top of page
Search

ဘယ်သူ့ကို လက်နက်ထောက်ပံ့ရမလဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Aug 27, 2021
  • 1 min read

NUG သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်အချို့က PDF တွေကို ဘယ်လိုလက်နက်ထောက်ပံ့မလဲ အချို့ကလက်နက်မရသေးဘူး ဘာညာဆိုပြီး မေးပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှင်းပြလိုပါတယ်။

မြန်မာပြည်မှာ ပြည်သူ ၉၀% က မအလကို ဖြုတ်ချလိုသူများပါ။ သူ့ကို လမ်းမှာတွေ့ရင် သတ်ချင်သူများစွာရှိမှာပါ။ ယခုလဲ နေရာတိုင်းမှာ ဒေသဆိုင်ရာအဖွဲ့လေးတွေ ပေါ်နေပါတယ်။ NUG ဟာအစိုးရပါ။ အစိုးရမှာ စစ်တပ်ဆိုတာရှိပါတယ်။ သူ့တပ်နာမည်က PDF ပါ။ သူက သူ့တပ်သားတွေကိုစနစ်တကျ သင်တန်းပေးရပါတယ်။ သူ့တပ်မှာ ဆရာဝန်၊ အင်ဂျင်နီယာမှသည် အနုပညာရှင်များစွာပါဝင်ပါတယ်။ အားလုံးဟာ ဒီမိုရေးအတွက် အသက်ပေးလိုသူများနဲ့ စုဖွဲ့ထားတာပါ။ မအလဩဇာခံဖက်ဆစ်တွေလို အခွင့်အရေးသမား၊ သူခိုး၊ဓားမြနဲ့ မုဒိမ်းသမားမပါပါ။ NUG အစိုးရအောက်ကတရားဝင်သင်တန်းဆင်းထားသူ ထောင် သောင်းခန့်ရှိပါတယ်။ အရေအတွက် စာရေးသူမသိပါ။ ဥပမာအနေနဲ့ တစ်သောင်းအနည်းဆုံးရှိပါတယ်။ M16 တစ်လက်က နယ်စပ်မှာ ဒေါ်လာ ၁၂၀၀ လောက်ပေါက်ပါတယ်။ သေနတ် အလက် ၁၀၀ ဆို ဒေါ်လာ ၁၂ သိန်းပါ။ တစ်ထောင်ဆို ဒေါ်လာ ၁၂သန်းပါ။သူ့လူ တစ်သောင်းဆို သန်း ၁၂၀ ပါ။ တော်လှန်ရေးဆိုပြီး အကြွေးနဲ့ မရောင်းပါဘူး။ ဒါစားတာ၊ယူနီဖောင်း၊ ကျည်ဆန်၊ ဆက်သွယ်ရေးစက်ဖိုး မပါသေးပါ။ အမေရိကန်နဲ့ အင်္ဂလိပ်ထံက ဘာမှမလာသေးပါ။ အမေရိကန်ပေးတဲ့ သန်း ၅၀ က နယ်စပ်က ဒုက္ခသည်တွေအတွက်ပါ။ ဒါက ငွေကြေးသုံးစွဲတာအတွက် အကြမ်းဖျင်းရေးပြတာပါ။


နောက် စစ်တပ်ဖွဲ့တယ်ဆိုတာ PDF ဆိုတဲ့ နာမည်ခံပြီး မိမိထင်တာ လုပ်လို့မရပါ။ အမိန့်နာခံမှု အဆင့်ဆင့် ကွပ်ကဲမှုအဆင့်ဆင့်ကို ခံယူရပါတယ်။ KNU, KIA, UWSA ဖွဲ့သလိုပေါ့။ သူတို့မှာ နိုင်ငံရေးအဖွဲ့ရှိပြီး တပ်က အဆိုပါနိုင်ငံရေးအဖွဲ့ကို ဩဇာခံတာပါ။ တပ်က နိုင်ငံရေးသမားကို ဩဇာမခံရင် ယခုမအလတပ်လို ဖြစ်သွားမှာပါ။ ဒါ့ကြောင့် ပထမဆုံးက နယ်အသီးသီးက ဒေသခံအဖွဲ့တွေဟာ ဗဟို PDF ရဲ့အမိန့်ပေးမှုကို အမိန့်နာခံပြီး ကွပ်ကဲမှုခံယူမှု ရှိရပါမယ်။ ဒါက ငါတို့လုပ်ချင်လုပ်မယ်ဆိုတာမျိုးမဟုတ်ဘဲ တကယ့်တပ်လို အမိန့်နာခံရတာပါ။ Command and Control structure အောက် ရောက်ရပါမယ်။ ဒီနေရာမှာ အချို့ဒေသခံ PDF အဖွဲ့တွေဟာ NUG နဲ့ ချိတ်မိလာနေပါပြီ။ သူတို့တွေက ဩဇာခံတယ် အမိန့်နာခံတယ်ဆိုရင် NUG ကလွှတ်တဲ့ PDF က ဦးဆောင်မှုပေးပြီး NUG က လက်နက်တပ်ပေးရမှာပါ။အချို့နယ်တွေမှာက ဒေသခံ NUG အစိုးရအဖွဲ့ရဲ့ အုပ်ချုပ်ရေးအစိုးရကို အမိန့်နာခံရပါမယ်။


ဒီနေရာမှာ NUG ကလဲ သူ့မှာရှိတာလေးနဲ့ ထိရောက်မယ့်နေရာကို ဘယ်လိုပို့မလဲ စဉ်းစားရပါတယ်။PDF ဆိုပြီး အမိန့်မနာခံသူကို လက်နက်ပို့ရင် ပလုံသွားမှာပါ။ ဒီနေရာမှာ လက်ရှိစစ်ရေးအရအောင်မြင်နေပြီးဖြစ်တဲ့ နေရာများကိုတော့ NUG က ဦးစားပေးစဉ်းစားပြီး ပို့မယ်ဆိုတာ ယုံကြည်ပါတယ်။


အကျဉ်းချုပ်ရရင် မအလကို တိုက်ချင်သူများလို့ NUG မှာ သူ့ထံက သင်တန်းဆင်းသူအားလုံးကိုလက်နက်တပ်ပေးဖို့တောင် လုံးပမ်းနေရပါတယ်။ ဒါပေမယ့် စစ်ရေးအောင်မြင်ရာဒေသ၊ အမိန့်နာခံပြီးNUG ကို ဩဇာခံတဲ့ စစ်ရေးအရ ဗျူဟာကျတဲ့ဒေသတွေကိုတော့ NUG က ဦးစားပေးပို့မှာပါ။တော်လှန်ရေးအောင်မြင်ဖို့က လက်နက်ဖြစ်ပြီး လက်နက်အတွက် ငွေကြေးထောက်ပံ့ရမှာပါ။ အပေါ်က ကုန်ကျငွေကိုတွက်ကြည့်ရင် ငါတို့လှူတဲ့ပိုက်ဆံ ဘယ်ရောက်လဲမေးသူတွေလဲ မိမိဖာသာ တွက်ကြည့်နိုင်လိမ့်မယ်ထင်ပါတယ်။ တော်လှန်ရေးဟာ အရှေ့မျှော် အနောက်မျှော်လို့မရပါ။ ပြည်သူသာအဓိကဖြစ်ပြီး ပြည်သူမှသည် ပြည်သူသို့ ပံ့ပိုးပြီး မအလကို အနိုင်တိုက်ရမှာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page