top of page
Search

ဗိုလ်ကြီးကားမှပြောသော အာဏာရှင်တပ်များ၏ တူညီမှု

  • Writer: Myat Tun Oo
    Myat Tun Oo
  • Feb 29, 2020
  • 1 min read

စာရေးသူတို့ တိုင်းပြည်ထဲမှာ အားလုံးကြိုက်နေတာကတော့ “Crash Landing on You” လို့ခေါ်တဲ့ လူအများက ဗိုလ်ကြီးလို့ပြောတဲ့ဇတ်ကားလေးဘဲ ဖြစ်ပါတယ်။

အဆိုပါကားထဲကနေ မြောက်ကိုရီးယားစစ်တပ်နဲ့ အာဏာရှင်စနစ်ကို ပုံဖော်ရိုက်ထားတာလေး ကြည့်လိုက်ရပါတယ်။ သူက စာရေးသူတို့တပ်ကို အခြေခံမရိုက်ထားတာတော့ သေချာပါတယ်။

ဇတ်ကားမှာ ဘာသွားတူလဲဆိုတော့ စစ်သားမိန်းမတွေဟာ တပ်ထဲကလူကြီးမိန်းမထံသွားအလုပ်လုပ်ရတာ တနည်းအားဖြင့် ကျွန်ခံရတာ သွားတူနေတာ တွေ့ရပါတယ်။ နောက်ဇတ်ကားထဲက ဗိုလ်ကြီးရဲ့အဖေက မြောက်ကိုရီးယားမှာ အကောင်မိုလို့ ဗိုလ်ကြီးက အိမ်ကောင်းကောင်းမှာ နေနိုင်တာ ကားကောင်းကောင်းစီးနိုင်တာ နိုင်ငံခြားမှာ ပညာတော်သင်သွားနိုင်တာတွေဟာလဲ စာရေးသူတို့ တပ်ထဲကဒုဗိုလ်ချုပ်ကြီးတွေရဲ့သားအချို့ ပြိုင်ကားမျိုးစုံ မောင်းနိုင်တာ ကုမ္ပဏီမျိုးစုံထောင်နိုင်တာကို သတိရစေပါတယ်။ နေဝင်းသားတွေ မြေးတွေ သန်းရွှေသားတွေ မြေးတွေ ခင်ညွန့်သားတွေ ချမ်းသာသွားတာကိုလဲ သတိရစေပါတယ်။

နောက် သူ့အဖေမျက်နှာနဲ့ သားကိုထောင်ထဲကလွှတ်ပေးလိုက်တာ သားနဲ့ပတ်သက်သူကို ထောင်ထဲကလွှတ်ပေးလိုက်တာ အစ်ကိုကြီး ညီလေးဆိုပြီး မဖမ်းတာတွေက စာရေးသူတို့နဲ့ လာတူနေပါတယ်။

ထို့အတူပါဘဲ ဗိုလ်ကြီးအဖေနဲ့ သူ့ထောက်လှမ်းရေးတပ်က ဗိုလ်ချုပ်ကြီးတို့ တစ်ယောက်ကို တစ်ယောက် ဖြုတ်ချဖို့ ကြံစည်ကြတာဟာလဲ ယခင်က ခင်ညွန့်နဲ့ တင်ဦးတို့ ပြဿနာကို အမှတ်ရစေပါတယ်။

နောက်မြောက်ကိုရီးယားမှာ မီးခဏခဏပျက်တာကလဲ စာရေးသူတို့တိုင်းပြည်မှာ ဖြစ်သလိုပါဘဲ။ ဒါပေမယ့် စာရေးသူတို့ တိုင်းပြည်ကတော့ မြောက်ကိုရီးယားထက် မီးမှာသာသွားသလို အရပ်ဘက်အုပ်ချုပ်ရေးမှာလဲ သူတို့လို ဧည့်စာရင်းမရှိတော့တာဟာ အရပ်သားအစိုးရကြောင့် အရပ်ဘက်မှာပြောင်းလဲလာတာကို ပြနေပါတယ်။

ဒါပေမယ့် တပ်နဲ့ပတ်သက်တာကတော့ စာရေးသူတို့တပ်နဲ့ အင်မတန်တူနေပါသေးတယ်။ထောက်လှမ်းရေးက စစ်ရာမှာလဲ မြောက်ကိုရီးယားက ရိုက်စစ်တပ်ပြီး တောင်ကိုရီးယားက ဒီမိုသဘောအရ သေချာကျွေးမွေးပြီး စစ်ဆေးသွားပါတယ်။

စာရေးသူတို့တိုင်းပြည်မှာက အရက်ဘက်က ဒီမိုပြောင်းသွားလို့ ဧည့်စာရင်းတိုင်ရတာ အိမ်ကိုညအချိန် ဝင်အစစ်ခံရတာမျိုးတော့ မရှိတော့ပါ။ အရပ်သားဘက်မှာလဲ ပြစ်မှုကျူးလွန်ရင် ဝကခတောင် အစစ်ခံနေရပါတယ်။ ဒါပေမယ့် တပ်ထဲမှာ ပြစ်မှုကျူးလွန်သူကို အယူခံနဲ့ ပြန်လွှတ်တာ၊အစ်ကိုကြီး ညီလေးဆိုပြီး မြောက်ကိုရီးယားမှာလို ပြန်လွှတ်တာ အရန်အင်အားထဲ ထည့်ထားတာနောက်မိမိနဲ့ သဘောထားမတူသူကို အိမ်ပြင်မထွက်ရတာမျိုးတွေကတော့ လုပ်ထားနေတုန်းပါ။

သိလိုက်ရတာကတော့ အာဏာရှင်စိတ်ရှိသူတွေဟာ မြောက်ကိုရီးယားတပ်မှာဘဲဖြစ်ဖြစ် စာရေးသူတို့တပ်မှာဘဲဖြစ်ဖြစ် အနေဝေးပေမယ့် လူမျိုး ဘာသာမတူပေမယ့် စိတ်ဓာတ်နဲ့ စနစ်လာတူနေတာပါ။

တစ်ခုကွာတာကတော့ မြောက်ကိုရီးယားစစ်တပ်က အရပ်သားပါတီအောက်မှာ ရှိတာပါ။

ဇတ်ကားကတော့ ကောင်းပါတယ်။ ဒါပေမယ့် တွေးစရာလေးတွေပေးလို့ ရေးလိုက်တာပါ။

 
 
 

Recent Posts

See All
ညံ့ဖျင်းသူ

မအလအရည်အချင်းက နေဝင်းမှစလို့ သန်းရွှေ၊ ခင်ညွန့်နဲ့ ရှိသမျှ စစ်အစိုးရများစွာအုပ်ချုပ်ချိန် အသုံးမကျမှုများစွာကို ပေါင်းပြီး...

 
 
 

Comentarios


Join my mailing list

Thanks for submitting!

© 2023 by The Book Lover. Proudly created with Wix.com

bottom of page