top of page
Search

ဘယ်လိုကင်းလှည့်ရမလဲ အဘ?

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 3, 2022
  • 1 min read

နေ့စဉ် တိုက်ပွဲဖြစ်အပြီးမှာ နေပြည်တော်ကလဲ ညွှန်ကြားချက်အသစ်တွေလာနေပါတယ်။

ပထမက ကားတွေမိုင်းဆွဲခံရတယ်။ အမိန့်က ခြေလျင်တက်။ ဒါလဲ မိုင်းဆွဲခံရတယ်။ ဒါနဲ့အရပ်သားကားသုံး၊ အရပ်ဝတ်နဲ့တက်။ ဒါလဲ PDF က သိလာတော့ နောက်ပိုင်း ဘုန်းကြီးကားကို ရှေ့ကသွားခိုင်း၊ ပရဟိတကားတွေသုံး၊ လူသားဒိုင်းသုံး မျိုးစုံပါဘဲ။ ဒါလဲ အတိုက်ခံနေရသေးတာပါဘဲ။

ဒုတိယက ဆန္ဒပြပွဲတွေပါ။ မြို့ပေါ်မှာ ဆန္ဒပြပွဲတွေကို မစုဝေးနိုင်အောင် ချက်ခြင်းဖြိုခွဲခိုင်းပါတယ်။ အချို့နေရာတွေမှာက ကင်ပုန်းဝပ် စောင့်တယ်ပေါ့။ ဆန္ဒပြသူက အများအားဖြင့်PDF နဲ့မဆိုင်တော့ ဖမ်းသူကလဲ လက်ရဲဇက်ရဲရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်း ဆန္ဒပြဆိုင်းပုဒ်မှာ ဗုံးတတ်ထားပြီး အန္တရာယ်ရှိသည် မကိုင်ရလို့ ရေးထားတာကို သွားကိုင်တာကနေတပ်သားသေမလိုဖြစ်ချိန်မှာ ညွှန်ကြားလွှာအသစ်က သတိနှင့်ချဉ်းကပ်ပါပေါ့။ ဒါနဲ့ဟိုကနောက်သလိုလုပ်ပြီး ဘက်ထရီနဲ့ ကက်ဆက်ထားခဲ့ရင်တောင် မကပ်ရဲဘဲ အဆင့်ဆင့်သတင်းပို့လာရပါတယ်။ အကျိုးဆက်က သူတို့ကို ဆန့်ကျင်တဲ့ ပိုစတာတွေကို အလွယ်တကူမဖြုတ်နိုင်တော့တာပါ။

တတိယက ထရုန်းကိစ္စပါ။ PDF အချို့က ထရုန်းကို တင်ပါတယ်။ ဒါနဲ့တပ်ထဲမှာ ဒီဟာကဘာအမျိုးအစား ဘယ်လိုတုန့်ပြန်ဖို့ပြင်ပါ ဘာညာညွှန်ကြားပြန်ပါတယ်။ ထရုန်းကို ဖျက်တဲ့jammer က ကင်းစခန်းတိုင်းကို မပေးနိုင်ပါ။ အောက်ခြေကတပ်တွေ စ မြွေဖမ်းပါတယ်။နောက်အထူးသဖြင့် ရန်ကုန် မန္တလေးက ဗျူဟာမှူးတွေကြောက်သွားတာက ရန်ကုန်မှာ စစ်ကားရပ်နေချိန် ထရုန်းက ဗုံပစ်မချဘဲ ဝင်ဝုန်းရင် ဘာလုပ်ရမလဲဆိုတာပါ။ ရန်သူက ထရုန်းပေါ်က ပစ်ချရင် ပစ်မှတ်မတည့်နိုင်ပေမယ့် ကားပေါ်တည့်တည့်ကို ထရုန်းနဲ့ ဝင်ဝုန်းရင် ငါတို့ဘာလုပ်ရမလဲဆိုတာ သူတို့စဉ်းစားနေကြရပါပြီ။ လောလောဆယ်က မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ကောင်းကင်ကိုကြည့်ပြီး သေနတ်နဲ့ပစ်ချဖို့ ဆုံးဖြတ်ထားကြပါတယ်😀။

ယခင်က ကင်းလှည့်ရင် အရပ်လေးမျက်နှာနဲ့ အောက်ကဗုံးကို ကြည့်နေရက ယခုက အပေါ်က ကောင်းကင်ကိုပါ ကြည့်နေရပါပြီ။ ဆန္ဒပြပိုစတာကိုလဲ Danger အန္တရာယ်ရှိသည် မကိုင်ရဆိုရင်လဲ မကိုင်ဘဲ အထက်ကိုတင်ပြဖို့ လုပ်လာနေရပါပြီ။ နောက် ဆန္ဒပြပွဲနှိမ်နင်းဖို့သွားရင်း လမ်းမှာတစ်ခုခုဖြစ်ခဲ့ရင် နောက်ညွှန်ကြားချက် ထပ်ထွက်အုံးမှာပါ။ အဆိုပါ မအလတပ်ဖွဲ့ဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ရေရှည်မှာ တောင့်ခံနိုင်မလားဆိုတာပါ။သေချာတာက သူတို့ဟာ အဝိုင်းခံထားရသလို ဖြစ်နေပါပြီ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

2 Comments


ayeyarr
ayeyarr
Jan 03, 2022

ARMY UNDER SIEGE!🙃

Like

Myint Soe Oo
Myint Soe Oo
Jan 03, 2022

ဦးမြတ်!!! ခြေလျင် တပ်ရင်း ဆိုသည့်အတိုင်း စစ်ကိုင်းတိုင်းထဲမှာ တကယ့်ကို ခြေလျင်လျောက် ကုန်းကြောင်း ပစ်သွားနေရပါသည်။ ခြေတွေလည်း မမြန်နိုင်တော့ပါ။ ဝက်လက်နှင့် ၈မိုင်ဝေးသော----ရွာကို တနေကုန်အောင် ကုန်းကြောင်းသွားနေရပါသည်။ လမ်းကြိုလမ်းကြား လူသူမမြင်အောင်သွားနေသည့်ကြားမှ နာနတ်သီးတွေ မြည်းမိလို့ ဝမ်းပျက်သူတွေ ဘယ်ဝယ်သောင်ကမ်း မျှော်မှန်းမရကြောင်း၊သို့ပါ၍ ရွာအဝင်ကို အမှောင်ဝင်မှရောက်ကြောင်း ----အင်အားစု သတင်းစာမျက်နှာမှာ ဖော်ပြထားပါသည်။

ယူကျု ( You Tube ) သည် သီချင်းနားထောင်ရုံမျှမက လိုတရ ဣစ္ဆာသယလွယ်အိတ်ကြီးဟု တင်ပြခဲ့ဖူးပါသည်။

လိုချင်တာကို ဘယ်အချိန်နှိုက်နှိုက် အကြိုက်မှန်သမျှ အကုန်ရစေသော ချန်နယ်လည်းဖြစ်ပါသည်။ ခုဆို CCTV controll တွေ အလှည့်ကျခဲ့ကြောင်း တာမွေနှင့် နေရာတချို့မှာ ပြသခဲ့ပါသည်။

ဂျီဇက် တနည်း နည်းပညာခေတ်မှာ မွေးဖွါးခဲ့ကြသူများဖြစ်ပါသည်။

တထွာ ပြရုံနှင့် တမိုင်ခန့် လှမ်းမြင်နိုင်စွမ်းသူတွေ။ ဉာဏ်ရည်ကလည်း ထက်ပါဘိ။ သွက်ပါဘိ။

နုံချာချာ အိုရွတ်တွ တွေကို

VOLUME 1 ; CHAPTER 1 မှ

LESSON 1 ကိုသင်ကြားပေးခြင်းဟု မြင်မိပါသည်။Lesson ကလည်း ၁ ၊၂ ၊၃>>>

CHAPTER 1 ဆိုတော့CHAPTER 2 ; 3 ; 4 ; 5>>>>လည်း ရှိပါသေးသည်။

အလားတူ VOL 1မှရှိသည့်နောက်

VOL 2 ; 3 ; 4 ; 5 >>>>>>>

GZ တို့မှာ ပေးစရာ သင်္ခန်းစာတွေက များမှများ။

မှီအောင်လိုက်ဖို့ကတော့

လိုက်သူ၏ ဉာဏ် အရည်အချင်းပေါ် မူတည်ပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page