top of page
Search

ဗိုလ်တထောင်ဘုရားနဲ့ Notre Dame ပြင်တာ အမှားလား

Writer: Myat Tun OoMyat Tun Oo

စာရေးသူ စာရေးရာမှာ စာရေးသူဟာ ဘာအလုပ်လုပ်တယ် NLD ပါတီဝင်မဟုတ်ဘူး DASSK နှင့် ကွီးဖြိုးကိုထောက်ခံသူလို့ အတိအလင်းရေးထားပြီးသားပါ။ အင်္ဂလိပ်လို ပြောရရင်တော့ Declaration of interest ပေါ့။ ဒါကြောင့် စာရေးသူက သူတို့ကို ထောက်ခံလဲ စာရေးသူက ထောက်ခံသူမိုလို့ ဖွတ်များအဘတများက ကျော်သွားလို့ရပါတယ်။ ဒါပေမယ့် စာရေးသူလို ဘယ်သတင်းဌာနက သူတို့ရဲ့ပိုင်ရှင်ဟာ ဘယ်သူပါလို့ ကြေငြာပါသလဲ?

ဒီနေရာမှာ အချို့ကိစ္စတွေက မိမိချစ်ရင် အပြစ်မမြင်တတ်တာလဲ ရှိပါတယ်။ ဥပမာ လူတစ်ယောက်ကကိုယ့်မိန်းမကို လှတယ်ထင်လို့ ယူထားပေမယ့် အခြားသူကတော့ အဆိုပါမိန်းမကို လှတယ်လို့ ထင်ချင်မှထင်မှာပါ။ ဒါက သာမန်အားဖြင့် ပြဿနာမရှိပါ။ မိမိမိန်းမက ပညာတတ်တယ် အကျင့်သီလကောင်းတယ်ဆိုရင် အဆင်ပြေပါတယ်။ စာရေးသူတို့ NLD ကိုထောက်ခံသလိုပေါ့။

ဒီနေရာမှာ အချို့မိန်းကလေးတွေက သူခိုးတွေ၊ ဘိန်းစားတွေကို လူကောင်းထင်ပြီး ကြိုက်သူများလဲ ရှိကြပါတယ်။ ဒီနေရာမှာ အဆိုပါမိန်းကလေးက ချစ်စိတ်မွှန်နေလို့ အပြစ်မမြင်ပေမယ့် အပြင်ကလူများက ထိုသူဟာ သူခိုး၊ ဘိန်းစားဆိုပြီး မြင်ပါတယ်။ ဒါက ဖွတ်ထောက်ခံသူတွေက ဖွတ်နဲ့အဘကိုထောက်ခံပေမယ့် အပြင်ကလူတွေက သူခိုးလို့မြင်တာပါ။ ဒါက အချစ်အပေါ်မှာမူတည်ပြီး အမြင်မတူတာကို ရေးပြတာပါ။

ဒီရက်ပိုင်းအတွင်း ကွီးရဲ့ ဗိုလ်တထောင်ဘုရားပုံတက်လာပါတယ်။ သတင်းသမားတွေက ဖွကြတာတွေ့ရပါတယ်။ အချို့ ကွီးဖြိုးဆန့်ကျင်ရေးသမားများကလဲ ရတဲ့အခွင့်အရေးကို လက်မလွှတ်ဘဲဝေဖန်ကြပါတယ်။ အချို့ကလဲ စာရေးသူကို ကွီးကိုပြောဖို့ ပြောကြသူများလဲရှိပါတယ်။ စာရေးသူ ကွီးဖြိုးနဲ့ အပြင်မှာတစ်ခါမှ မဆုံဖူးပါ။ သူ့ကို နိုင်ငံရေးအရ ထောက်ခံတာသာရှိတာပါ။


ပထမဆုံး ဒီဖြစ်စဉ်ကိုသုံးသပ်ရာမှာ ပုံမှန်စဉ်းစားရင် သူမတက်ခဲ့ရင် ပိုကောင်းမလားပေါ့။ စာရေးသူအမျိုးသမီးကလဲ ကျန်းမာရေးအမြင်ရှိတော့ ဒါက မလုပ်ရင် မရဘူးလားပေါ့။ ဒါပေမယ့် လူအများစုကို ဂျင်းထည့်တာက ဒါကိုပွဲလိုမျိုးရေးပြီး ဂျင်းထည့်တာပါ။ ဒါကို ယခင်က ကွီးဆန့်ကျင်ရေးသမားများကလဲ ကွီးမကြိုက်တဲ့အမတ်တွေကို မေးပြီးဖွတာပါ။ Myanmar Now ကတော့ သူဖွပြီး ကွီးဖြေရှင်းတာကိုလဲ ပြန်ထည့်ပေးလို့ အိုကေပါတယ်။


ဒီနေရာဟာ ဆောက်လုပ်ရေး လုပ်ငန်းခွင် Construction site ပါ။ ဒီလိုဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကို အမေရိကားရော ဥရောပမှာ ကိုဗစ်ဖြစ်ချိန် မပိတ်ပါ။ အချို့ဆို လူမလာခင် ပိုတောင် လုပ်ပါသေးတယ်။ ဒီဗိုလ်တထောင်ဘုရားပြင်တာက construction site ပါ။ သူက ရပ်ထားရာကနေ ပြန်စတာပါ။ ဒါဟာ ဘုရားပွဲအသစ်လုပ်တာမဟုတ်ပါ။ လူတွေကိုစုပြီး တရားဟောတာ မဟုတ်ပါ။ ပွဲအသစ်လုပ်တာက တပ်ချုပ်ကြီးနဲ့အဖွဲ့ ကဆုန်ညောင်ရေသွန်းပွဲကို အစိုးရအဖွဲ့ကမလုပ်ဘဲ သူကတပ်ကလူတွေအများကြီးနဲ့ လုပ်ခဲ့ပါတယ်။ ဘယ်သတင်းစာရေးပါသလဲ။ ဘယ်သူက ဆိုရှယ်မီဒီယာမှာ ဝေဖန်ပါလဲ? ယခုကွီးကို ဝေဖန်နေသူများ အဘကို ဝေဖန်ခဲ့ပါလား? တပ်ချုပ်ကဘာကြောင့်လုပ်လဲဆိုတော့ဘာသာတရားကိုင်းရှိုင်းတာကို လူတွေသိစေချင်လို့ပါ။


ဗိုလ်တထောင်ဘုရားလို ပြင်သစ်က Norte Dame ဆိုတဲ့ ခရစ်ယန်ဘုရားကျောင်းကြီး ၂၀၁၉ ဧပြီလ ၁၉ရက်နေ့က မီးလောင်တာ အားလုံးသိမှာပါ။ ကိုဗစ်ဖြစ်လို့ ဧပြီ ၁၅ ရက်မှာ ဘုရားကျောင်းပြုပြင်တာကိုပြင်သစ်အစိုးရက ရပ်လိုက်ပါတယ်။ ဒါပေမယ့် ဘာသာရေးသိပ်မကိုင်းရှိုင်းဘူးလို့ထင်ရတဲ့ ပြင်သစ်လူမျိုးခရစ်ယန်တွေက ဒီဘုရားကျောင်းကြီးပြင်တာ အချိန်မှီမပြီးမှာစိုးလို့ ဝိုင်းအော်ခဲ့တာကြောင့် ဧပြီ၂၇ မှာ အစိုးရက ပြန်စခဲ့ရပါတယ်။ ဒါတောင် ဒီဘုရားကျောင်းပြင်တာက ၂၀၂၄ မှ ပြီးမှာပါ။ ပြည်သူက ဝိုင်းအော်လို့ ပြင်သစ်သမ္မတ Emmanuel Macron က ပြန်စပါ့မယ်လို့ ကြေညာပြီး စခဲ့ရတာပါ။ အဲ့ဒီအချိန်မှာ ပြင်သစ်ရဲ့ ၈၀% ခန့်ရှိတဲ့ အခြားဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ထားခဲ့ရပါတယ်။ ပြင်သစ်မှာ မဘသမရှိသလို ပြင်သစ်သမ္မတက တပ်ချုပ်ပါ။ ပြင်သစ်သမ္မတက မဆောက်ဘဲထားရင်တောင်အမျိုး ဘာသာ သာသနာဆိုပြီး မီးဝင်မွှေးမဲ့ မဘသတွေ လက်နက်ကိုင်အဖွဲ့တွေမရှိပါ။ ၂၀၂၀ မှာ ပြင်သစ်မှာ lockdown ချထားပေမယ့် Easter ပွဲကို Notre Dame Cathedral ထဲမှာ လုပ်ခဲ့ပါတယ်။ သူကအစိုးရပွဲ သူ့နိုင်ငံရဲ့ ဘာသာမိုလို့ပါ။ သူတို့ဆီမှာ ဗလီပြန်ဖွင့်ခွင့်က တောင်းနေရတုံးပါ။ ပြင်သစ်ကသာတူညီမျှကို အရေးပေးတဲ့ တိုင်းပြည်ပါ။ သူ့ကို မညီမျှဘူးလို့ပြောမလား?


ဒါဆိုရင်နောက်မေးခွန်းက ဝကခကွီးဖြိုးကိုယ်တိုင်မသွားဘဲ ဒီနေရာကို ပြန်စလိုက်ပါလားဆိုတာပါ။နိုင်ငံတွေမှာ ဓလေ့ထုံးစံတွေရှိသလို အဆိုပါ ဓလေ့ထုံးစံတွေကို လိုက်နာရပါတယ်။ ကိုဗစ်ဖြစ်နေပေမယ့်လဲ ပုပ်ရဟန်းမင်းကြီးက Easter အခမ်းအနားကို လူနဲနဲနဲ့ လုပ်ပါတယ်။ သူလဲ သူ့ဘာသာဓလေ့ထုံးစံအရ လုပ်ရပါတယ်။ သူက အခမ်းအနားအသစ်ကို ထလုပ်တာမဟုတ်ပါ။


ဒါကို ဘာသာရေး ဓလေ့ထုံးစံနဲ့အညီ တလေးတစားမလုပ်ရင်လဲ NLD အစိုးရကို ဝိုင်းပြောကြမှာပါ။အချို့ကိစ္စတွေဟာ ကွီးဖြိုးလုပ်ထားလို့ ရန်ကုန်မှာ ဘာသာရေးအရ အတိုင်းအတာတစ်ခုအထိ ထိန်းထားနိုင်တာပါ။ ယခင်က ဘဘဦးတင်ဦးက ရွေးကောက်ပွဲမတိုင်ခင်လုပ်ပြီး ထိန်းခဲ့တာပါ။ ကွီးကအတော်များများထိန်းထားလို့ ရန်ကုန်မှာ ဘာသာရေးအရ အဆင်ပြေခဲ့ပါတယ်။ ကွီးမသွားခဲ့တဲ့ မရှင်းလိုက်နိုင်တဲ့ YMBA နဲ့ BBMA ကို ဘယ်သူတွေက မွှေနေလဲ အားလုံးသိမှာပါ။


အကျဉ်းချုပ်ရရင် ဒီဘုရားပြင်တဲ့ကိစ္စဟာ ပြဿနာ အကြီးအကျယ်ဖြစ်စရာမရှိပါ။ မြန်မာ့အပြင်ဘက်ကိုထွက်ပြီး ကမ္ဘာပေါ်က Norte Dame Cathedral ကို ဘယ်လိုပြင်လဲ လေ့လာပါ။ သူတောင် ကိုဗစ်ဖြစ်ချိန်မှာ ဧပြီ ၁၅ ကနေ ၂၇ အထိ နှစ်ပတ်လောက်သာ ပိတ်ခဲ့တာပါ။ စာရေးသူအနေနဲ့ကတော့ ဒီကိစ္စကိုနိုင်ငံရေးအရ ထောက်ခံပါတယ်။ ကွီးမသွားရင်လဲ အခြားလူက နိုင်ငံရေးအရ ဝင်စားသွားနိုင်လို့ပါ။


DASSK လဲ Norte Dame Cathedral ကိစ္စတွေပါဖတ်ပြီး သုံးသပ်နိုင်မယ်လို့ ထင်ပါတယ်။ စာရေးသူအနေနဲ့ သတင်းသမားတွေနှိုင်းတဲ့ကိစ္စနဲ့ ကွီးလုပ်တာကို မနှိုင်းပါ။ စာရေးသူက ဗိုလ်တထောင်ဘုရားပြန်ပြင်တာ ပြန်စတာကို Notre Dame cathedral reconstruction ကိုဗစ်ဖြစ်ပြီး ပြန်စတာနဲ့သာ နှိုင်းပါတယ်။

 
 
 

Recent Posts

See All

ပြည်သူသာအဓိက

ငါတို့တိုင်းပြည်က ထရမ့်တက်တက် ဘယ်သူတက်တက် ပြည်သူရှိရင် ဒီပွဲက နိုင်မယ်။ ယူကရိန်းလို အမေရိကန်နဲ့ ပြဿနာတက်ရင် ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်သွာ...

3 comentários


Mr.Myo Min Hlaing
Mr.Myo Min Hlaing
28 de mai. de 2020

ကျွန်တော်က ကွီးဖြိုးကိုလုံးဝအပြစ်မမြင်ပါ။ နိုင်ငံရေးအရ အမေစုနောက်တဖက်အသင်းကိုခြေစွာသူအဖြစ်ရှု့မြင်ထားလိုပြ။

Curtir

ayeyarr
ayeyarr
28 de mai. de 2020

Walk On!

Curtir

naynanmyint629395
naynanmyint629395
28 de mai. de 2020

Bravo. Kwee Phyoe. !

You are right .

You have a global challenging qualification .

Going on and on .

Curtir
Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page