top of page
Search

ဘယ်လိုတပ်မတော် လိုချင်လဲ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Dec 27, 2021
  • 1 min read

စာရေးသူတို့လက်ရှိမအလတပ်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်တာက လက်ရှိတပ်ဟာ ခိုးဆိုး လုယက် မုဒိမ်းကျင့် လူသတ် မီးရှို့နေပြီး အရပ်သားအစိုးရအောက်မှာ အမိန့်မနာခံလို့ပါ။ ဘယ်ဒီမိုနိုင်ငံကြည့်ကြည့်အရပ်သားအစိုးရဟာ စစ်တပ်ရဲ့အထက်မှာရှိရပါတယ်။ စစ်တပ်ဟာ ရွေးကောက်ခံအရပ်သားအစိုးရအောက်မှာ အရပ်သားပြောတဲ့အမိန့်ကို နာခံရပါတယ်။ ရုရှား၊ တရုတ်၊လာအို၊ ဗီယက်နမ်နဲ့ မြောက်ကိုရီးယားမှာတောင် သူတို့စစ်တပ်တွေဟာ အရပ်သားအစိုးရရဲ့ အမိန့်ကိုနာခံကြရပါတယ်။ ဒီမိုကရေစီမှာစစ်တပ်တင်မဟုတ်ပါ အခြားဌာနများကျန်းမာရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးကအစ ရွေးကောက်ခံအရပ်သားအစိုးရပြောတာကို သဘောမတူလဲ နားထောင်ရပါတယ်။ အဆိုပါဌာနက အစိုးရဝန်ထမ်းတွေဟာ ဝန်ကြီးနဲ့သဘောမတူရင် နုတ်ထွက်တာကလွဲပြီး ဘာမှလုပ်မရပါ။ ဒါဟာ ဒီမိုကရေစီကပြောတဲ့ အရပ်သားကြီးစိုးအုပ်ချုပ်မှု civilian supremacy ပါ။ ယခုကျန်းမာရေးကိစ္စမှာဆို အမေရိကန်နှင့် ဥရောပမှာ ကိုဗစ်ကာကွယ်ဆေး မထိုးသူများရှိပါတယ်။ ဂျာမနီမှာ အလွန်များပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက မထိုးမနေရ လုပ်စေချင်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးသမားတွေက လူ့အခွင့်အရေးကြောင့် ထိုသို့မလုပ်ဘဲ စစ်သားဆိုဆေးထိုး၊ ကျန်းမာရေးဝန်ထမ်းဆိုဆေးထိုး၊ ပွဲသွားရင် ကိုဗစ်ကာကွယ်ဆေးထိုးတာ ကိုဗစ်ပိုးမရှိတာ အထောက်အထားပြဝင်ခိုင်းခြင်းဖြင့် ဆေးမထိုးသူများကို ထိုးချင်လာအောင်လုပ်ပါတယ်။ ထို့အတူပါဘဲ Lockdown ချမယ်ဆိုရင် ပိုးကူးဆက်နှုန်းကျမှာ လူတိုင်းသိပါတယ်။ ဆရာဝန်တွေက Lockdown ချဖို့ အကြံပေးပေမယ့် နိုင်ငံရေးသမား ဝန်ကြီးချုပ်က စီးပွါးရေးပါတွက်ပြီး ဆုံးဖြတ်ရပါတယ်။ ဆရာဝန်တွေက မကြိုက်လဲ သူကရွေးကောက်ခံသမားက ဆုံးဖြတ်လို့လက်ခံရပါတယ်။ ဒါက ရွေးကောက်ခံအရပ်သား ပြည်သူက အုပ်ချုပ်တာကို ပြပါတယ်။

ယခုတပ်ကိစ္စပြန်ဆက်ပါ့မယ်။ စာရေးသူတို့က အရပ်သားအမိန့်မနာခံတဲ့ ရွေးကောက်ခံ အရပ်သားကိုအာဏာဖီဆန်ပြီး သူပုန်ထ အာဏာသိမ်းတဲ့ သူခိုး၊ ဓားပြ၊ မုဒိမ်းကျင့်၊ လူသတ်၊ မီးရှို့တဲ့ မအလတပ်မတော်ကို ဖြုတ်ချဖို့ PDF တပ်မတော်ကို ထူထောင်တာပါ။ ဒါ့ကြောင့် ထို PDF တပ်ဟာ မအလတပ်လို ဖြစ်မသွားဖို့လိုပါတယ်။ ပထမ PDF တွေဟာ ပြည်သူတင်မြောက်ထားတဲ့ NUG ကို သစ္စာခံရပါမယ်။ NUG ရဲ့အမိန့်ကို နာခံရပါမယ်။ NUG ကထုတ်ထားတဲ့ စစ်ဖက်ဆိုင်ရာ စည်းကမ်းတွေကိုလိုက်နာရပါမယ်။ ဒီကောင်တွေ စစ်ရေးကိစ္စ ဘာမှမသိပါဘူးဆိုတဲ့ စိတ်ရှိတဲ့အဖွဲ့ကို ပြည်သူ့ပိုက်ဆံနဲ့လက်နက်တတ်ဆင်ပေးလို့မရပါ။ ဥပမာ လူတွေကို ဓားမြတိုက်တဲ့အဖွဲ့က PDF ပါဆိုပြီး Facebook ပေါ် Live လွှင့်တိုင်း NUG က လက်နက်တတ်ဆင်ပေးလို့မရပါ။ သူက ဒါးနဲ့ ဓားမြတိုက်ရာကနေလက်နက်နဲ့ ဓားမြတိုက်သွားမှ ထိန်းရခက်နေမှာပါ။ ဆန္ဒပြရာမှာ အယူအဆမျိုးစုံနဲ့ ဆန္ဒပြလိုရပေမယ့်တပ်မတော်တစ်ခုထူထောင်ရာမှာတော့ PDF လုပ်လိုသူတွေဟာ မိမိနဲ့ မူဝါဒမတူလဲ ရွေးကောက်ခံအရပ်သား အစိုးရကို အမိန့်နာခံဖို့ အထူးလိုအပ်ပါတယ်။ ဥပမာ အမေရိကန်စစ်ဦးစီးအဖွဲ့ ဥက္ကဌဟာလက်ယာယိမ်း(Conservative) အမြင်ရှိပေမယ့် လက်ရှိသမ္မတ ဘိုင်ဒင်က အာဖဂန်က တပ်ဆုတ်ဆိုရင် အမြင်မတူလဲ ဆုတ်ပေးရပါတယ်။ ပြင်သစ်စစ်ဦးစီးအရာရှိက သူ့တပ်အတွက် သင်္ဘောတွေလိုချင်ပေမယ့် သမ္မတက မဝယ်ရဘူးဆိုရင် အမိန့်ကို လိုက်နာရပါတယ်။

အကျဉ်းချုပ်ရရင် စာရေးသူတို့ ဒီမိုတွေအနေနဲ့ စစ်ဘုရင်သေးသေးလေးတွေ ထပ်ပေါ်လာတဲ့ တပ်ကိုထောင်မှာလား ဒီမိုကရေစီနည်းကျကျ NUG ရဲ့ အမိန့် ရွေးကောက်ခံအစိုးရရဲ့ အမိန့်ကို နာခံတဲ့တပ်ကိုထောင်မှာလား သေချာစဉ်းစားပြီး NUG ရဲ့ PRF https://ofp.crphmyanmar.org အစီအစဉ်နဲ့ မိမိနိုင်ငံက NUG အသိအမှတ်ပြုတဲ့လူထံမှာ လှူကြပါလို့ မေတ္တာရပ်ခံပါရစေ။ လက်ရှိမအလတပ်ဟာ ဂျပန်ဖက်ဆစ်ထံကလာလို့ ဗီဇမကောင်းပါ။ ဒါ့ကြောင့် ဗီဇကောင်းတဲ့ သူခိုး ဂျပိုး မအလတပ်လိုမဖြစ်အောင် NUG ရဲ့အမိန့်နာခံတဲ့ ရွေးကောက်ခံ အရပ်သားအစိုးရအမိန့်ကို နာခံတဲ့ PDF ကို လှူကြပါလို့ထပ်ခါထပ်ခါ ပြောပါရစေ။ မအလတပ်မျိုးတော့ ထပ်မလိုချင်တော့ပါ။ NUG ရဲ့ တရားဝင် PDF ကိုလှူလိုသူများ https://ofp.crphmyanmar.org ဒီမှာနှိပ်ပြီး လှူကြပါ။

 
 
 

Recent Posts

See All
ထရမ့်ကောင်းလား မကောင်းလား

ထရမ့်ကောင်းလား မကောင်းလား ထရမ့်ကို မကောင်းပြောကြလို့ ထရမ့်က ကောင်း မကောင်းတော့မသိ တရုတ်ကို ကြပ်တာတော့ ကြိုက်တယ်။ ယခုလဲ ဘင်္ဂလားကနေ...

 
 
 

1 commentaire


Myint Soe Oo
Myint Soe Oo
27 déc. 2021

ဦးမြတ်!!!FB ပေါ်က ဆောင်းပါးအောက်

comment တစ်ခု ဖတ်မိပါသည်။သို့ပါ‌၍ ခံစားမှု အရင်းပြု၍ ရေးသားအပ်ပါသည်။

~း•••ပြောတာတွေ တစ်ခုမှ ခုထိ၊ လုပ်မပေးနိုင်သေးဘူး•••။

G သည် Government (အစိုးရ )

စည်းလုံးညီညွတ်သော ပြည်သူ့အစိုးရ။


မခံချင်စိတ်တစ်ခု အရင်းတည်ပြု၍ လက်နက်စွဲကိုင်သော အဖွဲ့ မဟုတ်ပါ။

အဖွဲ့အားလုံးကို လက်နက်တပ်ဆင်မပေးနိုင်တာကိုကြည့်ပြီး အပြစ်ဖွဲ့နေလျှင် မှန်းထားသော ခရီး၊ ရည်မှန်းချိန်အတွင်း ပေါက်ရောက်မည်မဟုတ်ပါ။ လက်နက်တပ်ဆင်ရေးတစ်ခုတည်း ကွက် ကြည့်၍ မရကြောင်း မြင်အောင်ကြည့်စေလိုပါသည်။

တလောက ဗမာ့ကာကွယ်ရေးဦးစီးချုပ် အမည်ခံထားသူကို လက်နက် တပ်ဆင်ပေးရမှာလား ? သူ၏ စွမ်းဆောင်ရည် ပမာဏ အတိအကျ သိရဖို့လည်း လိုပါသည်။

~ဆရာကြီး ဝင်းမြတ်အေး ။ နယ်စပ်စစ်ဘေးရှောင်များ လိုသမျှကို အတတ်နိုင်ဆုံး ရှိသမျှ ဓနအားဖြင့် ပြေလည်အောင် ဆောင်ရွက်ပေးခဲ့ပါသည်။

~ တရားမဝင် သစ်ခွဲသားများ ဖမ်းဆီးခြင်း၊ တရားမဝင် ကျောက်စိမ်းများ ဖမ်းဆီး၍ နျုဂျီထံ အပ်နှံခြင်း။ မူးယစ်ဆေးနှင့် လောင်းကစားဝိုင်းများ ဖမ်းဆီးခြင်း။ ဒေသခံ ပီဒီအက်ဖ်နှင့် နျုဂျီတို့၏

ဆက်ဆံရေး မြင်တွေနိုင်ပါသည်။

~ဒေါက်ဆာဆာ နှင့် ဒေါ်ဇင်မာအောင် ပြည်ပမျက်နှာစာမှာ အခက်အခဲပေါင်းများစွာကို ခုခံ ကျော်လွှား၊ ဉာဏ်ရည်ကစား၍ ထောက်ခံမှုရအောင် ရုန်း ယူနေရပါသည်။

~ ပြည်တွင်းမှာ လက်နက်နဲ့ပတ်သက်ပြီး အတန်ငယ် ပွက် ခဲ့သဖြင့် ဦးရည်မွန်ကိုယ်တိုင် ပြီးခဲ့သည့်ရက်ပိုင်းက စာဖြင့် ထုတ်ရှင်းပြခ့ရပါသည်။

လူတစ်ဦးနှင့် တစ်ဦး စဦး ဆက်ဆံရစဉ်မှာ တယောက်ကြောင်းတစ်ယောက် မသိရခင် ယုံကြည်မှုတစ်ခု ရအောင် တည်ဆောက်ရပါသည်။

ကြာကြာပေါင်းမှ အကြောင်းသိ။ မိတ်ဆွေ အတုလား ? မိတ်ဆွေ အစစ်လား? ကွဲပြားပြီးခြားနားမှသာ အတွင်းရေးဆိုတာ ထုတ်ဖေါ်ပြောရပါသည်။

ပီဒီအက် ဆိုပြီး အလှူခံ လူလိမ်…


J'aime
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page