမိဖာသာသေချာစွာလေလာသုံးသပ်ဝေဖန်ပြီးအကျိုးအကြောင်းဆီလျှော်မှမိမိနဲ့လူသားတိုင်းကိုအကျိုးပြုမှလက်ခံပြီးလိုက်နာကျင့်ကြံပါလို့ပြောခဲ့ပါတယ်။

အင်္ဂလိပ်လိုကအောက်ပါအတိုင်းပါ။

“Do not believe in anything simply because you have heard it. Do not believe in anything simply because it is spoken and rumored by many. Do not believe in anything simply because it is found written in your religious books. Do not believe in anything merely on the authority of your teachers and elders. Do not believe in traditions because they have been handed down for many generations. But after observation and analysis, when you find that anything agrees with reason and is conducive to the good and benefit of one and all, then accept it and live up to it.”

―Gautama Buddha

စာဖတ်သူများအနေနဲ့လဲယူနက်စကိုကဘာအဖွဲ့၊ကုလကဘာအဖွဲ့၊ယူနက်စကိုကဘာအလုပ်လုပ်တယ်ဆိုတာကိုလေ့လာပါ။ပြီးမှဘုန်းကြီးပြောတာကိုယုံပါ။အချို့ကပညာရှိသတိဖြစ်ခဲဖြစ်တတ်သလိုအချို့ကိစ္စကတမင်လုပ်တာလဲဖြစ်တတ်ပါတယ်။

1,023 views0 comments

Comments


bottom of page