top of page
Search
  • Writer's pictureMyat Tun Oo

ဗိုလ်ချုပ်ထွန်းထွန်းညီပြောသော စံနှုန်းများဖြင့် အစိုးရများကို ယှဉ်ကြည့်ခြင်း


ဗိုလ်ချုပ်ထွန်းထွန်းညီပြောသော စံနှုန်းများဖြင့် အစိုးရများကို ယှဉ်ကြည့်ခြင်း

မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ထွန်းထွန်းညီက ကာလုံခေါ်ဖို့လိုကြောင်း၊ သူတို့ထံမှာအတွေ့အကြုံများစွာရှိကြောင်း၊ ဘယ်လိုတော်ကြောင်း ဘယ်လိုလုံခြုံရေးအမြင်ရှိကြောင်း ပြောပြသွားပါတယ်။ သူကဆက်ပြီး ကာလုံကို နိုင်ငံခြားကတိုက်မှမခေါ်ဘဲ ပုံမှန်ခေါ်ဖို့ပြောသွားပါတယ်။သူက သတင်းထောက်တွေကို လက်ချာပေးပြီး အမျိုးသားလုံခြုံရေးကဘယ်လို နိုင်ငံ့အင်အား(national power) မှာ ဘာတွေပါတယ် သူတို့ကဘယ်လိုတော်တယ်ဆိုပြီး ပြောသွားပါတယ်။ ဒါကတော့် သူအမျိုးသားကာကွယ်ရေးတက္ကသိုလ်မှာ သင်ကြားခဲ့တာတွေကို ကိုးကားပြောသွားခဲ့တာပါ။ဒီနေရာမှာ ယခင် နိုင်ငံရေးအမြင်၊ စစ်ရေးအမြင်၊ စီးပွါးရေးအမြင်ရှိတယ်လို့ ကြွေးကြော်ခဲ့တဲ့ စစ်အစိုးရလက်ထက်နဲ့ ယခုအစိုးရလက်ထက်ကို အထောက်အထားနဲ့ နှိုင်းယှဉ်လေ့လာရအောင်။

နိုင်ငံ့အင်အားမှာ အကြမ်းအားဖြင့် နိုင်ငံရေးသိပ္ပံပညာရှင်တွေက အချက် ၁၁ ခုနဲ့ ဖွဲ့ထားပါတယ်လို့ပြောပါတယ်။

၁။ ပထမက ပထီဝီအနေအထား (Geography) ပါ။ ကာလုံပုံမှန်ခေါ်ခဲ့တဲ့ အဘစိန်လက်ထက်မှာ မြန်မာ့ရေပိုင်နက်ဟာ ဘင်္ဂလားဒေ့ရှ်ကို ပေးလိုက်ရပါတယ်။ မြန်မာပြည်ပေါ်မှာ တရုတ်ကို ဗျူဟာအရ အရေးပါတဲ့ ရေနံပိုက်လိုင်းကို ဘရွှေလက်ထက်မှာ ပေးဖောက်လိုက်ရုံမကဘဲ တရုတ်ကို ပိုက်ဆံကြွေးဒေါ်လာ၁.၆ ဘီလီယံတောင်တင်သွားခဲ့ပါတယ်။ အမလက်ထက်မှာ တရုတ်ကြွေးနည်းသွားခဲ့သလို ဘယ်မြန်မာ့ရေပိုင်နက်မှ မပါခဲ့ပါ။

၂။ နောက် National resources လို့ခေါ်တဲ့ သယံဇာတနဲ့ပတ်သက်ပြီး အဘနဲ့အမ ယှဉ်ကြည့်ရအောင်။သယံဇာတဆိုရာမှာ သဘာဝသယံဇာတ(raw material) နဲ့ အစားအသောက်(food) ဆိုပြီး နှစ်ခုရှိပါတယ်။ အဘတို့လက်ထက် ရှိသမျှ သစ်နဲ့ ကျောက်ရောင်းခဲ့လို့ တောတွေပြုန်းခဲ့သလို လက်ပံတန်းတောင်တို့ ကြေးနီတောင်တို့ဟာလဲ ကုန်သလောက်ပါ။ ဒီလို စည်းကမ်းမရှိ သစ်ခုတ်နေတာတွေကို အမလက်ထက်မှာ ရပ်ခဲ့သလို ကျောက်လုပ်ကွက်အသစ်တွေကိုလဲ မချပေးတော့ပါ။ လာမည့်ဘဏ္ဍာနှစ်မှာကျောက်တူးလို့ရတဲ့ မြေဧကကိုလဲ ၅ ဧကသာ ကန့်သတ်ပါတော့မယ်။ အဘက သယံဇာတကိုဖြုန်းပြီးအမက နောက်မျိုးဆက်အတွက်ထားခဲ့သလို ယခုကမ္ဘာပေါ်မှာ အော်နေတဲ့ သဘာဝပတ်ဝန်းကျင်အတွက် အမက သစ်ခုတ်တာရပ်ပြီး လုပ်ပြခဲ့ပါတယ်။

၃။ နံပတ်သုံးက လူဦးရေပါ။ အဘလက်ထက်ဘင်္ဂါလီကို နိုင်ငံသားကတ်ထုတ်ပေးပြီး လွှတ်တော်ထဲအထိတောင် ခေါ်လာခဲ့သလို မုန်းကိုးဗမာနဲ့ တရုတ်တွေကို နိုင်ငံသားပေးခဲ့တာ အဘတို့ပါ။ အမလက်ထက်မှာ ဒါမျိုးမရှိပါ။ ကျန်တာတွေ မပြောတော့ပါ။

၄။ နံပတ်လေးက Economic Development and Industrial capacity လို့ခေါ်တဲ့ စီးပွါးရေးဖွံ့ဖြိုးမှုနဲ့ စက်မှုစွမ်းအင်ကဏ္ဍပါ။ ဒီနေရာမှာလဲ GDP ဟာ အမလက်ထက်မှာ အဘလက်ထက်ကထက် ဖွံ့ဖြိုးလာခဲ့ပါတယ်။ တိုင်းပြည်မှာ ကြွေးနည်းလာခဲ့ပါတယ်။ တိုင်းပြည်ထဲမှာ တိုယိုတာလို ကုမ္ပဏီတွေ ဝင်လာလို့စက်မှုနည်းပညာလဲ အမလက်ထက်မှာ အဘလက်ထက်က ဆူဇူကီးထက် ကောင်းလာပါမယ်။

၅။ နံပတ်ငါးက Technology လို့ခေါ်တဲ့ နည်းပညာပါ။ DASSK လက်ထက်မှာ အဘအိမ်မက်မက်ပြီး မလွှတ်တင်နိုင်ခဲ့တဲ့ ဂြိုလ်တုတွေကို လွှတ်တင်နိုင်ခဲ့ပါတယ်။ နောက်ယခုရန်ကုန်က ဘစ်စကားတွေမှာပိုက်ဆံပေးတဲ့နည်းစနစ်ကို သုံးနိုင်တော့်မှာဖြစ်သလို မန္တလေးဟာလဲ အဘတစ်သက် မဖြစ်ခဲ့တဲ့ smart city ကြီး ဖြစ်လာခဲ့ပါတယ်။

၆။ နံပတ်ခြောက်က Military preparedness လို့ခေါ်တဲ့ စစ်ရေးအရ အသင့်ဖြစ်နေမှုပါ။ ယခုအမလက်ထက်မှာ ရေငုပ်သင်္ဘောတွေ ဝယ်နိုင်တော့မှာဖြစ်သလို ရုရှားကနေလဲ Sukhoi SU 30 M ခြောက်စင်းကိုလဲ အမလက်ထက်မှာမ လူရာဝင်ပြီး ဝယ်နိုင်ခဲ့ပါတယ်။ သူပုန်ကို တိုက်နိုင် မနိုင်ကတော့ ခြေဥအရ တပ်ချုပ်အောက်မှာမိုလို့ မဝေဖန်လိုပါ။ အမနဲ့မဆိုင်ပါ။

၇။ နံပတ်ခုနှစ်က Ideology လို့ခေါ်တဲ့ ဘာစနစ်နဲ့သွားမှာလဲပါ။ ဒါကလဲ အဘလက်ထက်ကလိုအာဏာရှင်စနစ်မဟုတ်ဘဲ ဖယ်ဒရယ်ဒီမိုစနစ်ကို သွားမှာမိုလို့ အမက အများကြီး သာပါတယ်။

၈။ နံပတ်ရှစ်ဖြစ်တဲ့ leadership လို့ခေါ်တဲ့ ခေါင်းဆောင်မှုမှာတော့ DASSK က ဘရွှေ၊ ဘစိန်ခေါင်းတွေအားလုံးပေါင်းထက်သာပြီး ပြည်သူရွေးထားတဲ့ခေါင်းဆောင်ဖြစ်လို့ အာဏာသိမ်းခေါင်းဆောင်တွေထက် ခေါင်းဆောင်မှုကောင်းတာကတော့ ပြောစရာမလိုပါ။

၉။ နံပတ်ကိုးဖြစ်တဲ့ Organisations and quality of government လို့ခေါ်တဲ့ အစိုးရအုပ်ချုပ်မှုမှာလဲလက်ရှိအစိုးရမှာ သုံးမရတဲ့ ရထားတွဲတွေကို ဝယ်လာသူမရှိသလို ရထားမဆိုက်တဲ့ ဘူတာတွေနဲ့ပိုက်ဆံဖြုန်းတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေမရှိလို့ အရည်အသွေးဟာ ယခင်ကထက် ပိုကောင်းလာပါတယ်။ NGO နဲ့ မီဒီယာကလဲ အစိုးရကို တပ်ထက်တောင် ဝေဖန်ရဲအောင် အားကောင်းလာပါတယ်။

၁၀။ နံပတ် ၁၀ ဖြစ်တဲ့ National character နဲ့ National morale လို့ခေါ်တဲ့ အမျိုးသားရေးလက္ခဏာတွေဟာလဲ NLD အစိုးရလက်ထက်မှာ ပိုအားကောင်းလာတာတွေ့ရပါတယ်။ ဥပမာအနေနဲ့ မူဆယ်မှာကျူးကျော်လာတဲ့ တရုတ်ကို ပြည်သူကပြန်ချခဲ့သလို လွန်ခဲ့တဲ့ရက်ပိုင်းက တရုတ်စာတွေကို မြဝတီမှာဖြုတ်ချခဲ့တာလဲ ပြည်သူပါ။ ဒါက ပြည်သူတွေဟာ မလိုလားအပ်ဘဲ အမျိုးသားရေးအော်မနေဘဲ လုပ်စရာရှိတာကို ပြည်သူ့အစိုးရလက်ထက်မှာ အမျိုးသားရေးအမြင်နဲ့ လုပ်သွားတာကို ပြတာပါ။ ဒါကလဲအမလက်ထက်မှာ အဘလက်ထက်ကထက် သာတာကိုပြတာပါ။

၁၁။ နံပတ် ဆယ့်တစ်ဖြစ်တဲ့ Diplomacy လို့ခေါ်တဲ့ သံတမန်ရေးမှာလဲ အမလက်ထက်မှာ အဘလိုတရုတ်ကြောက်စရာမလိုဘဲ မအလ လုပ်ထားတဲ့ အခက်အခဲတွေကြားက တိုင်းပြည်ကို မပိတ်ဆို့အောင် လုပ်ထားနိုင်တာဟာ အမရဲ့ အရည်အချင်းပါ။

ဒါကြောင့် အကျဉ်းချုပ်ရရင် အမလက်ထက်မှာ အဘလက်ထက်ထက်ကလို ကာလုံခေါ်စရာမလိုဘဲဗိုလ်ချုပ်ထွန်းထွန်းညီပြောတဲ့ စံနှုန်းများနဲ့ ယှဉ်ကြည့်ရင်လဲ အမက အဘအားလုံးပေါင်းထက် သာနေတယ်လို့ ပြောပါရစေ။ ဒါကြောင့် နိုင်ငံ့အင်အားဟာ အမလက်ထက်မှာ အဘလက်ထက်ထက် ကြီးလာတယ်လို့ ပြောပါရစေ။ ကျောင်းကသင်ထားတာလေးတွေနဲ့ သတင်းထောက်တွေကို ဆရာသွားလုပ်လို့အချင်းချင်း ရေးပြရတာ စိတ်မကောင်းပါ။ ကျန်တာက စာဖတ်သူများသာ ဆုံးဖြတ်ပါ။

Zawgyi version

ဗိုလ္ခ်ဳပ္ထြန္းထြန္းညီေျပာေသာ စံႏွုန္းမ်ားျဖင့္ အစိုးရမ်ားကို ယွဥ္ၾကည့္ျခင္း


မေန႔က သတင္းစာရွင္းလင္းပြဲမွာ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီက ကာလုံေခၚဖို႔လိုေၾကာင္း၊ သူတို႔ထံမွာ အေတြ႕အၾကဳံမ်ားစြာရွိေၾကာင္း၊ ဘယ္လိုေတာ္ေၾကာင္း ဘယ္လိုလုံျခဳံေရးအျမင္ရွိေၾကာင္း ေျပာျပသြားပါတယ္။ သူကဆက္ၿပီး ကာလုံကို နိုင္ငံျခားကတိုက္မွမေခၚဘဲ ပုံမွန္ေခၚဖို႔ေျပာသြားပါတယ္။ သူက သတင္းေထာက္ေတြကို လက္ခ်ာေပးၿပီး အမ်ိဳးသားလုံျခဳံေရးကဘယ္လို နိုင္ငံ့အင္အား(national power) မွာ ဘာေတြပါတယ္ သူတို႔ကဘယ္လိုေတာ္တယ္ဆိုၿပီး ေျပာသြားပါတယ္။ ဒါကေတာ့္ သူအမ်ိဳးသားကာကြယ္ေရးတကၠသိုလ္မွာ သင္ၾကားခဲ့တာေတြကို ကိုးကားေျပာသြားခဲ့တာပါ။ ဒီေနရာမွာ ယခင္ နိုင္ငံေရးအျမင္၊ စစ္ေရးအျမင္၊ စီးပြါးေရးအျမင္ရွိတယ္လို႔ ေႂကြးေၾကာ္ခဲ့တဲ့ စစ္အစိုးရလက္ထက္နဲ႔ ယခုအစိုးရလက္ထက္ကို အေထာက္အထားနဲ႔ ႏွိုင္းယွဥ္ေလ့လာရေအာင္။


နိုင္ငံ့အင္အားမွာ အၾကမ္းအားျဖင့္ နိုင္ငံေရးသိပၸံပညာရွင္ေတြက အခ်က္ ၁၁ ခုနဲ႔ ဖြဲ႕ထားပါတယ္လို႔ေျပာပါတယ္။


၁။ ပထမက ပထီဝီအေနအထား (Geography) ပါ။ ကာလုံပုံမွန္ေခၚခဲ့တဲ့ အဘစိန္လက္ထက္မွာ ျမန္မာ့ေရပိုင္နက္ဟာ ဘဂၤလားေဒ့ရွ္ကို ေပးလိုက္ရပါတယ္။ ျမန္မာျပည္ေပၚမွာ တ႐ုတ္ကို ဗ်ဴဟာအရ အေရးပါတဲ့ ေရနံပိုက္လိုင္းကို ဘေရႊလက္ထက္မွာ ေပးေဖာက္လိုက္႐ုံမကဘဲ တ႐ုတ္ကို ပိုက္ဆံေႂကြးေဒၚလာ ၁.၆ ဘီလီယံေတာင္တင္သြားခဲ့ပါတယ္။ အမလက္ထက္မွာ တ႐ုတ္ေႂကြးနည္းသြားခဲ့သလို ဘယ္ျမန္မာ့ေရပိုင္နက္မွ မပါခဲ့ပါ။


၂။ ေနာက္ National resources လို႔ေခၚတဲ့ သယံဇာတနဲ႔ပတ္သက္ၿပီး အဘနဲ႔အမ ယွဥ္ၾကည့္ရေအာင္။ သယံဇာတဆိုရာမွာ သဘာဝသယံဇာတ(raw material) နဲ႔ အစားအေသာက္(food) ဆိုၿပီး ႏွစ္ခုရွိပါတယ္။ အဘတို႔လက္ထက္ ရွိသမၽွ သစ္နဲ႔ ေက်ာက္ေရာင္းခဲ့လို႔ ေတာေတြျပဳန္းခဲ့သလို လက္ပံတန္းေတာင္တို႔ ေၾကးနီေတာင္တို႔ဟာလဲ ကုန္သေလာက္ပါ။ ဒီလို စည္းကမ္းမရွိ သစ္ခုတ္ေနတာေတြကို အမလက္ထက္မွာ ရပ္ခဲ့သလို ေက်ာက္လုပ္ကြက္အသစ္ေတြကိုလဲ မခ်ေပးေတာ့ပါ။ လာမည့္ဘ႑ာႏွစ္မွာ ေက်ာက္တူးလို႔ရတဲ့ ေျမဧကကိုလဲ ၅ ဧကသာ ကန္႔သတ္ပါေတာ့မယ္။ အဘက သယံဇာတကိုျဖဳန္းၿပီး အမက ေနာက္မ်ိဳးဆက္အတြက္ထားခဲ့သလို ယခုကမၻာေပၚမွာ ေအာ္ေနတဲ့ သဘာဝပတ္ဝန္းက်င္အတြက္ အမက သစ္ခုတ္တာရပ္ၿပီး လုပ္ျပခဲ့ပါတယ္။


၃။ နံပတ္သုံးက လူဦးေရပါ။ အဘလက္ထက္ဘဂၤါလီကို နိုင္ငံသားကတ္ထုတ္ေပးၿပီး လႊတ္ေတာ္ထဲအထိေတာင္ ေခၚလာခဲ့သလို မုန္းကိုးဗမာနဲ႔ တ႐ုတ္ေတြကို နိုင္ငံသားေပးခဲ့တာ အဘတို႔ပါ။ အမလက္ထက္မွာ ဒါမ်ိဳးမရွိပါ။ က်န္တာေတြ မေျပာေတာ့ပါ။


၄။ နံပတ္ေလးက Economic Development and Industrial capacity လို႔ေခၚတဲ့ စီးပြါးေရးဖြံ့ၿဖိဳးမွုနဲ႔ စက္မွုစြမ္းအင္က႑ပါ။ ဒီေနရာမွာလဲ GDP ဟာ အမလက္ထက္မွာ အဘလက္ထက္ကထက္ ဖြံ့ၿဖိဳးလာခဲ့ပါတယ္။ တိုင္းျပည္မွာ ေႂကြးနည္းလာခဲ့ပါတယ္။ တိုင္းျပည္ထဲမွာ တိုယိုတာလို ကုမၸဏီေတြ ဝင္လာလို႔ စက္မွုနည္းပညာလဲ အမလက္ထက္မွာ အဘလက္ထက္က ဆူဇူကီးထက္ ေကာင္းလာပါမယ္။


၅။ နံပတ္ငါးက Technology လို႔ေခၚတဲ့ နည္းပညာပါ။ DASSK လက္ထက္မွာ အဘအိမ္မက္မက္ၿပီး မလႊတ္တင္နိုင္ခဲ့တဲ့ ၿဂိဳလ္တုေတြကို လႊတ္တင္နိုင္ခဲ့ပါတယ္။ ေနာက္ယခုရန္ကုန္က ဘစ္စကားေတြမွာ ပိုက္ဆံေပးတဲ့နည္းစနစ္ကို သုံးနိုင္ေတာ့္မွာျဖစ္သလို မႏၲေလးဟာလဲ အဘတစ္သက္ မျဖစ္ခဲ့တဲ့ smart city ႀကီး ျဖစ္လာခဲ့ပါတယ္။


၆။ နံပတ္ေျခာက္က Military preparedness လို႔ေခၚတဲ့ စစ္ေရးအရ အသင့္ျဖစ္ေနမွုပါ။ ယခုအမလက္ထက္မွာ ေရငုပ္သေဘၤာေတြ ဝယ္နိုင္ေတာ့မွာျဖစ္သလို ႐ုရွားကေနလဲ Sukhoi SU 30 M ေျခာက္စင္းကိုလဲ အမလက္ထက္မွာမ လူရာဝင္ၿပီး ဝယ္နိုင္ခဲ့ပါတယ္။ သူပုန္ကို တိုက္နိုင္ မနိုင္ကေတာ့ ေျခဥအရ တပ္ခ်ဳပ္ေအာက္မွာမိုလို႔ မေဝဖန္လိုပါ။ အမနဲ႔မဆိုင္ပါ။


၇။ နံပတ္ခုႏွစ္က Ideology လို႔ေခၚတဲ့ ဘာစနစ္နဲ႔သြားမွာလဲပါ။ ဒါကလဲ အဘလက္ထက္ကလို အာဏာရွင္စနစ္မဟုတ္ဘဲ ဖယ္ဒရယ္ဒီမိုစနစ္ကို သြားမွာမိုလို႔ အမက အမ်ားႀကီး သာပါတယ္။


၈။ နံပတ္ရွစ္ျဖစ္တဲ့ leadership လို႔ေခၚတဲ့ ေခါင္းေဆာင္မွုမွာေတာ့ DASSK က ဘေရႊ၊ ဘစိန္ေခါင္းေတြ အားလုံးေပါင္းထက္သာၿပီး ျပည္သူေရြးထားတဲ့ေခါင္းေဆာင္ျဖစ္လို႔ အာဏာသိမ္းေခါင္းေဆာင္ေတြထက္ ေခါင္းေဆာင္မွုေကာင္းတာကေတာ့ ေျပာစရာမလိုပါ။


၉။ နံပတ္ကိုးျဖစ္တဲ့ Organisations and quality of government လို႔ေခၚတဲ့ အစိုးရအုပ္ခ်ဳပ္မွုမွာလဲ လက္ရွိအစိုးရမွာ သုံးမရတဲ့ ရထားတြဲေတြကို ဝယ္လာသူမရွိသလို ရထားမဆိုက္တဲ့ ဘူတာေတြနဲ႔ ပိုက္ဆံျဖဳန္းတဲ့ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေတြမရွိလို႔ အရည္အေသြးဟာ ယခင္ကထက္ ပိုေကာင္းလာပါတယ္။ NGO နဲ႔ မီဒီယာကလဲ အစိုးရကို တပ္ထက္ေတာင္ ေဝဖန္ရဲေအာင္ အားေကာင္းလာပါတယ္။


၁၀။ နံပတ္ ၁၀ ျဖစ္တဲ့ National character နဲ႔ National morale လို႔ေခၚတဲ့ အမ်ိဳးသားေရးလကၡဏာေတြဟာလဲ NLD အစိုးရလက္ထက္မွာ ပိုအားေကာင္းလာတာေတြ႕ရပါတယ္။ ဥပမာအေနနဲ႔ မူဆယ္မွာ က်ဴးေက်ာ္လာတဲ့ တ႐ုတ္ကို ျပည္သူကျပန္ခ်ခဲ့သလို လြန္ခဲ့တဲ့ရက္ပိုင္းက တ႐ုတ္စာေတြကို ျမဝတီမွာ ျဖဳတ္ခ်ခဲ့တာလဲ ျပည္သူပါ။ ဒါက ျပည္သူေတြဟာ မလိုလားအပ္ဘဲ အမ်ိဳးသားေရးေအာ္မေနဘဲ လုပ္စရာရွိတာကို ျပည္သူ႔အစိုးရလက္ထက္မွာ အမ်ိဳးသားေရးအျမင္နဲ႔ လုပ္သြားတာကို ျပတာပါ။ ဒါကလဲ အမလက္ထက္မွာ အဘလက္ထက္ကထက္ သာတာကိုျပတာပါ။


၁၁။ နံပတ္ ဆယ့္တစ္ျဖစ္တဲ့ Diplomacy လို႔ေခၚတဲ့ သံတမန္ေရးမွာလဲ အမလက္ထက္မွာ အဘလို တ႐ုတ္ေၾကာက္စရာမလိုဘဲ မအလ လုပ္ထားတဲ့ အခက္အခဲေတြၾကားက တိုင္းျပည္ကို မပိတ္ဆို႔ေအာင္ လုပ္ထားနိုင္တာဟာ အမရဲ့ အရည္အခ်င္းပါ။


ဒါေၾကာင့္ အက်ဥ္းခ်ဳပ္ရရင္ အမလက္ထက္မွာ အဘလက္ထက္ထက္ကလို ကာလုံေခၚစရာမလိုဘဲ ဗိုလ္ခ်ဳပ္ထြန္းထြန္းညီေျပာတဲ့ စံႏွုန္းမ်ားနဲ႔ ယွဥ္ၾကည့္ရင္လဲ အမက အဘအားလုံးေပါင္းထက္ သာေနတယ္လို႔ ေျပာပါရေစ။ ဒါေၾကာင့္ နိုင္ငံ့အင္အားဟာ အမလက္ထက္မွာ အဘလက္ထက္ထက္ ႀကီးလာတယ္လို႔ ေျပာပါရေစ။ ေက်ာင္းကသင္ထားတာေလးေတြနဲ႔ သတင္းေထာက္ေတြကို ဆရာသြားလုပ္လို႔ အခ်င္းခ်င္း ေရးျပရတာ စိတ္မေကာင္းပါ။ က်န္တာက စာဖတ္သူမ်ားသာ ဆုံးျဖတ္ပါ။

6,447 views0 comments
bottom of page