top of page
Search
  • Writer's pictureMyat Tun Oo

ဘဘနှင့်ကုလ


ကုလက ကြေညာချက်ထုတ်ရာမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် ကုလမြန်မာပြည်ထဲ အဓိကကူတာက ရခိုင်၊ချင်းက နည်းနည်းပါးပါး ကချင်က မဆိုစလောက်ပါ။ ကရင်နယ်စပ်တော့ ထိုင်းထဲမှာ ကူမှာပါ။ မြန်မာပြည်ထဲမှာက No ပါ။ စစ်ကိုင်း၊ မကွေး လှည့်တောင်မကြည့်ပါ။ နိုင်ငံရေးအကျဉ်းသားဆို အဘတက်ကထဲက ကုလက ဘာမှမကူညီ။ အဘကလဲ ကုလရဲ့အားနည်းချက်ကိုသိတယ်။ ဒါကြောင့် သူ့ကိုအသိအမှတ်ပြုမှ ရခိုင်မှာဆက်ထောက်ပံ့လို့ရမယ်လို့ ကျပ်တယ်။ ကုလကဘဲကြီးကိုယ်တိုင်လာတွေ့တယ်။ အဘကို ဒီကိစ္စတော့ မလှန်ရဲပါ။ ယခုဘဘကရခိုင်မှာဆက်နေချင်ရင် ဘာညာလုပ်ရမယ် သူ့ပျူစစ်ရှောင်တွေကိုလဲ ထောက်ပံ့ရမယ် ထပ်ကျပ်တယ်။ ဟိုကဒါလဲသဘောတူမှာပါဘဲ။ သူ့မှာကလဲ သူထောက်ပံ့လိုသူတွေ ရှိသေးတယ်လေ။

ယခု အာဆာက ဝင်လာတယ်ဘာညာ လေသံပစ်လာနေသလို ရခိုင်မှာ သူ့လူမျိုးတွေစိုးရိမ်ရတယ်ဆိုပြီးလဲ လေသံပြန်ပစ်လာနေပါပြီ။ စရဖနဲ့အာဆာလဲ အပေးအယူတွေလုပ်နေပါတယ်။ အားလုံးက ဆေးပြား၊ ဘိန်းလုပ်တဲ့မိတ်ဆွေတွေပါ။ အဘသဘောက အာဆာနဲ့ အေအေကို ပြန်ထိန်းထားပြီး ရခိုင်က တပ်နုတ်နိုင်အောင်ပါ။ အဘမှာအမြဲတမ်းရန်သူမရှိပါဘူး။ NLD ကိုဆန့်ကျင်ရင် DASSK ကိုဆန့်ကျင်ရင် လက်နက်ကိုင်သူသာ ငါသိငါတတ်စိတ်ရှိရင် အဘနဲ့ လက်တွဲလုပ်နိုင်ပါတယ်။ ရခိုင်ပြည်ကြီးမှာက လုံခြုံအောင်လုပ်ပေးနိုင်တဲ့ AA၊ အာဆာနဲ့ ဘဘတပ်မတော် ထောက်ပံ့မယ့်ကုလတို့ရှိလို့ ပြည်သူတွေက ဘာသတင်းတက်လာလာ အမျိုး၊ ဘာသာ၊ သာသနာ နားမယောင်ဘဲ တော်လှန်ရေးသာ ဂရုစိုက်ပါလို့ ပြောလိုပါတယ်။

489 views0 comments

Recent Posts

See All

အောက်ကလူတွေစစ်တုန်းက နှစ်ဖွဲ့ ဘဘမိုးကျမှ တစ်ဖွဲ့ထဲဖြစ်သွားတာက သတင်းပေါက်ကြားမှာစိုးလို့လား? အားလုံးသိပြီးသားကိစ္စမိုလို့ ထပ်ထူးစရာမရှိသလို ထပ်ကျစရာသိက္ခာ အဘမှာကျန်သေးလို့လား? အဘက အဘဖာသာတပ်ချုပ်ခန့်ထား

bottom of page