top of page
Search

ဗျူဟာမြောက်သော မီး

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jun 30, 2022
  • 1 min read



ပထမဆုံး ဆောင်းပါးမရေးခင် စာရေးသူ နေ့စဉ်မတင်နိုင်တာက အထဲမှာ ဖုန်းကအစ စစ်လာနေလို့ပါ။ ဒါဆိုရင် မအလနိုင်နေမှာပေါ့လို့ အဘသားတွေက ပြောနိုင်ပါတယ်။ အကုန်ထုတ်ပြောရင်မကောင်းလို့ မပြောလိုပေမယ့် ယခုစစ်နေတာက ဗိုလ်ကြီး၊ ဗိုလ်မှူးတွေကိုသာ မဟုတ်ဘဲ အကြီးပိုင်းတွေအထိပါလာနေပါတယ်။ ဒါက မအလအောင်မြင်တာမဟုတ်ဘဲ မအလရဲ့ တပ်အတွင်းမှာကြောက်လာတာကို ပြနေတာပါ။ သူက သူ့အထက်ပိုင်းအထိပါ မယုံတော့ဘူးဆိုတာကို ပြနေတာပါ။ ကိုင်ရတဲ့ ဆက်သွယ်ရေးပစ္စည်းတွေက လိုင်းပေါ်တက်မရပါ။

ပထမဆုံးပြောလိုတာက Skyway Club မီးလောင်တာဟာ မအလတပ်သားသေတာထက်နေပြည်တော်မှာ ကြေကွဲနေတယ်ဆိုတာပါ။ ဒါကိုဘယ်သူရှို့ရှို့ ဗျူဟာမှန်တယ်လို့ ပြောပါရစေ။ဘာလို့လဲဆိုတော့ စာရေးသူတို့ ပြည်သူတွေမှာ မအလရှို့တာသာ ခံခဲ့ရလို့ပါ။ ဒီဗျူဟာကြောင့် မအလတပ်ဟာ သူနဲ့နီးစပ်သူတွေရဲ့ ပိုင်ဆိုင်မှုတွေကို လုံခြုံရေးပိုပေးလာရမှာဖြစ်ပြီး မပေးနိုင်ရင်အရှက်ကွဲ အဆုံးအရှုံးများမှာပါ။

နောက် EPC က အချိုးမကျတဲ့မိုးကျကို မုန့်ဟင်းခါးကျွေးပြလိုက်တာကလဲ ဗျူဟာမြောက်တယ်လို့ ပြောပါရစေ။ တော်လှန်ရေးက တော်လှန်ရေးနဲ့တူလာတာ ကောင်းပါတယ်။ တရားသူကြီးတွေကို မုန့်ဟင်းခါးစားရမယ်ပြောထားတာလဲ အင်မတန်ကောင်းပါတယ်။ မြန်မာပြည်ကတရားသူကြီးများဟာ အကြမ်းဖက်သမားတွေပါ။  ဒီနေရာမှာ ဒီမိုတွေအနေနဲ့ အကြမ်းဖက်သမားတွေကို ဘယ်လိုရင်ဆိုင်မလဲဆိုတာက မူဝါဒရှိဖို့လိုလာနေပါတယ်။ သူကမိမိလူကို ဓားစာခံခေါ်ထားရင် ဘာလုပ်မလဲဆိုတာက မိမိလူကနေ တိုင်းပြည်အထိ စဉ်းစားပြီးလုပ်ရမှာပါ။ မအလကတော့ ချင်း၊ ကရင်၊ ကယားနဲ့ စစ်ကိုင်းကို ရှိသမျှတပ်သုံးပြီး ငြိမ်းခါနီးမီး ထတောက်ဖို့ ကြိုးစားမှာပါ။ အဲဒါကို ရှင်းနိုင်ရင် စစ်က စာရေးသူတို့ကို အရေးသာလာမှာပါ။ တိုက်ရာမှာ အနောက်ကငြိုငြင်မှာ လူ့အခွင့်အရေးသမား ပါးစပ်ကအော်မှာကို အရေးမထားဘဲ မိမိလုပ်စရာရှိတာကိုလုပ်ရင် နိုင်မှာပါ။ မီးကတော့ ဗျူဟာမြောက်လာပါပြီ။ ထပ်ပြီးဗျူဟာကျကျ လုပ်နိုင်ပါစေ။ရန်သူမျိုးငါးပါးထဲမှာ မီးပါနေတာ အလကားမဟုတ်ပါလို့ ပြောပါရစေ။ မီးဟာလောင်အားပြင်းပြီး လက်နက်မလိုလို့ အင်မတန်ကြောက်စရာကောင်းတာ အားလုံးသိမှာပါ။ သိသူတွေအတွက်ကလုပ်စရာတွေပေါ်လာမှာပါ။

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

1 Comment


Johnny JOE
Johnny JOE
Jun 30, 2022

I have said about it to some one in north west region but I am not a cele. That they rely .. so no one use that way . I do want them to learn from afgan opponent but u know like I said I am not a cele. So .. just watch

Like
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page