top of page
Search

ဘယ်သူတွေက တိုက်နေလဲ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 10, 2021
  • 1 min read

ဒီကိစ္စကို လူတိုင်းသိလိုကြမှာပါ။ အစက မရေးဘူးလို့ ရည်ရွယ်ပေမယ့် နိုင်ငံခြားသံရုံးတွေသိအောင်ရေးလိုက်ပါမယ်။ ပထမဆုံးက မြန်မာပြည်ထဲမှာ အုပ်ကြီးအသတ်ခံရတယ်။ အချို့အုပ်ကြီးရုံးတွေမီးလောင်တယ်။ စျေးမီးလောင်တယ်။ ကျောင်းမီးလောင်တယ်။ အိမ်တွေမီးလောင်တယ်။ ဒါကို ဘယ်သူကလုပ်လဲ? ဖက်ဆစ်မအလရဲ့ ဇော်မဲလုံးကိုမေးရင် သူက NUG လို့ ပြောမှာပါ။ သူက အမှန်မပြောဖို့လိမ်ဖို့ လူဖြစ်လာသူလေ။ ဒါဆိုဘယ်သူလဲ?


NUG က လူငယ်တွေကို စစ်သင်တန်းပေးနေပါတယ်။ PDF ဆိုတဲ့ တပ်ဖွဲ့ပါတယ်။ PDF တပ်ဟာ စစ်စည်းကမ်း စစ်ဥပဒေကို လိုက်နာရပါတယ်။ အရေးကြီးဆုံးက သူက အရပ်သားအမိန့်နာခံရပြီး ယခုအချိန်မှာ လေ့ကျင့်နေဆဲသာရှိပါတယ်။ သူက NUG အစိုးရက တိုက်ဆိုမှ တိုက်ရမှာပါ။ ယခုအချိန်မှာလက်နက်တပ်ဆင်ဆဲသာ ရှိပါသေးတယ်။ ယခုအချိန်က ဗိုလ်ချုပ်အောင်ဆန်းတို့ စစ်ပညာသင်ချိန်ပေါ့။ သူကရဲဘော်သုံးကျိပ်ပေမယ့် ယခုကတော့ ရဲပေါ်သောင်းကျိပ်ပေါ့။ NUG အောက်က PDF ကဘာမှ မပစ်ရသေး ဗုံးမခွဲရသေး မတိုက်ရသေးပါ။


ဒါဆိုကျန်တာဘယ်သူလုပ်နေလဲ? ဖက်ဆစ်တပ်ကြောင့် ထွေအုပ်ကြောင့် Non CDM ညွှန်မှူးအချို့ကြောင့် ဘဝပျက်သွားရသူ ပြည်သူတွေ ဝန်ထမ်းတွေ အများကြီးပါ။ အချို့က မိသားစု သေသွားတယ်။ ပြိုကွဲသွားတယ်။ သူငယ်ချင်းက ဖက်ဆစ်တပ်ကပစ်လို့ သေသွားတယ် စသဖြင့်ပေါ့။ လူတိုင်းမှာ ခံစားချက်တွေ မျိုးစုံပါ။ သူတို့ထဲက အချို့ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စစ်ပညာသင်ပြီး တိုက်ခိုက်နေပါတယ်။ သူတို့ဟာ NUG အောက်မှာ မရှိပါ။ ကောင်းတာက စရဖကဖမ်းရင်လဲ အဖွဲ့ကွဲနေလို့ တစ်ဖွဲ့သာမိပြီး အခြားအဖွဲ့ကို မဖမ်းမိနိုင်ပါ။ သူတို့ရဲ့ လုပ်ရပ်ကြောင့် နယ်မှာ ရဲတွေက မသွားရဲတော့ပါ။တပ်ကလဲ သွားရင် ယဉ်တန်းနဲ့ မြောက်ဦးမှာလို လိုင်ဇာမှာလို သွားလာနေရပါပြီ။ ဒါပေမယ့် သူတို့ဟာကျောင်းတွေ စျေးတွေကို မီးမရှို့ပါဘူး။ NUG ရဲ့ PDF ကို ပြည်သူကထောက်ပံ့လို့ လက်နက်နဲ့ငွေကြေးအားကောင်းလာရင်တော့ သူတို့လဲ NUG အောက်ကို ရောက်သွားမှာပါ။ ယခုကတော့ တော်လှန်ရေးကိုမခံချင်သူ ပြည်သူများက မိမိအားနဲ့ တွန်းလှန်နေတာပါ။ တချိန်ထဲမှာ မင်းတပ်၊ ဒီမောဆိုတို့မှာ တိုက်နေတာကလဲ ပြည်သူတွေက မခံနိုင်လွန်းလို့ မိမိတို့ ဒုက္ခရောက်နိုင်တာသိလျက်နဲ့ အသေခံ တိုက်နေကြာတာပါ။ NUG ကသာ D Day ခေါ်ရင် ယခုထက်ကြီးမားမှာပါ။

ဖက်ဆစ်မအလက ဖွဲ့ထားတဲ့ စရဖနဲ့ ပျူစောထီးကသာ စျေးတွေ ကျောင်းတွေ ပြည်သူ့အိမ်တွေကိုမီးရှို့တာပါ။ ဥပမာ ဆရာအားလုံး CDM လုပ်ထားတဲ့ ကျောင်းသားတစ်ယောက်မှ လာမတက်တဲ့ ဒီမိုရပ်ကွက်ကကျောင်းကို မီးရှို့တာက ပျူစောထီးနဲ့ စရဖပါ။ ရွှေဘိုစျေးမီးလောင်တာက ဖက်ဆစ်တပ်သားတွေ စျေးထဲဝင်ခိုးရာက သူတို့ရာဇဝတ်မှုအတွက် သက်သေမကျန်အောင် မီးရှို့ရာက လောင်တာပါ။ အချို့ဖက်ဆစ်တပ်တွေဟာ တိုင်းရင်းသားဒေသနဲ့ ရိုဒေသမှာ လုပ်နေကြမိုလို့ ပြည်မမှာပါ အတင့်ရဲစွာလုပ်လာတာပါ။


အကျဉ်းချုပ်ရရင် ယခုလုပ်နေတာတွေက ပြည်သူတွေက သူတို့ဆုံးရှုံးမှုအတွက် သူတို့အသက်ရှင်ရပ်တည်ဖို့အတွက် တိုက်နေကြရတာပါ။ D Day မလာသေးပါဘူး။ D Day ဆိုတာ ဘယ်လိုနေ့မျိုးလဲဆိုရင် ဖက်ဆစ်ကို တိုက်ထုတ်တဲ့ တော်လှန်ရေးနေ့မျိုးပါ။ နောက်မြန်မာ့သမိုင်းမှာ ဖက်ဆစ်မအလကိုတိုက်ထုတ်တဲ့နေ့ဆိုပြီး သမိုင်းဝင်နေ့ ဖြစ်လာမှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

2 Comments


Myint Soe Oo
Myint Soe Oo
Jun 10, 2021

ဦးမြတ်!!

**ဘယ်သူတွေ ရူးသလဲ

**ခွဲခြား သိပါရစေ။


Like

Myint Soe Oo
Myint Soe Oo
Jun 10, 2021

ဦးမြတ်!!လောက ဝေါဟာ ပြောလာတာရှိပါသည်။ ဗြောင်လိမ် ဗြောင်စား ။ လောင်းကစား လောကသားတို့ ဝန်းကျင်မှာ ပေါက်ဖွါး အသုံးများကြပါသည်။ ဗြောင်လိမ် ဗြောင်စား လူလိမ်ကောက်ကျစ်သူမှန်သမျှ လောင်းကစားဝိုင်းမှာ ငွေကြေးအနိုင်ပိုင်း ရရှိသော်လည်း ကစားဝိုင်း အပြင်ထွက်သည်နှင့်

ဇွပ် ခံရသည်မှာ မည်သူမျှ ငြင်းပယ်မရပါ။

မတရားသောနည်းဖြင့် အနိုင်ကျင့်မှုကို မည်သူမျှ ကျေနပ် လက်ခံကြသည်မဟုတ်ပါ။အထူးသဖြင့် လူမိုက် လူယုတ်တို့သည် ငွေကြေးကို အထူးနှစ်ခြိုက်ကြပါသည်။ လက်ကြောတင်းအောင် ရှာစရာမလိုသော ငွေကြေးဆိုတော့ ပိုဆိုးပါတော့သည်။

သတင်းများအရ ပြည် ရွှေတချောင်း အုပ်ကြီးက လေသေနတ် ၊ မြင်းခြံ တလုတ်နယ်နား ရွာက အုပ်ကြီးက လည်ပင်း ပြတ်ရှ ဒါဏ်ရာများနှင့် လုပ်ကြံခံ သေဆုံးပါသည်။ ရရာလက်နက်ဖြင့် ကြုံခိုက်အချိန်မှာ အခွင့်အရေးကို အမိအရ အသုံးချသွားသည်ကို ထောက်ရှုပါက သူတို့နှိပ်စက်လို့ မခံစားနိုင်လောက်အောင် ဘဝပျက်ခဲ့သူတွေရဲ့ အညှိုးအတေးကို မြင်တွေ့နိုင်ပါသည်။ စျေး ကျောင်း သာသနိက အဆောက်အအုံတို့ကို မီးရှို့ဖျက်ဆီးခြင်း မလုပ်ကြပါ။ နာကျည်းသူတို့ အညှိုးအတေးသည် သူတို့ရွံမုန်းလွန်းလှသော ညစ်ပေါက်ဖြင့် ကပ်ကျယ်လုပ်သူများသာ ပစ်မှတ်ဖြစ်ကြောင်း

အထက်ပါဖြစ်ရပ်နှင့် လသယ ကမ အုပ်ကြီးတွေက သက်သေခံနေပါသည်။ အုပ်ကြီး နှင့် ဒလန် ဆိုသူများသည် ကြံ့ဖွတ်တွေဖြစ်နေကြောင်း သက်သေများက လတ်လတ်ဆတ်ဆတ်။ ယဥ်ကျေးရွာ သတင်းပေးဒလန် ကြံ့ဖွံ။ ကမ အုပ်ကြီးက ထောက်ခံသူ။ ကွတ်ခိုင်မှာ ကျသွားတဲ့ စစ်သားက ကြံ့ဖွံ အသင်းဝင် ကတ်ပြားကြီးနဲ့။

ကြံဖွံ နှင့် တပ် တသားတည်း ဆိုသည်မှာ ငြင်းမရတော့ပါ။

သီချင်းစာသား ခေါင်းစည်းဖြင့်အဆုံးသတ်အပ်ပါသည်။

**ဘယ်သူတွေ ရူးသလဲ

**ခွဲခြား

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page