top of page
Search

ဘတ်ငါးသောင်းတန် မအလသားဘောမဂျင်းများ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 7, 2022
  • 1 min read

စာရေးသူတို့လူမျိုးက ဂျင်းကြိုက်ပါတယ်။ ပါပီမကြိုက်သလို ပါဂျောင်ဇတ်လမ်းလေးတွေလဲကြိုက်ပါတယ်။ ဘတ်ငါးသောင်းကိစ္စမရေးခင် ထောက်လှမ်းရေးနဲ့ ဆိုက်ဝါးဘယ်လို အလုပ်လုပ်လဲ ပြောပြပါ့မယ်။ ၈၈ မှာ ကျောင်းသားတွေ တောခိုပါတယ်။ အစပိုင်း ကျောင်းသားစစ်စစ်တွေပါ။ နောက်ပိုင်း စစ်ထောက်လှမ်းရေး တန်ပြန်ယူနစ်က လူတွေကို ကျောင်းသားဆိုပြီး လွှတ်ပါတယ်။ ခင်ညွန့်နဲ့ သူ့လက်ထောက်သာ နာမည်စာရင်း သိပါတယ်။ သူတို့က ကျောင်းသားချင်းသွေးပြန်ခွဲပါတယ်။ နောက် အဆိုပါထောက်လှမ်းရေးကြောင့် ကျောင်းသားတပ်က အတွင်းကို လူပို့တိုင်းအဖမ်းခံရပြီး ကျောင်းသားအချင်းချင်း မယုံကြည်မှုဖြစ်ပါတယ်။ အဲ့ဒီကနေ ပါဂျောင်လူသတ်ပွဲလိုမျိုးတွေအထိ ဖြစ်လာတာပါ။ ဒါကသမိုင်းပါ။

DASSK လွှတ်တော်ထဲဝင်အပြီးမှာ အမေ အမေဆိုပြီးစဖြစ်လာ ဝန်းရံသလို ဖြစ်လာကြပါတယ်။နောက် NLD ကို မဲပေးပါပေါ့။ ပြီးတော့ NLD ကို ဝေဖန်ရမှာဘဲဆိုပြီး ယခုမအလကိုထောက်ခံနေတဲ့ စစ်ခွေးNLD အမတ်ပြုတ်ကျော်ဇေယျတို့ သက်သက်ခိုင်တို့ကို မ ခဲ့ပါတယ်။ မအလအကွက် V ကိစ္စလေး BPI မအလမိန်းမအမျိုး အောင်ဇော်သူခိုးကိစ္စလေးတောင် ဝင်ပါလိုက်ကြပါသေးတယ်။စာရေးသူတို့က ဒီစစ်ခွေးကျော်ဇေယျတို့ ဘောမသက်သက်ခိုင်တို့ ဝေဖန်တာဟာ မအလအတွက်ဆိုတာ နဂိုထဲကသိပြီးသား ကွက်ကြိုမြင်ပြီးသားပါ။

ယခု NUG က ဝန်ကြီးကို လာပါပြီ။ သူက အရပ်ရှည်ကြည့်ကောင်းတော့ မအလလို ဂျပုကို အဖေခေါ်သူများက မနာလိုတာ အစကထဲကပါ။ နောက်သူက ပြည်ထဲရေးကိုင်ထားပြီး သူ့လက်အောက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလဲ မအလတပ်ကို ကျွေးနေလို့ မအလက အစာမကျေတာကြာပါပြီ။ တပ်ထဲမှာ အသေများလေ သူါကိုကျွန်ဆဲလေပါ။ ဒီအချိန်မှာဘဲ သူကဘတ်ငါးသောင်းတန် အိမ်ငှါးတယ်ဆိုပြီး မအလဘောမများနဲ့ ယခင်က ကွီးဖြိုးကိုဝေဖန်သူ ကျော်ဇေယျထောက်ခံသူက စဖြန့်ပါတော့တယ်။ သူ့နောက်ကနေ ယူကေမှာ NUG ကိုယ်စားလှယ်မလုပ်ရလို့ NUG ကိုဖောင်းထုနေသူက စဖွလာတာတွေ့ရပါတယ်။ သူမဟာ NUG ကို မလှူဖို့ သူမထံကသာလှူဖို့ပြောဆိုတိုက်ခိုက်သူပါ။ ပထမဆုံးက ဘတ်ငါးသောင်းဆိုတာ ဒေါ်လာ ၁၅၀၀ တန်ပါတယ်။ ဒီလောက်အိမ်အတိအကျသိနေရင် မအလထောက်လှမ်းရေးက ထိုင်းကို လက်တို့ပြီးဖမ်းသွားတာကြာပါပြီ။ အကယ်၍ သူက အိမ်ငှါးနေတယ်ဆိုရင်တောင် ကိုယ်က သူ့အလုပ်အတွက်လိုအပ်ချက်အနေနဲ့ ငှါးလို့ရတာတောင် ကျေးဇူးတင်ရမှာပါ။ ထိုင်းမှာ နေထိုင်ခွင့်မရှီဘဲ အိမ်ငှါးရတာ မလွယ်ပါ။ အချို့က လှူတဲ့ပိုက်ဆံတွေသုံးမယ် ဘာညာဆိုပြီး မအလဆိုက်ဝါးနောက် လိုက်ကြတာတွေ့ရပါတယ်။ ပုံမှန်မှာ မိမိကခန့်ထားတဲ့ ဝန်ကြီးဆိုရင် သူနဲ့ထိုက်တန်တာ ပံ့ပိုးရမှာပါ။ဝန်ကြီးဆိုတာ အင်တာနက်အနည်းဆုံးရှိမှ လုံခြုံတဲ့နေရာရှိမှ မိမိအဖွဲ့တွေကို လုံခြုံစွာ စီမံခန့်ခွဲလို့ရမှာပါ။ မအလလို ဗိုလ်ရှုခံနဲ့ တိုင်းပြည်ပိုက်ဆံထိုင်ဖြုန်းနေတာ မဟုတ်ပါ။ နောက် NUG မှာလဲနိုင်ငံခြားစာရင်းစစ်နဲ့ စစ်ပြီးအလုပ်လုပ်နေတာပါ။

ဒါဆိုရည်ရွယ်ချက်ကဘာလဲဆိုတော့ ပြည်သူတွေရဲ့ NUG အလှူကို ရပ်သွားအောင်ဆိုက်ဝါးလုပ်တာပါ။ အချို့က ယခင် NLD နဲ့ပတ်သက်ဖူးသူတွေ ဆယ်လီတွေပါပါတယ်။ ပထမအငြိမ်းကိုတိုက်တယ် နောက်ပိုင်းပန်ဆယ်လိုကို တိုက်ခဲ့တာ အားလုံးမှတ်မိမှာပါ။ စာရေးသူကို မင်းရောဘာလုပ်မှာလဲလို့ လှမ်းမေးရင် NUG ကိုသာ ဆက်လှူပြီး အတွင်းသတင်းတွေပေးပြီး များများမုန့်ဟင်းခါးဖြစ်အောင် ဆက်လုပ်မှာပါလို့ ဆက်ပြောပါရစေ။ စာရေးသူက ယခင်က DASSK နဲ့ ကွီးဖြိုးထောက်ခံခဲ့ ထောက်ခံဆဲဖြစ်ပြီး ယခုလဲ NUG ကို ထောက်ခံပါတယ်လို့ ပြောပါရစေ။

 
 
 

Recent Posts

See All
ကန့်ဘလူနဲ့ နန်းတွင်းဂယက်

ကန့်ဘလူကိစ္စက ဂယက်ပြင်းပါတယ်။ ဒါက မအလအတွက် ဒုတိယပြဿနာပါ။ မအလဟာ သူလာစဉ်အပစ်ခံရတာက ပထမတုန်လှုပ်စရာ သတင်းပေါက်ကြားမှူပါ။ သူပြေးစဉ် ချော်လဲတာကလဲ နမိတ်မကောင်းတာကို ပြနေပါတယ်။ အပြီးမှာ ရဟတ်ယာဉ်နဲ့ထွက်ပြေးပြ

 
 
 
အဘ၊ တရုတ်နှင့် အတိုင်ပင်ခံကောင်စီ

တရုတ်က မအလကို ရွေးကောက်ပွဲ လုပ်ခိုင်းတာ၊ လောလောဆယ် ထောက်ခံထားတာ၊ သူ့လက်အောက်ခံ MNDAA နဲ့ TNLA ကို အပစ်ရပ်ခိုင်းပြီး လားရှိုးပြန်ပေးခိုင်းတာတွေက တရုတ်လက်ချက်ဆိုတာ အားလုံးမပြောလဲ သိကြမှာပါ။အားလုံးသိတဲ့အ

 
 
 
မအလရေထွက်ခဲ့ပါ

အပြင်ခဏခဏထွက်တဲ့မအလ ကာလုံလေးတောင်တက်ပြီး မိမိကိုယ်ကို ကင်မရာရှေ့တောင် အာဏာမလွှဲနိုင်တော့ပြီ။ တော်လှန်ရေးက နိုင်မှာလားဆို မအလထပြေးရအောင် ခြိမ်းခြောက်နေနိုင်တာက အသေအချာပါဘဲ။ NUG နယ်မြေစိုးမိုးမှုကလဲ မအလ

 
 
 

1 Comment


Myint Soe Oo
Myint Soe Oo
Feb 08, 2022

ဦးမြတ်!!!ကိုးကွယ်ရာ ဆရာတော်၏ အဆုံးအမကို ဦးစွာတင်ပြအပ်ပါသည်။

**သီလပျက်သူ ကိုယ်ကျင့်မကောင်းသူများဟာ အရာရာအပေါ် မိမိနဲ့နှိုင်းပြီး

ရိုင်းတဲ့ အမြင်များနဲ့ ရှုမြင်တတ်ကြပါတယ်**

တောလိုက်မုဆိုးတစ်ဦး။ ရေငတ်၍ ရေရှာရာ ရဟန္တာအရှင်သူမြတ်တပါး ကျောင်းသင်္ခန်းသို့ ရောက်ရှိပြီး၊ သောက်ရေအိုးမှ ရေခပ်သောက်ရာ အိုးထဲ ရေခပ်ငြား၊ ရေ မရပဲ၊အိုးနဲ့ ခွက်ခတ်သံကိုသာကြားရပါသည်။

**ရဟန်းများ တယ်ခက်တာကိုး၊ တပါးသူ လှူတန်းထားတာ ဝမ်းဗိုက်ပြည့်တင်းအောင်စားပြီး ၊ ရေဖြည့်တဲ့ ဝတ် တောင်၊ မပြုချင်ကြဘူး**

ရဟန္တာအရှင်သူမြတ် ရေအပြည့်ဖြည့်ပြီးသားပါ။ မုဆိုးရဲ့ ပြုပြီးခဲ့‌ေသာအကုသိုလ် နှင့် သူတော်စင်အပေါ်(ကိုယ်နဲ့နှိုင်းပြီး ရိုင်းတဲ့ အပြစ် ) ဝစီကံမြောက်ပြစ်မှားမှုကြောင့် ရေပျောက်ရသော ဇာတ်ဝတ္ထုပါ။

မိမိအကြောင်း မိမိသာအသိဆုံးသာဖြစ်ပါသည်။စကားလည်းရှိပါသည်။

သူတပါးကို လက်ညှိုးတချောင်းထိုးလျှင်

ကိုယ့်ဖက်သို့ လက်လေးချောင်းလာပါလိမ့်မည်။

မိမိကိုယ်မိမိသာ ကောင်းအောင်ကြိုးစားရာပါသည်။ ကိုယ် ကောင်းလျှင် ခေါင်း မရွေ့ပါ။(ဘောမများများနှင့် ဝန်းရံထောက်ခံရန် မလိုကြောင်း သက်သေပြချက်)

ကိုယ်နှင့်ခေါင်း ဟန်ချက်ညီက မပျက်။

NUG ~ စကစ

DZMA နိုင်/ဝန် ~ ကိုမောင်လွင် နိုင်/ဝန်

ကိုမောင်လွင် ဟွန်ဆန်နဲ့ အခင်ပြခဲ့ပေမယ့် ခုတော့ ဟွန်ဆန်၏ ငြိုငြင်ခြင်းကိုခံနေရပါပြီ။

DZMA ကုလကိုယ်စားလှယ် ဟေဇာကိုတောင် တန်းယှဉ် ဘောင် ခွင်ဖြင့် ပြောဆိုနိုင်ခဲ့ပါပြီ။


မမှီတဲ့ ပန်း ၊တုံးခု လှမ်းမယ့်ကြံ

တုံး ခင်းမဲ့မြေ ၊ ညီ မညီ သိရပါမည်။

မြေ မညီမညာမှာ

တုံးခု လှမ်းက၊ တုံးပေါ်က ချော်ကျ

မလှ မပ ဇာတ်သိမ်း၊ ဟာသ အရပ်ယိမ်း သာသာမျှသာ အဆင့်ရိှပါပေမည်ဟု အမြင်ကိုတင်ပြအပ်ပါသည်။


Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page