top of page
Search

ဘယ်သူကပစ်ပစ်

  • Writer: Myat Tun Oo
    Myat Tun Oo
  • Oct 2, 2022
  • 1 min read

စာရေးသူက မအလဆိုက်ဝါးနောက်ကိုလိုက်လေ့မရှိတာ အားလုံးသတိထားမိမှာပါ။ မအလကဆိုက်ဝါးထုတ်လဲ  မြွေမြွေချင်း ခြေမြင်ပါတယ်။ အချို့က မသိလို့လိုက်သူရှိသလို အချို့က တမင်ဖွတာပါ။ဥပမာ V ကိစ္စ၊ BPI သူခိုးအောင်ဇော်ကိစ္စ၊ ကွီးဖြိုးကိစ္စမျိုးပေါ့။ နောက်ဆုံး ကွီးဖြိုးကိစ္စမှာ DASSK တောင် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့ သေဒဏ်ခံရအပြီးမှာ မအလယုတ်မာမှု ပြဿနာအတိမ်အနက်ကို သိသွားခဲ့ပါတယ်။ သူမ ကိုဂျင်မီတို့သတင်းကြားချိန်မှာ အံ့ဩမှု၊ ဝမ်းနည်းမှု၊ မယုံကြည်နိုင်မှုတွေက သူမ မေးခဲ့တဲ့ မေးခွန်းတွေ အသံတွေထဲမှာ ပါနေခဲ့ပါတယ်။ ယခု ကယားလေဆိပ်မှာ ဖြစ်တဲ့ကိစ္စကို ပြန်ဆက်ရအောင်။

ကယားကလေယာဉ်အပစ်ခံရတယ်။ မအလက KNPP နဲ့ PDF ကို စွပ်စွဲတယ်။ မအလနောက်ကပေါ်ပြူလာ၊ မြဝတီ၊ NP News က ကျော်မျိုးမင်းတို့က PDF လို့ပြောပြီး ဘီဘီစီ၊ ဗီအိုအေက ထုံးစံအတိုင်း ဆရာကြီးစတိုင် ကြားနေစတိုင်နဲ့ စုံစမ်းဖို့လုပ်ပါတယ်။ ယခုဒါကို KNPP က ငြင်းလိုက်ပါပြီ။စာရေးသူအနေနဲ့ ဒီလောက်ဆို လုံလောက်ပါပြီလို့ ပြောပါရစေ။ ဘာလို့လဲ?

မအလဟာ သူ့ကိုထောက်ခံသူများ ယောမင်းကြီးဇရပ်အဖွဲ့တွေ အခြားအဖွဲ့တွေကို လုံခြုံရေးပေးနိုင်လေ့မရှိပါ။ ထိုအချိန်မှာ သူက NUG က ထိုလူတွေကိုသတ်မယ်ဆိုတဲ့ ကလေးကွက်စာထုတ်ပြီး ဒီဘက်က လိုက်ငြင်းရင်.ကနေ စကားကျွံသွားပြီး အဆိုပါ ခွေးဘောမတွေကို လုံခြုံရေးအာမခံပေးသလို ဖြစ်သွားတတ်ပါတယ်။ စာရေးသူက အဖွဲ့အားလုံး NUG ကအစ AA ကိုလေ့လာပါလို့ ပြောချင်ပါတယ်။AA ကို မအလက WHO နဲ့တိုက်ပေးပေမယ့် AA က မလုပ်ဖူးလောက်သာ တစ်ခွန်းပြောပြီး သူလုပ်စရာရှိတာ ဆက်လုပ်သွားခဲ့ပါတယ်။ အဲ့ဒီလမ်းကိုပိတ်မြဲအတိုင်း မအလသုံးမရအောင် လုပ်ထားခဲ့ပါတယ်။ဒီနေရာမှာ မအလတပ်ဟာ အရပ်သားကားသုံးတာ၊ အရပ်သား မီးရထား၊ အရပ်သား သင်္ဘောသုံးပြီးတပ်ပြောင်းတာ အရပ်သားကျောင်း၊ ဘုရား၊ ဘုန်းကြီးကျောင်းတွေမှာတပ်ဆွဲထားတာ အရပ်သားကိုလူသားဒိုင်းအဖြစ်သုံးတာ အားလုံးသိမှာပါ။ ယခုနောက်ဆုံးက အရပ်ဖက်လေယာဉ်နဲ့ လက်နက်သယ်တာ တပ်ပြောင်းတာ၊ တပ်ကအကြီးပိုင်းအမျို.တွေအထိ လေယာဉ်နဲ့ သွားလာတာ လုပ်ကြတာပါ။ ဒါကြောင့်လေယာဉ်နဲ့သွားတဲ့ အရပ်သားအယောင်ဆောင်သူတွေကို လုံခြုံရေးပေးရလွယ်အောင် PDF ကမလုပ်ရဲအောင် ဟန့်တာပါ။

အရပ်သားလေယာဉ်ကိုပစ်ရင် အကြမ်းဖက်အဖွဲ့ဖြစ်မှာလားဆိုလို့ မြန်မာပြည်မှာ မအလတက်ချိန်လေယာဉ်စီးနိုင်သူ လေယာဉ်လက်မှတ်ရသူအများစုဟာ မအလတပ်နဲ့ သူ့အနွယ်များသာပါ။ ထို့နေ့ကအဆိုပါလေယာဉ်မှာ သင်တန်းကပြန်လာတဲ့ တပ်ရင်းမှူးနဲ့ သူ့မိန်းမပါသလို အမြောက်တပ်က ဗိုလ်တွေ၊စရဖ ကယားတာဝန်ခံလဲပါပါတယ်။ နောက်စစ်တပ်ထောက်ခံတဲ့ မိုတယ်ပိုင်ရှင်လဲပါပါတယ်။ ပြည်သူစစ်စစ် ပါနိုင်ပေမယ့် လေယာဉ်ရဲ့ ၅% ထက် မပိုနိုင်ပါ။  လေယာဉ်တစ်စင်းလုံးပျက်သွားရင်တောင် မကောင်းသူ ၉၅% တခါထဲ သေသွားမှာပါ။ ဒါဆိုအချို့က လေယာဉ်ကိုပစ်ရင် ကုလက မင်းတို့ကိုအကြမ်းဖက်အဖွဲ့ကြေညာမှာပေါ့လို့ဆိုရင် ဘယ်နိုင်ငံကမှ ကလေးတွေသေချိန်က လာမကယ်လို့ အဲ့ဒီလို အနောက်မျှော်ကာ အကြောက်တော်ကဲနေရင်တော့ တော်လှန်ရေးရှုံးမှာပါလို့ ထပ်ပြောပါရစေ။ကလေးတွေသေချိန်မှာ ဘယ်ကုလ၊ ဘယ်ဘီဘီစီ၊ ဘယ်လူ့အခွင့်အရေးအဖွဲ့ကမှ လာမကယ်ပါ။တာလီဘန်သာ ဝေဖန်မှာကြောက်နေရင် အာဏာရခဲ့မှာမဟုတ်ပါ။

ဘယ်သူပစ်တာလဲဆိုတာ ရှေ့ရက်ပိုင်း လပိုင်းမှာ မအလတပ်တုန့်ပြန်ပုံအပေါ်မူတည်ပြီး သိလာမှာပါ။သူလေယာဉ်မပျံတော့ရင် လေကြောင်းတွေ လချီပိတ်လိုက်ရင်တော့ သူတကယ်ထိတာဖြစ်ပြီး သူတကယ်ကြောက်သွားတာ ဖြစ်နိုင်ပါတယ်။ စာရေးသူတို့က သူ့တပ်ကို အင်အားဖြည့်တဲ့လမ်းမှန်သမျှကို ပိတ်ရမှာပါ။ သူကယားမှာ ရဟတ်ယာဉ် သုံး မသုံးစောင့်ကြည့်ရမှာပါ။ မသုံးနိုင်တော့ရင် သူကြောက်သွားတာ သေချာပါတယ်။ စာရေးသူတို့အနေနဲ့ AA နဲ့ တာလီဘန်လုပ်တာကို လေ့လာပါ။ လုပ်စရာရှိတာကို လေ့လာပါ။ စာရေးသူအနနဲ့က မအလလေယာဉ်ကို ဘယ်သူပစ်လဲ စိတ်မဝင်စားဘဲ ပျက်သွားလဲ ဝမ်းနည်းမှာမဟုတ်ပါ။ မပျက်ရင်သာ ဝမ်းနည်းမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
တေဇဆန်းဘာလုပ်ပေးနိုင်လဲ

ဒီရက်ပိုင်းမှာ စရဖတွေက မင်းမော်ကွန်းနဲ့ တေဇဆန်းထောက်ခံသူတွေဖြစ်သွားကြပြီ။ တေဇဆန်းအနေနဲ့ မိမိ မန္တလေးဖြစ်မြောက်အောင် လုပ်ပြလိုက်ပါ။...

 
 
 

1 comentário


oosanoo.1968
02 de out. de 2022

အနောက်မျော်နေလို့ တော်လှန်ရေးကြာနေတာပါဆရာ...

Curtir
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page