top of page
Search
  • Writer's pictureMyat Tun Oo

ဗိုလ်ရှုခံချင်တဲ့ဗိုလ်ပု ခံရမှာလား?


တိုင်းပြည်မှာ ဗိုလ်ရှုခံအခမ်းအနားကို ရွေးကောက်ခံသမ္မတတွေသာ လုပ်ရတာပါ။ မအလက ၂၀၀၈ အရ အာဏာထိန်းထားတာဆိုပြီး အာခြောင်ထားပါတယ်။ သူ့အာခြောင်မှုအရ လက်ရှိယာယီသမ္မတဟာ မြင့်ဆွေပါ။ ဒါပေမယ့်သူကမြင့်ဆွေကို ဘာအစည်းအဝေးမှ မတက်ခိုင်းတော့ပါ။ ယခုက မအလဟာ သူ့သမ္မတရူးကိုအကောင်အထည်ဖော်ဖို့ ဖေဖော်ဝါရီ (၁၂) ရက်မှာ ဗိုလ်ရှုခံလုပ်ဖို့ စလုပ်နေပါတယ်။

မအလအရူးထအပြီးမှာ စပြဿနာတက်တာက လုံခြုံရေးပါ။ ယခင်ကလဲ တော်လှန်ရေးနေ့ ကျင်းပပေမယ့် ယခုကသူ့ကိုမုန်းသူက တပ်ထဲမှာရော တပ်ပြင်မှာပါ များလာနေတာ သူ့ကို ဖားနေတဲ့ သူ့တပည့်အရင်းတွေက သိပါတယ်။ဒါကြောင့် ဗိုလ်ရှုခံပွဲကိုလာမယ့် တပ်တွေကို နောက်ကြောင်းစစ်တာကို စရဖက စလုပ်ရပါတယ်။ ဘာလို့လဲဆိုတော့တပ်ထဲက ထလုပ်ကြံမှာကို စိုးရိမ်လို့ပါ။ နောက်ဒီပွဲမှာ ပြည်နယ်တိုင်းကလဲ ပါမှာမိုလို့ ထိုသူများကနေ လုပ်ကြံမှာကိုလဲ သူက ကြောက်နေရပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါ။ PDF ကလဲ သူ့ကို မုန့်ဟင်းခါးကျွေးလိုမယ်ဆိုတာ သံသယဖြစ်စရာမရှိပါ။ အနီးကပ် ပစ်ခတ်တာကတော့ သူ့လုံခြုံရေးက ကာကွယ်နိုင်မယ်လို့ သူကတွက်ထားပါတယ်။ ဒါပေမယ့် PDF က အဝေးပစ်လက်နက်ရပြီး ပစ်ခတ်ခဲ့ရင် သူ့ကိုမထိခဲ့ရင်တောင် ပွဲပျက်နိုင်လို့ဒီလိုမဖြစ်အောင် လုံခြုံရေးစည်းကို ဘယ်နှစ်မိုင်အထိချမလဲ ဆွေးနွေးကြပါတယ်။ ဒီအချိန်မှာ အချို့က PDF ကdrone နဲ့ တိုက်ရင်ဘယ်လိုလုပ်မလဲဆိုတာ ပြင်ကြပါတယ်။ အကြမ်အားဖြင့် drone ကို disable လုပ်လို့ရတဲ့သမ္မတကို ကာကွယ်ဖို့ယခင်ကရထားတဲ့လက်နက်ကိုသုံးပြီး drone ရန်က ကာကွယ်မယ်လို့ တွက်ထားကြပါတယ်။ဒါပေမယ့် အဆိုပါအရာက ကာကွယ်နိုင်တာက အတိုင်းအတာရှိပါတယ်။ PDF ကလေးတွေက သူ့ကိုတိုက်ရိုက်မုန့်ဟင်းခါး မကျွေးနိုင်ခဲ့ရင်တောင် ပေါက်ကွဲမှုဖြစ်ခဲ့ရင် အရှက်ကွဲနိုင်လို့ အဆိုပါပွဲကို တိုက်ရိုက်လွှင့် မလွှင့်လဲဆွေးနွေးနေဆဲပါ။

အကျဉ်းချုပ်ရရင် ဒီဗိုလ်ရှုခံပွဲကို အစကထဲက မလုပ်ခဲ့ရင် ပိုက်ဆံလဲမကုန် သူလဲမုန့်ဟင်းခါးအကျွေးခံရမှာ ပူစာရာမလိုပါ။ ယခုတော့ သမ္မတရူးရာက ဗိုလ်ရှုခံပွဲလုပ်မယ်လို့ ကြေငြာအပြီး သူ့ကိုပွဲဖျက်မှာလဲ အသေကြောက်နေပါတယ်။ ယခုလိုရေးပြတာက မအလဘယ်လောက် လုံခြုံရေးအတွက်ကြောက်နေလဲဆိုတာ PDF ကလေးတွေသိအောင်သာ ရေးပြတာပါ။ ထိုပွဲကို မုန့်ဟင်းခါးကျွေးပါ ဘာညာတော့ မပြောလိုတော့ပါဘူး။

1,325 views1 comment
bottom of page