top of page
Search

ဗိုလ်ချုပ်စူလီမာနီအပေါ်အမြင်နှင့် လက်နက်ကိုင်သောင်းကျန်သူ

  • Writer: Myat Tun Oo
    Myat Tun Oo
  • Jan 11, 2020
  • 1 min read

ဗိုလ်ချုပ်စူလီမာနီအပေါ်အမြင်နှင့် လက်နက်ကိုင်သောင်းကျန်သူ

အီရန်ရဲ့ အထူးတပ်ဗိုလ်ချုပ်စူလီမာနီကို အမေရိကန်က သတ်တဲ့အပေါ်မှာ သူ့နိုင်ငံထဲက လူအချို့နဲ့အနောက်နိုင်ငံအများစုက အမြင်မတူတာတွေ့ရပါတယ်။

သူ့နိုင်ငံထဲမှာက ဒီဗိုလ်ချုပ်ဟာ အမေရိကန် ကျူးကျော်သူကို ခံချသူပါ။ အမေရိကန်တွေ အင်္ဂလိပ်တွေကို အီရတ်မှာသတ်တယ်၊ ဆီးရီးယားမှာသတ်တယ်၊ အာဖဂန်မှာသတ်တယ်။ သူသတ်တာက စစ်ပွဲဖြစ်ပြီး သတ်တာမျိုးမဟုတ်ဘူး။ နောက်ဘင်လာဒင်လို ဗလိုင်းကြီး ဗုံးခွဲတာမျိုးလဲမဟုတ်ဘူး။ ဒေသခံပြည်သူကိုမြှောက်ပေး။ အမေရိကန်၊ အင်္ဂလိပ်၊ အစ္စရေးတပ်ကို ခြုံခိုတိုက်၊ ယဉ်တန်းကို ဗုံးခွဲ၊ သူ့နယ်ထဲလာတဲ့ အမေရိကန်လိုလားတဲ့ အစိုးရထောက်ခံသူကို ဖမ်း၊ သတင်းပေးကိုဖမ်း သတ်၊ တော်လှန်ရေးလုပ်တယ်ဘာညာပေါ့။ ဒါကြောင့် သူ့ကို အမေရိကန်နဲ့ အစ္စရေးကသတ်ဖို့စဉ်းစားခဲ့ပေမယ့် ယခင်ကသူ့သတ်ရင် ဖြစ်မယ့်ပြဿနာကြောင့် လက်ရှောင်ခဲ့ပါတယ်။ သူက ဘိန်းနဲ့ အခြားလုပ်ငန်းတွေ၊ သူ့အစိုးရထံက ပိုက်ဆံတွေနဲ့ သူ့အထူးတပ်ကို ထောက်ပံ့ခဲ့တာပါ။ ယခုထရမ့်ကတော့ ပုံမှန်စည်းကမ်းတွေကို ဂရုမစိုက်ဘဲ ပစ်သတ်ခဲ့တာပါ။ သူဟာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေအတွက်တော့အကြမ်းဖက်သမားပါ။

ဒါကို စူလီမာနီနဲ့ အီရန်ဘက်က စဉ်းစားကြည့်ရအောင်။ အီရန်ပြည်သူအချို့ကတော့ သူဟာသူရဲကောင်းပါ။ သူ့ပြည်သူတိုင်းကတော့ မကြိုက်ပါ။ အချို့ကတော့ သူက အမေရိကန်ကျူးကျော်ရေးသမားကို တိုက်တယ်ပေါ့။ သူ့တိုင်းပြည် လွတ်လပ်ရေးအတွက် တည်မြဲရေးအတွက်လုပ်တယ်ပေါ့။ အီရန်မှာက ဂိုဏ်းချုပ်ဘုန်းကြီးက ခေါင်းဆောင်ဖြစ်နေလို့ အမေရိကန်က ဘာသာရေးနဲ့ နိုင်ငံရေးရောတာ မကြိုက်တာလဲ ပါပါတယ်။ သမ္မတက ဘုန်းကြီးအောက်မှာဖြစ်နေတာပါ။ သူကဘုန်းကြီးကို တိုက်ရိုက်အစီရင်ခံရပါတယ်။

ဒီနေရာမှာ စဉ်းစားရမှာက အီရန်ခေါင်းဆောင်အနေနဲ့ အမေရိကန်ကို တိုက်ခိုက်ရေးလမ်းစဉ်ကျင့်သုံးလာတာဟာ အီရန်တော်လှန်ရေးအစက ၁၉၇၈ ထဲကပါ။ ခံရရင်တော့ သူ့ဒေသခံ ပြည်သူတွေပါ။ အမေရိကန်တပ်လဲ သေပေမယ့် အမေရိကန်တိုင်းပြည်က ဒီလောက်မထိပါ။

လက်ရှိတိုင်းပြည်ထဲမှာ မြှောက်ပေးတိုင်း လက်နက်ကိုင်ချကြရင်တော့ မိမိဒေသခံအချို့ကလဲ ကြိုက်ကြမှာပါ။ သူတို့ကလဲ ရေတိုမှာလဲ လက်ခုပ်တီးကြမှာပါ။ ရေရှည်မှာက မိမိဒေသအကျိုးမရှိနိုင်ပါ။

ဒါဆိုမင်းသာတိုင်းရင်းသာ:ဆို ဘာလုပ်မလဲ? ငါတို့က မတိုက်လို့ ငုံ့ခံနေရမလား? အားလုံးကိုယ်ပိုင်ရပိုင်ခွင့်အတွက် ၁၉၄၈ ထဲက လက်နက်စွဲကိုင် တိုက်ခဲ့တာကို လေးစားပါတယ်။ ဗကပနဲ့ KNU ဟာ အားအကြီးဆုံးပါ။ ဒါပေမယ့် လိုသလို ဖြစ်မလာခဲ့ပါ။ ယခု ၂၀၁၆ ကစပြီး NLD ဦးဆောင်တဲ့ ၇၅% ဒီမိုအစိုးရ တက်လာပါတယ်။ သူ့ကို အခက်အခဲမဖြစ်စေဘဲ သူချမှတ်ထားတာကို လိုက်လျောပြီးငြိမ်းချမ်းရေးဆွေးနွေးကြည့်ပါ။ အချို့တပ်က တောင်းဆိုတာတွေဟာ တရားမျှတမှုမရှိတာ လက်ခံပါတယ်။ ဒါပေမယ့် ဆုံမှတ်တစ်ခုအနေနဲ့ DASSK ကို ဒိုင်ထားပြီး လုပ်ကြည့်ပါ။ ဒါဆိုရင် ငြိမ်းချမ်းရေးရဖို့ နီးစပ်ပါမယ်။

ဒါမှမဟုတ် ကိုယ်ကျိုးစီးပွါးသာ အဓိကဆိုရင်တော့ နှစ်ဖက်လက်နက်ကိုင်တပ်တွေဟာ ဗိုလ်ချုပ်စူလီမာနီလို အဆုံးသတ်သွားပါမယ်လို့ ပြောပါရစေ။ ဒီနေရာမှာ စူလီမာနီက အမေရိကန်သတ်တာပါ။မြန်မာပြည်က တရုတ်နဲ့နီးပါတယ်။

Credit: The Kachin Net

 
 
 

Recent Posts

See All
ယူကရိန်းမှာ ပြောသော ဘာလို့ ငါတို့ PRF ကို ထောက်ပံ့ရမလဲ

မေလ ၂၅၊ ၂၀၂၅ ရက်တွင် ရုရှားဟာ ယူကရိန်းကို ဒရုန်းပေါင်း ၃၅၅ စီးနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းမှာ လူ ၃၀ သေဆုံးပြီး၊ ၁၇၀ နီးပါး...

 
 
 

Commentaires


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page