top of page
Search

ဘဏ်ထဲကပိုက်ဆံ ထုတ်ရမလား?

Writer: Myat Tun Oo
Myat Tun Oo
May 20, 2021
1 min read

ယခုရက်ပိုင်းအတွင်း ငပိန်းအချို့က ဘဏ်မှာပိုက်ဆံရှိတယ် အစိုးရမှာပိုက်ဆံရှိတယ် ဒါ့ကြောင့်လူအချို့က ရာခိုင်နှုန်းယူပြီးလဲပေးနေတာ မဟုတ်ရင် သူတို့ငွေသားကို ဘာလို့ပေးမလဲဆိုပြီး လူတွေကိုဂျင်းထည့်ရေးနေတာတွေ့ရပါတယ်။

ဗဟိုဘဏ် ဒုဥက္ကဌရဲ့ ဘီဘီစီနဲ့ အင်တာဗျူးကို နားထောင်ကြည့်ရင် သူဟာပြည်သူကိုအထင်သေးပြီးဘဏ်ကိစ္စနဲ့ ပြည်သူရဲ့ ယုံကြည်မှုကို သေနတ်ထောက် ဖြေရှင်းရင် ရမယ်လို့ ယုံကြည်နေပုံပါ။

စာရေးသူအနေနဲ့က စီးပွါးရေးပညာရှင်မဟုတ်ပါ။ ဒါပေမယ့် ပြည်သူတွေဘာ့ကြောင့် ငွေသားကိုင်ထားသင့်လဲဆိုတာကို ရှင်းပြပါ့မယ်။

မြန်မာပြည်ဟာ တော်လှန်ရေးကို သွားနေပါတယ်။ ဗုံးပေါက်တာတွေ တိုက်ပွဲတွေ စစ်ပွဲတွေက ရှေ့လပိုင်းတွေမှာ ပိုဖြစ်လာပါမယ်။ တပ်ထဲမှာလဲ ရိက္ခာတွေ ၆ လစာ စုဆောင်းနေပြီး လစာဖြတ်တာတွေလုပ်ခိုင်းထားပါတယ်။ သူတို့လဲ ပြည်သူတွေက ခံချမယ်ဆိုတာ အတိုင်းအတာတစ်ခုအထိ သိပါတယ်။

စစ်ဖြစ်ပြီဆိုပါတော့ ယခုလို ATM မှာ တန်းစီဖို့တောင် မလွယ်တော့ပါ။ အိမ်က တီဗီဟာ ဇိမ်ခံပစ္စည်းဖြစ်သွားမှာပါ။ ပိုက်ဆံကိုင်ပြီးသာ ပြေးရမှာပါ။ ဥပမာ နယ်စပ်ကိုထွက်ပြေးရရင်လဲ မြန်မာငွေ/ဒေါ်လာလိုမှာပါ။ အဲ့ဒီအချိန်မှာ ဘဏ်ထဲကပိုက်ဆံက ထုတ်လို့ရမယ်လို့ သင်ထင်ပါသလား? နောက်သာမန်ပြည်သူက ကားဝယ်ဖို့ တိုက်ဝယ်ဖို့ ဒီပိုက်ဆံတွေထုတ်နေတာမဟုတ်ပါ။ စီးပွါးရေးမကောင်း ဝင်ငွေမရှိလို့ ဘဏ်ထဲက မိမိပိုက်ဆံကို မိမိပြန်ထုတ်တာပါ။

စာရေးသူလဲ ငွေသားထုတ်ပြီး လက်ထဲဆောင်ထားရပါတယ်။

ဒါ့ကြောင့် လောလောဆယ်မှာ ငွေသားကိုင်ထားတာဟာ စစ်ဘေးရှောင်ရှောင် နယ်စပ်ပြေးပြေးအကောင်းဆုံးပါ။ ဘဏ်ထဲမှာ ရှုံးတာ ဆုံးတာက နောက်မှဖြစ်ပြီး လောလောဆယ်စားဖို့နဲ့ စစ်ပြေး စစ်ရှောင်ဖို့ ဘဏ်ထဲက ပြန်ထုတ်မှရမှာပါလို့ ပြောပါရစေ။

 
 
 

Recent Posts

See All
အသံဖိုင်အတု

ထွက်လာတဲ့ အမေစု အသံဖိုင်က အတုပါ။ ဒါက ဘာကိုပြသလဲဆိုတော့ ယခင်က ခဏခဏရေးခဲ့သလို မအလက အမေစုကို NUG/PDF မကောင်းကြောင်းပြောစေလိုပေမယ့် အမေစုက လုံးဝမပြောလို့ အသံဖိုင်အတုကို စရဖက လုပ်ကြံတာပါ။ စရဖဟာ စန္ဒာမင်းမှ

 
 
 

Comments


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page